"""မောင်"""
"""ခြူး...ပျော်လားဟင်"""
မောင့် မျက်နှာကိုရွန်းရွန်းစားစားကြည့်ရင်း ကျွန်မ ပြုံးမိသည်...
"""အို...မောင်ကလည်း မပျော်ပဲနေမလား ကိုယ့်ချစ်တဲ့သူနဲ့ လက်ထပ် ရတာကိုး..."""
"""ဟားဟား.. .မောင်က ကြားချင်လို့ပါဗျ..."""
မောင်နှင့် ကျွန်မက တက္ကသိုလ် မှစတွေ့ပြီး ချစ်သူတွေ ဖြစ်ခဲ့ကြသည်။
ကျောင်းပြီးတော့ မိဘများကို ဖွင့်ပြောပြီး လက်ထပ်ခဲ့ကြသည်။ မောင်ကို ကျွန်မက သိပ့်ချစ်သလို...မောင်ကလည်း ကျွန်မကို ချစ်လွန်းလှသည်။ လက်ထပ်ပြီးနောက် မောင်က နိုင်ငံခြား ကုမ္ပဏီ တခုတွင် အလုပ်ဝင်ခဲ့သည်။ လင်မယား နှစ်ယောက် လွတ်လွတ်လပ်လပ် နေလို၍ ဆိတ်ငြိမ်ရပ်ကွက်တခုတွင် အိမ်လေးငှါးနေဖြစ်သည်။
လက်ထပ်ပြီး ရက်များသည် အရမ်းကို သာယာလွန်းလှသည်။
တခါတလေ ကျွန်မ တွေးမိသည် နိဗ္ဗာန် ဆိုတာ ကျွန်မတို့ ကမ္ဘာကြီး ထဲမှာ ပင်ရှိနေတာလား ...
ဒီလိုနှင့် အိမ်ထောင်သက် သုံးနှစ်ကျော်လာခဲ့သည်။ မောင်လည်း ကုမ္ပဏီ တွင် ရာထူးတိုး ပြီး မန်နေဂျာ တစ်ယောက်ဖြစ်လာသည်။ လင်ကိုယ်မယားနှစ်ယောက်မို့ မောင့်လစာက ကျွန်မအတွက် လုံလောက်ရုံတင်မက ပိုပိုလျှံပင် စုမိဆောင်းမိရှိပါသည်။
မောင်အလုပ်သွားနေသော အချိန်တွေမှာ ကျွန်မ က အိမ်တွင် ပျင်းရိ စွာ ရှိနေတတ်သည်။
တခါတလေ ကျောင်းနေဘက် သူငယ်ချင်း မိမိသွယ်က အိမ်သို့လာလည်တတ်သည်မှ လွဲ၍ ကျန်သည့် အချိန်များတွင် ကျွန်မ တယောက်ထဲ မောင်အလာကို စောင့်မျှော်နေတတ်သည်။
ဒီနေ့ အိမ်သို့ မိမိသွယ် အလည်ရောက်လာသည်...
"""မြခြူး...မြခြူးရေ..."""
"""ဟယ်....မိမိ လာ ငါပျင်းနေတာ...နင်လာတာနဲ့အတော်ပဲ...လာထိုင်..."""
မိမိက ဆက်တီတွင် ၀င်ထိုင်ရင်း...
"""ဟဲ့...မြခြူး...သူရရော...မရှိဖူးလား..."""
ကျွန်မ ၏မောင် နာမည်က သူရလင်း ဖြစ်သည်..သူငယ်ချင်းတွေကတော့ သူရဟုသာ ခေါ်ကြသည်။
"""ဟဲ့...နင်ကလည်း မသိတာကြနေတာပဲ...အလုပ်သွားတယ်လေ...နားရက်မှမဟုတ်တာ..."""
"""ငါသိပါတယ်...သေချာအောင်မေးတာ..."""
မိမိစကားကြောင့် ကျွန်မ နားမလည်ဖြစ်သွားကာ...
"""နင်စကားက ဘာလည်းဟ...ငါ့ကိုပြောစရာရှိလို့လား..."""
"""အေး...ဟုတ်တယ်..မြခြူး...နင်သေချာနားထောင်...သူရကို မိန်းခလေးတယောက်နဲ့ အပြင်မှာ ခဏခဏတွေ့နေရတယ်...အဲ့ဒါ.. .."""
ကျွန်မ ရယ်လိုက်ပြီး မိမိစကားကို ဖြတ်ပြောလိုက်သည်...
"""အမလေး...ဘာများလည်းလို့...အဲ့ဒါ...သူ့လက်ထောက်လေ...ငါသိတာပဲ....ခ်ခ်..."""
"""မဟုတ်သေးဖူး မြခြူး...နင်အိမ်ထဲမှာပဲ နေပြီးတော့ အပြင်လောကမှာ ဘာတွေဖြစ်နေလည်းဆိုတာနင်မသိဖူးနော်...အခု သူရက အဲ့ဒီ မိန်းခလေးကို တိုက်ခန်း တစ်ခန်းငှါးပေးထားတယ်တဲ့...."""
မိမိ စကားကြောင့် မြခြူး ပါးစပ်အဟောင်းသားနှင့်
""".......""""
"""ငါဆက်ပြောပြမယ်...မြခြူး...အဲ့ဒီ တိုက်ခန်းမျက်နှာချင်းဆိုင်တိုက်မှာ ငါ့အဒေါ်ဝမ်းကွဲနေတယ်လေ...ငါလည်း အဒေါ်ဆီသွားရင်း တွေ့တာ သူရက ကောင်မလေးကို လက်ဆွဲ လို့...ငါမသေချာသေးလို့ နင့်ကို မပြောသေးတာ..."""
ကျွန်မ ခေါင်းခါရမ်းလိုက်သည်
"""မဟုတ်ဘူး.. .မဟုတ်ဘူး နော်...မောင်က ...မောင် ငါ့ကို အရမ်းချစ်တာ...."""
"""မြခြူး ရယ်...ငါ့ အဒေါ်ကစုံစမ်းပေးထားလို့သိရတာ...နင့်မျက်လုံးနဲ့ ကိုယ်တိုင်မြင်ချင်ရင်...မနက်ဖန်...ငါ့ဆီလာခဲ့ ငါလိုက်ပို့ပေးမယ်...နင်စိတ်အေးအေးထားနော်...."""
ကျွန်မ ဘာစကားမှပြန်မပြောနိုင်တော့ပါ...
"""ကဲ...မြခြူး...မြခြူး.. ."""
"""ဟင်..."""
"""ငါပြန်မယ်...သူငယ်ချင်း...နင်ဘာမှ စိတ်မကောင်းမဖြစ်နဲ့...ငါတို့ဖြေရှင်းကြတာပေါ့ဟာ..."""
မိမိပြန်သွားတော့ မြခြူး ဧည့်ခန်းထဲတွင် လျှောက်ရင်း
မနက်ဖြန် အတွက်စဉ်းစားနေမိသည်။
❦ ❦ ❦ ❦ ❦ ❦ ❦ ❦
"""အမလေး...ဘုရား...မောင်မှ မောင်အစစ်ပါ..."""
မိန်းမတယောက်၏ လက်ကို တွဲရင်း တိုက်ခန်းပေါ်တတ်သွားသည်။
ကျွန်မစိတ်တွေ ဆောက်တည်ရာမဲ့ ဖြစ်ကာ မိမိတို့ အဒေါ်အိမ်မှာပင် ရှိုက်ကြီးတငင် ငိုခဲ့မိသည်။
ထို့နောက် ကျွန်မ အိမ်သို့ ပြန်လာခဲ့သည်။
ဒီကိစ္စ ကို ကျွန်မ ဘယ်လို ဖြေသိပ့်ရမလည်း
မောင်ရယ်....ရက်စက်လိုက်တာ....
"""ခြူးရေ...ခြူး..."""
ဟော...မောင်ပြန်လာပြီ...ကျွန်မ မောင့်ကို ဘာပြောရမလည်း...မောင့်မျက်နှာကို ဘယ်လို ပြန်ကြည့်မရလည်း...မသိသလိုနေရမလား...ဒါမှမဟုတ် မေးလိုက်ရင်ကောင်းမလား....
"""ဟိတ်...ဘာငေးနေတာလည်း...ခြူး..."""
"""မောင်..."""
"""ပြောလေ...."""
"""ကျွန်မ...မောင့်အကြောင်းတွေအားလုံးသိပြီးပြီ...
မောင် ဘယ်သူနဲ့ ဘယ်လို ဆိုတာ...အို...ဟော့ဒီ မျက်လုံးနဲ့တောင် မြင်ပြီးပြီ....မောင်ဘာငြင်းမလည်း..."""
မောင်က သက်ပြင်းချရင်း...
"""ဟုတ်တယ်ခြူး...ငါ လည်း ဆက်မညာချင်တော့ဖူး...ဖွင့်ပြောမလို့ပါပဲ...အခုတော့ မင်းကသိပြီးပြီဆိုတော့...ကောင်းတာပေါ့.. .သူက ကေသီတဲ့ မင်းသိပါတယ်...ငါ့လက်ထောက် မိန်းခလေးပဲ..."""
မောင့်ရဲ့ အေးစက်တဲ့ မျက်နှာကို ကျွန်မ မော့ကြည့်နေမိသည်။
အရင်ကလည်း အခုလို အကြိမ်များစွာကြည့်ဖူးသည့်
မောင့်မျက်လုံးတွေက အခုတော့ တကယ်ကို အသက်မဲ့နေသလိုပင်....
"""မြခြူး.. .ငါ့ကို ခွင့်လွှတ်ပါလို့ ငါမတောင်းဆိုဖူး...
ငါ ကေသီကို လက်ထပ်တော့မယ်...မင်းငါ့ကို မုန်းချင်မုန်းလိုက်ပါ...."""
"""မောင်ရယ်...ကျွန်မ က ဘာအပြစ်များရှိလို့လည်း...ဘာကြောင့် ခုလိုလုပ်ရက်တာလည်း မောင် ပြောစမ်းပါ..."""
"""ကေသီကို...ငါချစ်တယ်...မခွဲနိုင်ဖူး...ဒါကြောင်ပဲ...မင်းမှာဘာအပြစ်မှ မရှိပါဖူး...ကဲ...ငါသွားတော့မယ်...မင်းလည်း အကုန်လုံး သိသွားပြီပဲ...မနက်ဖန် ကွာရှင်းစာချုပ်ငါ ပို့လိုက်မယ်...မင်းအတွက် ငါ့ပိုင်ဆိုင်မှု့ အကုန်ထားခဲ့မှာပါ..."""
မောင့် စကားလုံးတွေက နားထဲမှာ သံရည်ပူလို စီးဆင်းနေသည်။ တချိန်က မောင်ရဲ့ ချစ်ပါတယ်ဆိုတဲ့ စကားတွေ...ကြင်နာမှု တွေနဲ့ ထွေးပိုက်ခဲ့ပုံတွေ အားလုံ...အားလုံး ကျွန်မ ပြန်မရနိုင်တော့ဖူး...ကျွန်မ ယုံကြည်ခဲ့သမျှ...တဘ၀လုံးအတွက် ပေးဆပ်ခဲ့သမျှတွေရဲ့ ရလဒ် က ဒါပဲလား.. .
ကျွန်မ အသက်ထက်မက ချစ်ခဲ့သမျှ...
မောင့်ဆီက ပြန်ရတာ ဒါပဲလား.. ..
မောင်ကတော့ အိပ်ခန်း ထဲတွင် ပစ္စည်း များကို သိမ်းဆည်း နေသည်။
"""မောင်...တကယ်ပဲ သွားတော့မှာလား..."""
မောင်က ကျွန်မ ကိုမကြည့်ပဲ ဖြေသည်...
"""ဟုတ်တယ်...."""
"""မောင်...ကျွန်မကို မချစ်တော့ဖူးလားဟင်..."""
"""တော်ပါတော့ မြခြူး.. .ငါဘာမှမပြောချင်တော့ဖူး...မင်းနဲ့ငါ...ဒီမှာ တင်ပြီးပါပြီ.. ."""
ကျွန်မ မျက်လုံးထဲတွင် မျက်ရည် ရေကာတာကြီးကျိုးကျသလို ဒလဟော စီးဆင်းလာသော မျက်ရည်များ.. .ကို လက်ဖမိုးဖြင့်သုတ်၍မနိုင်တော့ပေ....
မောင်၏အလန့်တကြား အော်သံထွက်ပေါ်လာသည်။
"""မြခြူး.. .ခြူး...မလုပ်ပါနဲ့ ....မလုပ်နဲ့.. ..အားးးးးးး""""
"""ဟင်း...ဟင်း..မောင်ရယ်...မောင့်ကို ချစ်လို့ပါ...
ဟားဟား.. .မဟုတ်ဘူး.. .မောင့်ကို မုန်းတယ်...ဟားဟား.. ."""
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦
"""မြခြူး.. ..မြခြူး...တံခါးဖွင့်ပေးပါ....သူငယ်ချင်း.. .ငါ မိမိပါဟာ..."""
"""မမြခြူးငယ်...ကျွန်တော် တို့ ရဲတပ်ဖွဲ့ကပါ...တံခါးဖွင့်ပေးပါ ... """
အိမ်ရှေ့က အသံတွေကြားနေရသည်။
ဘာတွေလည်း ဘာသံတွေလည်း မိမိသွယ်အသံလည်း ကြားရသည်။
ကျွန်မ တံခါးဆီသို့ဖြည်းညင်းစွာ လျှောက်သွားသည်။
ထို့နောက် တံခါးဂျက်ကို ဆွဲဖွင့်လိုက်သည်။
"""မြခြူး.. .သူငယ်ချင်း.. ."""
ဦးစွာ မြင်လိုက်ရတာက သူငယ်ချင်း ဖြစ်သူ မိမိ...
မိမိနှင့်အတူ ယူနီဖောင်းဝတ် ရဲအရာရှိများ...
"""မမြခြူးငယ်.. ..ခင်ဗျား ခင်ပွန်း ကိုသူရလင်း ဘယ်သွားလည်း ခမျာ..."""
"""ဟင်း..ဟင်း...ရှိပါတယ်ရှင်...ရှိပါတယ်..."""
မိမိက စိုးရိမ်းတကြီး မျက်နှာနှင့်...
"""မြခြူး...သူရက အိမ်မှာရှိတယ်ပေါ့...တော်သေးတာပေါ့...ဒီမှာ တိုင်ချက်ဖွင့်ထားလို့ သူရပျောက်ဆုံးမှု့နဲ့...အခု သူရဘယ်မှာလည်း..."""
"""မိမိရယ်...ရှိပါတယ် ဆို...ကဲပါ ဒီက အရာရှိကြီးများရော...မောင့်ကို လာရှာတာမှတ်လား...မောင်ရှိပါတယ်ရှင်...ဟော...ဟိုမှာ...ဟိုထဲမှာ ထည့်ထားတယ်လေ....ဟားဟား.. ."""
ကျွန်မ ညွန်ပြရာ သို့ အားလုံးပြေးသွားကြသည်။
လူတရပ်ကျော် ရေခဲသေတ္တာကြီး ကို ရဲသားတယောက်က ဆွဲဖွင့်လိုက်သောအခါ မြင်လိုက်ရတာက.. ..
မောင်ပေါ့...ကိုသူရလင်း ဆိုတဲ့ ပျောက်ဆုံး နေတဲ့မောင့်ကိုပေါ့....
မိမိ၏ အလန့်တအားအော်သံ ထွက်လာသည်။
"""အမလေး...သူရ......မြခြူး မြခြူး.. .သူရ...ကို...သူငယ်ချင်း ရယ်..."""
"""ဟုတ်တယ်လေ.. ..မိမိ ရဲ့ မောင် အိမ်မှာရှိပါတယ်ဆို....မောင်ကငါ့ကို ထားသွားဖို့လုပ်တယ်လေ...မောင်မရှိရင် ငါအသက်မရှင်နိုင်ဖူး...မောင့်ကို ငါချစ်တယ်.. .ဟုတ်တယ်...မောင်ကို...ငါ ချစ်တယ်....ချစ်လို့ မုန်းတာ...အရမ်းချစ်လွန်းလို့...မုန်းတာ....ဟားဟား.. .
ဟားဟား.. ..ဟားဟား.. .."""
ကျွန်မ လောကကြီးကို ဟားတိုက် ရယ်မောပစ်လိုက်သည်။
မောင်က ကျွန်မ ကို အပြစ်မဲ့သက်သက်မုန်းခဲ့တယ်...
ကျွန်မက မောင်ကို ချစ်လို့ ချစ်လွန်းလို့မုန်းခဲ့တာပါ မောင်ရဲ့......။ ။
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦
ဲJipsy Lay (
www.jipsylay.blogspot.com)
ကျေးဇူးတင်ပါတယ်
#သျှား #
😃
😃