Monday, 29 May 2017

ဖြောင့်စက်


👦 ဖြောင့်စက် 👦
~~~~~~~~~~~~~~~~~~~~~~~~
မိန်းမဆိုတာ ကောက်စရာမရှိ ဆံပင်ပြေးကောက်တဲ့ အမျိုးဗျ
ဒါကလည်း ဆံပင်ဖြောင့်စက်လို ဖြစ်နေတဲ့ ကျော်တို့ယောကျာင်္းတွေ ရှိနေလို့လေ
ကျော်တို့သာ မရှိရင် ဒင်းတို့တွေဘယ်ကောက်ရဲ ပမလည်း
တစ်ခါတစ်လေ ဘာမှမဟုတ်တာနဲ့ လည်းကောက်တယ်ဗျာ
စိတ်ပြေချင်လည်း ခဏ
မပြေချင်လည်း ချော့ပေတော့
အခုလည်းကြည့်လေ နှုတ်ခမ်းကြီးက မျောက်ဖင်နီကြီးလိုစူထားတာ
ပြောရဲပေါင် ကြောက်လို့ ကြောက်လို့
" 'မ' ရယ်"
"စိတ်ဆိုးပြေတော့လေ"
အံ့မယ်ချော့ကာမှ နှုတ်ခမ်းက ရှေ့တစ်တောင်လောက် ထွက်လာသေး
နှုတ်ခမ်းနှစ်ခု ကလည်းပွစိပွစိနဲ့
"မောင် က ချိန်ထားတာ ( ၅ ) မိနစ်ပဲနောက်ကျတာလေ"
"အဲဒီ( ၅ ) မိနစ်ကို ရှင့်က ဘာလုပ်နေလဲ"
"ဘယ်ကောင်မနဲ့ Q နေတာလဲ ? "
"ဘယ်တွေသွားနေလို့လဲ ? "
"မဟုတ်လုပ်နေတာနေမှာပေါ့"ဟု 'မ' ရဲ့ ရက်ပါလို ရွတ်သံ
"ငင့်"
"ဌယ်"
"ဗျယ်"
"ငါးမိနစ်က အီးပေါက်လောက်တဲ့ အကွာအဝေးပဲ ရောက်တာပါ 'မ' ရယ်"
"ရဘူးကွာ မယုံဘူး"
"တစ်ခုခု မဟုတ်လုပ်နေတာနေမှာ"
မိန်းမတွေရဲ့ ရစ်ချက်က ဂျပန်မူလီတောင် အဖေခေါ် ရမယ့်ကိန်း
"မလုပ်ပါဘူး 'မ' ရယ်"
ရဘူးကွာ ဆိုပြီး နှုတ်ခမ်းကြီး နှစ်ခု
"ဒါဆို ဘယ်လိုချော့ရမှာလဲ 'မ' ရယ်"
"ရအောင်ချော့"
"ငင့်"
"ငယ်ငယ်ကလို သားချော့တေးလေးနဲ့လား"
"မောင် နော်" ထပ်ဆူသွားသည့် နှုတ်ခမ်းက ပန်ထွေဖျော်ရန် အသင့်ဖြစ်နေသော ခရမ်းချဉ်သီး မီးဖုတ်နှယ်
ပြီးတော့ အထူးအဆန်းမေးခွန်းတွေ ထုတ်လိုက်သေး
"KTV ဝင်နေတာလား"
"ငင့် ၅ မိနစ်နဲ့"
"ဟုတ်တယ်လေ သီချင်းပုဒ်ဝက်ဆို နိုင်တာပဲ"
"ဟင် သူကျမှပဲ ကြားဖူးတယ် သီးချင်းတောင်ပုဒ်ဝက်တဲ့"
"ဒါဆို စင်တင်ဝင်နေတာ မဟုတ်လား"
"ဟယ် 'မ' ရယ် ဘီယာတစ်ခါစုပ်တောင် စက္ကန့်သုံးဆယ်ကုန်တာ ဒီ ( ၅ ) မိနစ်နဲ့က"
"ယုံဘူးကွာ စုပ်ပြဆိုပြီး" ကျော့်ဆီထိုးပေးသော ရေသန့်ဘူးကြီး
ပြီးတော့ ရေသန့်ဘူးက ကုန်ခါနီး
"ငင့်"
" 'မ' က Stop watch ကြည့်နေမှာ"
ကျော့်မှာ စက္ကန့်သုံးဆယ်နဲ့ ရေတစ်ခါစုပ်ပြရမှာ မမှီယင်သူ့ရဲ့ စွပ်စွဲချက်တွေ ထပ်တိုးလာအုံးမှာလေ
"ရယ်ဒီး ဝမ်း တူး သရီး" အောင်ပွဲရစစ်သူကြီး အသံနဲ့
ကျော့်မှာ မေးကျောတွေတောင် ထောင်လို့
"ရပြီ မောင် စာမေးပွဲအောင်တယ်"
"ဖြောင်း ဖြောင်း" ကျော့်မှာ အခုထိ အကျောဆွဲနေလို့ မေးရိုးကို ကွကိုယ်တွယ်လိုက်ရသေး
"ဒါဆို ဘာကြောင့် နောက်ကျတာလည်း"
"သြော် သြော်"
မိန်းမများ သူတို့တွေ စွဲချက်တင်ပြီးမှ အဲလို့အကျိုးအကြောင်းမေးတတ်တာ
ကျော့် တို့ဖြောင့်စက်ဘဝကတော့ ပလပ်ပေါက်ပူအောင် ဖြောင့်ပေတော့ပဲ
"ဟိုလေ လမ်းမှာ သယ်ရင်းတစ်ယောက်နဲ့တွေ့တာ"
"ဟင် ဒါဆို အဲနေရာတွေ နှစ်ယောက်သွားခဲ့တာလား" ကြားဖြတ်စွပ်စွဲချက်
"ဆုံးအောင် နားထောင်ပါအုံး 'မ' ရယ်"
"အင်း ပြော" ဘုဆတ်ဆတ် အသံ
"သူက အခုရှိုးပွဲတစ်ပွဲ စီစဉ်နေတာ 'မ' ရဲ့"
"သြော်"
"အဲဒါ သူ့ရှိုးပွဲကို လာအားပေးဖို့ လက်မှတ် Free နှစ်စောင်ပေးပြီး စကားလေးဘာလေး နည်းနည်းပြောနေလို့"
"မောင်" အသံက ခြင်ထောင်သံချက်ချင်းပြောင်းသွားသည့် အဖြစ်
"ဘာတုန်း" ဖြောင့်စက်တို့ ဘဝက ဒီလိုအချိန်လေး မူရတာ
"မောင် ကလည်း စိတ်ဆိုးနဲ့"
"ရဘူး" နှုတ်ခမ်းကြီးထော်ပြီး
"သွားမယ်လေ မောင်"
"ရှိုးပွဲသွားတာ ဝါသနာပါဘူး" ခတ်ပြတ်ပြတ်ပဲ ဘယ်ရမလဲ
"မောင် ကလည်းကွာ"
"မ က ခွေးနှစ်ကောင်ကိုက်ယင်တောင် ထိုင်ကြည့်တတ်တာ သိသားနဲ့"
"မသိဘူး" ဒီလိုအချိန်တွေပဲ ဖြောင့်စက်တို့ဘဝက အချော့ခံရတာကိုး
"နှုတ်ခမ်းကြီး ထော်တာ ဝက်ဖင်ကြီးနဲ့ တူလို့ပါ"
ကြည့်အုံးလေ သူတို့ဆို ပြောချင်တာပြောပစ်တာ ကျော့်တို့များကျ
သူတို့ကောက်နေတဲ့အချိန် အဲလိုများပြောမိလို့ကတော့
ဟင်း ဟင်း တို့ ဟ ဟ တို့တောင် လုပ်နိုင်မည် မထင်
နောက်ထပ်စွဲချက်တွေ ဖြေရှင်းဖို့ပြင်ထားပေတော့
"သွားမယ်လေ မောင် နော် နော်"
"စဉ်းစားမယ်"
"အာဘွား"
"အင်း"
"အာဘွား"
"သွားမယ်လေ 'မ' "
နောက်ဆုံးတော့ ကျော်တို့ ဖြောင့်စက်ဘဝတွေဟာ ကြာကြာလည်း စိတ်မဆိုးတတ် ဆိုးယင်လည်း ချော့လိုက်ခဏ သြော် ဖြောင့်စက် ဖြောင့်စက် ။ ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
Jipsy Lay (www.jipsylay.blogspot.com)
credit pyethant

No comments:

Post a Comment