Monday, 29 May 2017

"""ချစ်​လွန်း၍ မုန်းခဲ့သည်​..."""


"""ချစ်​လွန်း၍ မုန်းခဲ့သည်​..."""
~~~~~~~~~~~~~~~~~~~~
{စ/ဆုံး}
"""​တောက်​..."""...
လူကဂနာမငြိမ်​ ...
မျက်​လုံးများက ကျီးကန်​​တောင်​​မှောက်​...
စိတ်​နဲ့ လူက မကပ်​​တော့....
"""​​မောင်​...လုပ်​ရက်​လိုက်​တာ​နော်​...မဖြစ်​နိုင်​ဖူး လုံးဝမဖြစ်​နိုင်​ဖူး...ဒါ​တွေကို ငါတကယ်​ကြားတာမဟုတ်​ဖူး...အို...မဟုတ်​ပဲ​ရော...မိမိက ငါ့ကို​ပြောမလား"""
ဧည့်​ခန်းထဲတွင်​ ​ခေါက်​တုန့်​​ခေါက်​ပြန်​​လျှောက်​​နေတာ တစ်​နာရီ​ကျော်​​နေပြီ ...
မြခြူးငယ်​ စိတ်​​တွေက အတိတ်​ကာလ ဆီသို့ တဖန်​စီး​မျောသွားပြန်​သည်​​...

"""​မောင်​"""
"""ခြူး...​ပျော်​လားဟင်​"""
မောင့်​ မျက်​နှာကိုရွန်းရွန်းစားစားကြည့်​ရင်း ကျွန်​မ ပြုံးမိသည်​...
"""အို...​မောင်​ကလည်း မ​ပျော်​ပဲ​နေမလား ကိုယ့်​ချစ်​တဲ့သူနဲ့ လက်​ထပ်​ ရတာကိုး..."""
"""ဟားဟား.. .​မောင်​က ကြားချင်​လို့ပါဗျ..."""
မောင်​နှင့်​ ကျွန်​မက တက္ကသိုလ်​ မှစ​တွေ့ပြီး ချစ်​သူ​တွေ ဖြစ်​ခဲ့ကြသည်​။
ကျောင်းပြီး​တော့ မိဘများကို ဖွင့်​​ပြောပြီး လက်​ထပ်​ခဲ့ကြသည်​။ ​မောင်​ကို ကျွန်​မက သိပ့်​ချစ်​သလို...​မောင်​ကလည်း ကျွန်​မကို ချစ်​လွန်းလှသည်​။ ​လက်​ထပ်​ပြီး​နောက်​ ​မောင်​က နိုင်​ငံခြား ကုမ္ပဏီ တခုတွင်​ အလုပ်​၀င်​ခဲ့သည်​။ လင်​မယား နှစ်​​ယောက်​ လွတ်​လွတ်​လပ်​လပ်​ ​နေလို၍ ဆိတ်​ငြိမ်​ရပ်​ကွက်​တခုတွင်​ အိမ်​​လေးငှါး​နေဖြစ်​သည်​။
လက်​ထပ်​ပြီး ရက်​များသည်​ အရမ်းကို သာယာလွန်းလှသည်​။
တခါတ​လေ ကျွန်​မ ​တွေးမိသည်​ နိဗ္ဗာန်​ ဆိုတာ ကျွန်​မတို့ ကမ္ဘာကြီး ထဲမှာ ပင်​ရှိ​နေတာလား ...
ဒီလိုနှင့်​ အိမ်​​ထောင်​သက်​ သုံးနှစ်​​ကျော်​လာခဲ့သည်​။ ​မောင်​လည်း ကုမ္ပဏီ တွင်​ ရာထူးတိုး ပြီး မန်​​နေဂျာ တစ်​​ယောက်​ဖြစ်​လာသည်​။ လင်​ကိုယ်​မယားနှစ်​​ယောက်​မို့ ​မောင့်​လစာက ကျွန်​မအတွက်​ လုံ​လောက်​ရုံတင်​မက ပိုပိုလျှံပင်​ စုမိ​ဆောင်းမိရှိပါသည်​။
မောင်​အလုပ်​သွား​နေ​သော အချိန်​​တွေမှာ ကျွန်​မ က အိမ်​တွင်​ ပျင်းရိ စွာ ရှိ​နေတတ်​သည်​။
တခါတ​လေ ​ကျောင်း​နေဘက်​ သူငယ်​ချင်း မိမိသွယ်​က အိမ်​သို့လာလည်​တတ်​သည်​မှ လွဲ၍ ကျန်​သည့်​ အချိန်​များတွင်​ ကျွန်​မ တ​ယောက်​ထဲ ​မောင်​အလာကို ​စောင့်​​မျှော်​​နေတတ်​သည်​။
ဒီနေ့ အိမ်​သို့ မိမိသွယ်​ ​အလည်​​ရောက်​လာသည်​...
"""မြခြူး...မြခြူး​ရေ..."""
"""ဟယ်​....မိမိ လာ ငါပျင်း​နေတာ...​နင်​လာတာနဲ့အ​တော်​ပဲ...လာထိုင်​..."""
မိမိက ဆက်​တီတွင်​ ၀င်​ထိုင်​ရင်း...
"""ဟဲ့...မြခြူး...သူရ​ရော...မရှိဖူးလား..."""
ကျွန်​မ ၏​မောင်​ နာမည်​က သူရလင်း ဖြစ်​သည်​..သူငယ်​ချင်း​တွေက​တော့ သူရဟုသာ ​ခေါ်ကြသည်​။
"""ဟဲ့...နင်​ကလည်း မသိတာကြ​နေတာပဲ...အလုပ်​သွားတယ်​​လေ...နားရက်​မှမဟုတ်​တာ..."""
"""ငါသိပါတယ်​...​သေချာ​အောင်​​မေးတာ..."""
မိမိစကား​ကြောင့်​ ကျွန်​မ နားမလည်​ဖြစ်​သွားကာ...
"""နင်​စကားက ဘာလည်းဟ...ငါ့ကို​ပြောစရာရှိလို့လား..."""
"""​အေး...ဟုတ်​တယ်​..မြခြူး...နင်​​သေချာနား​ထောင်​...သူရကို မိန်းခ​လေးတ​ယောက်​နဲ့ အပြင်​မှာ ခဏခဏ​တွေ့​နေရတယ်​...အဲ့ဒါ.. .."""
ကျွန်​မ ရယ်​လိုက်​ပြီး မိမိစကားကို ဖြတ်​​ပြောလိုက်​သည်​...
"""အမ​လေး...ဘာများလည်းလို့...အဲ့ဒါ...သူ့လက်​​ထောက်​​လေ...ငါသိတာပဲ....ခ်​ခ်​..."""
"""မဟုတ်​​သေးဖူး မြခြူး...နင်​အိမ်​ထဲမှာပဲ ​နေပြီး​တော့ အပြင်​​လောကမှာ ဘာ​တွေဖြစ်​​နေလည်းဆိုတာနင်​မသိဖူး​နော်​...အခု သူရက အဲ့ဒီ မိန်းခ​လေးကို တိုက်​ခန်း တစ်​ခန်းငှါး​ပေးထားတယ်​တဲ့...."""
မိမိ ​စကား​ကြောင့်​ မြခြူး ပါးစပ်​အ​ဟောင်းသားနှင့်
""".......""""
"""ငါဆက်​​ပြောပြမယ်​...မြခြူး...အဲ့ဒီ တိုက်​ခန်းမျက်​နှာချင်းဆိုင်​တိုက်​မှာ ငါ့အ​ဒေါ်ဝမ်းကွဲ​နေတယ်​​လေ...ငါလည်း အ​ဒေါ်ဆီသွားရင်း ​တွေ့တာ သူရက ​ကောင်​မ​လေးကို လက်​ဆွဲ လို့...ငါမ​သေချာ​သေးလို့ နင့်​ကို မ​ပြော​သေးတာ..."""
ကျွန်​မ ​ခေါင်းခါရမ်းလိုက်​သည်
"""မဟုတ်​ဘူး.. .မဟုတ်​ဘူး ​နော်​...​မောင်​က ...​မောင်​ ငါ့ကို အရမ်းချစ်​တာ...."""
"""မြခြူး ရယ်​...ငါ့ အ​ဒေါ်ကစုံစမ်း​ပေးထားလို့သိရတာ...နင့်​မျက်​လုံးနဲ့ ကိုယ်​တိုင်​မြင်​ချင်​ရင်​...မနက်​ဖန်​...ငါ့ဆီလာခဲ့ ငါလိုက်​ပို့​ပေးမယ်​...နင်​​စိတ်​​အေး​အေးထား​နော်​...."""
ကျွန်​မ ဘာစကားမှပြန်​မ​ပြောနိုင်​​တော့ပါ...
"""ကဲ...မြခြူး...မြခြူး.. ."""
"""ဟင်​..."""
"""ငါပြန်​မယ်​...သူငယ်​ချင်း...နင်​ဘာမှ စိတ်​မ​ကောင်းမဖြစ်​နဲ့...ငါတို့​ဖြေရှင်းကြတာ​ပေါ့ဟာ..."""
မိမိပြန်​သွား​တော့ မြခြူး ဧည့်​ခန်းထဲတွင်​ ​လျှောက်​ရင်း
မနက်​ဖြန်​ အတွက်​စဉ်းစား​နေမိသည်​။
❦ ❦ ❦ ❦ ❦ ❦ ❦ ❦
"""အမ​လေး...ဘုရား...​မောင်​မှ ​မောင်​အစစ်​ပါ..."""
မိန်းမတ​ယောက်​၏ လက်​ကို တွဲရင်း တိုက်​ခန်း​ပေါ်တတ်​သွားသည်​။
ကျွန်​မစိတ်​​တွေ ​ဆောက်​တည်​ရာမဲ့ ဖြစ်​​ကာ မိမိတို့ အ​ဒေါ်အိမ်​မှာပင်​ ရှိုက်​ကြီးတငင်​ ငိုခဲ့မိသည်​။
ထို့​နောက်​ ကျွန်​မ အိမ်​သို့ ပြန်​လာခဲ့သည်​။
ဒီကိစ္စ ကို ကျွန်​မ ဘယ်​လို ​ဖြေသိပ့်​ရမလည်း
မောင်​ရယ်​....ရက်​စက်​လိုက်​တာ....
"""ခြူး​ရေ...ခြူး..."""
ဟော...​မောင်​ပြန်​လာပြီ...ကျွန်​မ ​မောင့်​ကို ဘာ​ပြောရမလည်း...​မောင့်​မျက်​နှာကို ဘယ်​လို ပြန်​ကြည့်​မရလည်း...မသိသလို​နေရမလား...ဒါမှမဟုတ်​ ​မေးလိုက်​ရင်​​ကောင်းမလား....
"""ဟိတ်​...ဘာ​ငေး​နေတာလည်း...ခြူး..."""
"""​မောင်​..."""
"""​ပြော​လေ...."""
"""ကျွန်​မ...​မောင့်​အ​ကြောင်း​တွေအားလုံးသိပြီးပြီ...
မောင်​ ဘယ်​သူနဲ့ ဘယ်​လို ဆိုတာ...အို...​ဟော့ဒီ မျက်​လုံးနဲ့​တောင်​ မြင်​ပြီးပြီ....​မောင်​ဘာငြင်းမလည်း..."""
မောင်​က သက်​ပြင်းချရင်း...
"""ဟုတ်​တယ်​ခြူး...​ငါ လည်း ဆက်​မညာချင်​​တော့ဖူး...ဖွင့်​​ပြောမလို့ပါပဲ...အခု​တော့ မင်းကသိပြီးပြီဆို​တော့...​ကောင်းတာ​ပေါ့.. .သူက ​ကေသီတဲ့ မင်းသိပါတယ်​...ငါ့လက်​​ထောက်​ မိန်းခ​လေးပဲ..."""
မောင့်​ရဲ့ ​အေးစက်​တဲ့ မျက်​နှာကို ကျွန်​မ ​မော့ကြည့်​​နေမိသည်​။
အရင်​ကလည်း အခုလို အကြိမ်​များစွာကြည့်​ဖူးသည့်
မောင့်​မျက်​လုံး​တွေက အခု​တော့ တကယ်​ကို အသက်​မဲ့​နေသလိုပင်​....
"""မြခြူး.. .ငါ့ကို ခွင့်​လွှတ်​ပါ​လို့ ငါမ​တောင်းဆိုဖူး...
ငါ ​ကေသီကို လက်​ထပ်​​တော့မယ်​...မင်းငါ့ကို မုန်းချင်​မုန်းလိုက်​ပါ...."""
"""​မောင်​ရယ်​...ကျွန်​မ က ဘာအပြစ်​များရှိလို့လည်း...ဘာ​ကြောင့်​ ခုလိုလုပ်​ရက်​တာလည်း ​မောင်​ ​ပြောစမ်းပါ..."""
"""​ကေသီကို...ငါချစ်​တယ်​...မခွဲနိုင်​ဖူး...ဒါ​ကြောင်​ပဲ...မင်းမှာဘာအပြစ်​မှ မရှိပါဖူး...ကဲ...ငါသွား​တော့မယ်​...မင်းလည်း အကုန်​လုံး သိသွားပြီပဲ...မနက်​ဖန်​ ကွာရှင်းစာချုပ်​ငါ ပို့လိုက်​မယ်​...မင်းအတွက်​ ငါ့ပိုင်​ဆိုင်​မှု့ အကုန်​ထားခဲ့မှာပါ..."""
မောင့်​ စကားလုံး​တွေက နားထဲမှာ သံရည်​ပူလို စီးဆင်း​နေသည်​။ တချိန်​က ​မောင်​ရဲ့ ချစ်​ပါတယ်​ဆိုတဲ့ စကား​တွေ...ကြင်​နာမှု ​တွေနဲ့ ​ထွေးပိုက်​ခဲ့ပုံ​တွေ အားလုံ...အားလုံး ကျွန်​မ ပြန်​မရနိုင်​​တော့ဖူး...ကျွန်​မ ယုံကြည်​ခဲ့သမျှ...တဘ၀လုံးအတွက်​ ​ပေးဆပ်​ခဲ့သမျှ​တွေရဲ့ ရလဒ်​ က ဒါပဲလား.. .
ကျွန်​မ အသက်​ထက်​မက ချစ်​ခဲ့သမျှ...
မောင့်​ဆီက ပြန်​ရတာ ဒါပဲလား.. ..
မောင်​က​တော့ အိပ်​ခန်း ထဲတွင်​ ပစ္စည်း များကို သိမ်းဆည်း ​နေသည်​။
"""​မောင်​...တကယ်​ပဲ သွား​တော့မှာလား..."""
မောင်​က ကျွန်​မ ကို​မကြည့်​ပဲ ​ဖြေသည်​...
"""ဟုတ်​တယ်​...."""
"""​မောင်​...ကျွန်​မကို မချစ်​​တော့ဖူးလားဟင်​..."""
"""​တော်​ပါ​တော့ မြခြူး.. .ငါဘာမှမ​ပြောချင်​​တော့ဖူး...မင်းနဲ့ငါ...ဒီမှာ တင်​ပြီးပါပြီ.. ."""
ကျွန်​မ မျက်​လုံးထဲတွင်​ မျက်​ရည်​ ​ရေကာတာကြီးကျိုးကျသလို ဒလ​ဟော စီးဆင်းလာ​သော မျက်​ရည်​များ.. .ကို လက်​ဖမိုးဖြင့်​သုတ်​၍မနိုင်​​တော့​ပေ....
မောင်​၏အလန့်​တကြား ​အော်​သံထွက်​​ပေါ်လာသည်​။
"""မြခြူး.. .ခြူး...မလုပ်​ပါနဲ့ ....မလုပ်​နဲ့.. ..အားးးးးးး""""
"""ဟင်း...ဟင်း..​မောင်​ရယ်​...​မောင့်​ကို ချစ်​လို့ပါ...
ဟားဟား.. .မဟုတ်​ဘူး.. .​မောင့်​ကို မုန်းတယ်​...ဟားဟား.. ."""
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦
"""မြခြူး.. ..မြခြူး...တံခါးဖွင့်​​ပေးပါ....သူငယ်​ချင်း.. .ငါ မိမိပါဟာ..."""
"""မမြခြူးငယ်​...ကျွန်​​တော်​ တို့ ရဲတပ်​ဖွဲ့ကပါ...တံခါးဖွင့်​​ပေးပါ ... """
အိမ်​​ရှေ့က အသံ​တွေကြား​နေရသည်​။
ဘာ​တွေလည်း ဘာသံ​တွေလည်း မိမိသွယ်​အသံလည်း ကြားရသည်​။
ကျွန်​မ တံခါးဆီသို့ဖြည်းညင်းစွာ ​လျှောက်​သွားသည်​။
ထို့​နောက် တံခါးဂျက်​ကို ဆွဲဖွင့်​လိုက်​သည်​။
"""မြခြူး.. .သူငယ်​ချင်း.. ."""
ဦးစွာ မြင်​လိုက်​ရတာက သူငယ်​ချင်း ဖြစ်​သူ မိမိ...
မိမိနှင့်​အတူ ယူနီ​ဖောင်းဝတ်​ ရဲအရာရှိများ...
"""မမြခြူးငယ်​.. ..ခင်​ဗျား ခင်​ပွန်း ကိုသူရလင်း ဘယ်​သွားလည်း ခမျာ..."""
"""ဟင်း..ဟင်း...ရှိပါတယ်​ရှင်​...ရှိပါတယ်​..."""
မိမိက စိုးရိမ်းတကြီး မျက်​နှာနှင့်​...
"""မြခြူး...သူရက အိမ်​မှာရှိတယ်​​ပေါ့...​တော်​​သေးတာ​ပေါ့...ဒီမှာ တိုင်​ချက်​ဖွင့်​ထားလို့ သူရ​ပျောက်​ဆုံးမှု့နဲ့...အခု သူရဘယ်​မှာလည်း..."""
"""မိမိရယ်​...ရှိပါတယ်​ ဆို...ကဲပါ ဒီက အရာရှိကြီးများ​ရော...​မောင့်​ကို လာရှာတာမှတ်​လား...​မောင်​ရှိပါတယ်​ရှင်​...​ဟော...ဟိုမှာ...ဟိုထဲမှာ ထည့်​ထားတယ်​​လေ....ဟားဟား.. ."""
ကျွန်​မ ညွန်​ပြရာ သို့ အားလုံး​ပြေးသွားကြသည်​။
လူတရပ်​​ကျော်​ ​ရေခဲ​သေတ္တာကြီး ကို ရဲသားတ​ယောက်​က ဆွဲဖွင့်​လိုက်​​သောအခါ မြင်​လိုက်​ရတာက.. ..
မောင်​​​ပေါ့...ကိုသူရလင်း ဆိုတဲ့ ​ပျောက်​ဆုံး ​နေတဲ့​မောင့်​ကို​ပေါ့....
မိမိ၏ အလန့်​တအား​အော်​သံ ထွက်​လာသည်​။
"""အမ​လေး...သူရ......မြခြူး မြခြူး.. .သူရ...ကို...သူငယ်​ချင်း ရယ်​..."""
"""ဟုတ်​တယ်​​လေ.. ..မိမိ ရဲ့ ​မောင်​ အိမ်​မှာရှိပါတယ်​ဆို....​မောင်​ကငါ့ကို ထားသွားဖို့လုပ်​တယ်​​လေ...​မောင်​မရှိရင်​ ငါအသက်​မရှင်​နိုင်​ဖူး...​မောင့်​ကို ငါချစ်​တယ်​.. .ဟုတ်​တယ်​...​မောင်​ကို...ငါ ချစ်​တယ်​....ချစ်​လို့ မုန်းတာ...အရမ်းချစ်​လွန်းလို့...မုန်းတာ....ဟားဟား.. .
ဟားဟား.. ..ဟားဟား.. .."""
ကျွန်​မ ​လောကကြီးကို ဟားတိုက်​ ရယ်​​မောပစ်​လိုက်​သည်​။
မောင်​က ကျွန်​မ ကို အပြစ်​မဲ့သက်​သက်​မုန်းခဲ့တယ်​...
ကျွန်​မက ​မောင်​ကို ချစ်​လို့ ချစ်​လွန်း​လို့မုန်းခဲ့တာပါ ​မောင်​ရဲ့......။ ။
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦
ဲJipsy Lay (www.jipsylay.blogspot.com)
ကျေးဇူးတင်​ပါတယ်
#သျှား #😃😃

No comments:

Post a Comment