အောင်မြင်ချင်ရင် ဒီစာကိုဖတ်ပါ
တစ်နေ့မှာ လူငယ်တစ်ယောက်က ဂရိအတွေးအခေါ်ပညာရှင် ဆိုကရေးတီး (Socrates) ကို အောင်မြင်မှုအတွက်လျှို့ဝှက်ချက်အကြောင်းကို မေးမြန်းခဲ့ပါတယ်။ ဆိုကရေးတီးဟာ သူ့အား နောက်နေ့မနက် မြစ်ကမ်းနံဘေးမှာ လာရောက်တွေ့ဆုံဖို့ ချိန်းဆိုလိုက်ပါတယ်။
မြစ်ကမ်းမှာတွေ့ကြတော့ ဆိုကရေးတီးဟာ လူငယ်လေးအား မြစ်ဆီသို့ တည့်တည့်လမ်းလျှောက်ရအောင် ပြောဆိုပါတယ်။ သူတို့နှစ်ယောက်ဟာ တဖြည်းဖြည်း မြစ်ထဲကို တရွေ့ရွေ့ဆင်းလာကြပါတယ်။ ခြေထောက်မှ ဒူးဆစ်၊ ဒူးဆစ်မှ ပေါင် ၊ ပေါင်မှ ရင်ဘတ် တဖြည်းဖြည်း ရေထဲကို ရောက်လာပါတယ်။ လည်ပင်းအထိ မြုပ်လောက်တော့ ဆိုကရေးတီးက လူငယ်လေးရဲ့ ခေါင်းကို ရုတ်တရက်ရေထဲ နှစ်လိုက်ပါတယ်။ လူငယ်လေးလည်း ရေမွန်းလွန်း၍ ရုန်းကန်ပေမယ့် ဆိုကရေးတီးမှာ သန်မာလွန်းသူဖြစ်တဲ့အတွက် မရုန်းကန်နိုင်ခဲ့ပါဘူး။ လူငယ်လေးရဲ့အရေပြားပြာနေတဲ့အထိ ရောက်တော့မှ ဆိုကရေးတီးဟာ လူငယ်လေးရဲ့ ခေါင်းကို ရေထဲမှ ပြန်ထုတ်လိုက်ပါတယ်။
ခေါင်းကို ရေထဲကနေ ပြန်ထုတ်လိုက်တဲ့အခါမှာတော့ လူငယ်လေးပထမဆုံးလုပ်တဲ့အရာက အသက်ကိုတစ်ဝရှုလိုက်တာပါပဲ။
“မင်း ရေထဲကို နစ်နေတုန်းမှာ ပထမဆုံးလိုချင်တဲ့အရာက ဘာလဲ ကောင်လေး” လို့ ဆိုကရေးတီး မေးလိုက်ပါတယ်။ “လေပါ ဆရာကြီး” လူငယ်လေး ပြန်ဖြေလိုက်ပါတယ်။ “အောင်မြင်မှုအတွက်လျို့ဝှက်ချက်ဆိုတာ အဲဒါပဲ ကောင်လေး။ မင်း အသက်ရှင်သန်ဖို့အတွက် လေကို မရှိမဖြစ်လိုအပ်သလိုမျိုး အောင်မြင်မှုကို အသက်နဲ့အမျှတန်ဖိုးထားပြီး မရမဖြစ်လိုချင်ရင် သေချာပေါက် အောင်မြင်မှာပဲ။ အောင်မြင်မှုအတွက် အဓိကလျို့ဝှက်ချက်က တကယ်အောင်မြင်လိုတဲ့စိတ်ဓာတ်ပါပဲ ကောင်းလေး “ လို့ ဆိုကရေးတီးရှင်းပြလိုက်ပါတယ်။
လူတိုင်းကို “ ချမ်းသာချင်သလား၊ ဆင်းရဲချင်သလား” မေးလိုက်ရင် ၁ဝဝရာခိုင်နှုန်းက “ချမ်းသာချင်ပါတယ်” လို့ ပြန်ဖြေမှာ သေချာပါတယ်။ လူတိုင်း ချမ်းသာချင်ပါသော်လည်း ဘာလို့လူတိုင်း မချမ်းသာကြတာလဲ။ အဖြေက ရှင်းပါတယ်။ ပါးစပ်ကသာ ချမ်းသာချင်ပါတယ်လို့ဆိုပြီး အသွေးအသားထဲကနေ ငါတကယ်ချမ်းသာမှဖြစ်မယ်လို့ မကိန်းအောင်းနေလို့ပါ။ “စိတ်ထဲကနေ အောင်မြင်မှုအတွက် အသွေးအသားထဲကနေ ဆာလောင်နေရင် သေချာပေါက် အောင်မြင်ပါတယ်” လို့ အမေရိကန်စာရေးဆရာ Napoleon Hill ရဲ့ စကားနဲ့ပဲ အဆုံးသတ်လိုက်ပါတယ်။
ဲJipsy Lay (www.jipsylay.bolgspot.com)
Credit;
ကျော်စိုးအောင် (အခရာ)

No comments:
Post a Comment