Friday, 3 March 2017

အာဟာရဗေဒပညာရှင်တွေ သတ်မှတ်ထားတဲ့ သုံးရက်အတွင်း ဆယ်ပေါင်ကျစေမယ့် ၀ိတ်ချနည်း

အာဟာရဗေဒပညာရှင်တွေ သတ်မှတ်ထားတဲ့ သုံးရက်အတွင်း ဆယ်ပေါင်ကျစေမယ့် ၀ိတ်ချနည်း

ဝိတ်ချနည်းအမျိုးမျိုးနဲ့ ပတ်သက်လို့ အငြင်းပွားဖွယ်ရာတွေရှိပေမဲ့ ဒီနည်းလမ်းကတော့ စစ်တပ်တွေမှာ စစ်သားတွေ ၀ိတ်ချဖို့ လိုအပ်တဲ့အခါ ၀ိတ်ချရင်း အားအင်ကုန်ခမ်းတာမျိုးမဖြစ်ရအောင် အာဟာရဗေဒပညာရှင်တွေ သတ်မှတ်ထားတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။ 
 
ဒီနည်းလမ်းဟာ ၁၉၈၀ခုနှစ်ကတည်းက ရှိခဲ့တာဖြစ်ပြီး သုံးရက်အတွင်း ဒီဝိတ်ချနည်းသုံးပြီးလို့ လေးရက်မြောက်နေ့မှာ သင်စားမယ့်အစားအစာ ကယ်လိုရီပမာဏ အတွက်လည်း စိုးရိမ်စရာမရှိပါဘူး။ ဘာလို့လဲဆိုရင် ဒီနည်းလမ်းဟာ ကယ်လိုရီ ၁၅၀၀အထိ စားသောက်နိုင်အောင် တာဝန်ယူနိုင်လို့ပါပဲ။ 
 
ဒီနည်းလမ်းကတော့ အင်မတန်ရိုးရှင်းပါတယ်။ မနက်စာအနေနဲ့ ပေါင်မုန့်မီးကင် ၊ ကြက်ဥ ၊ငှက်ပျောသီး သို့မဟုတ် ဘယ်ရီသီးနဲ့ ပျားရည်ဒါမှမဟုတ် ထောပတ်နဲ့ လုပ်တဲ့ ဝေဖာမုန့်လိုမျိုးကိုစားနိုင်ပါတယ်။ နေ့လည်စာအနေနဲ့ ပဲစေ့နက် ၊ သစ်ကြားသီး ၊ ကြက်သား သို့မဟုတ် တူနာငါး နဲ့ မလိုင်ထုတ်ပြီးသား ဒိန်ခဲပျော့ တစ်မျိုးမျိုးကို စားပေးနိုင်ပါတယ်။ ညစာအနေနဲ့ ပဲ ၊ အသားသို့မဟုတ် တူနာငါး နဲ့ ပန်းသီး ၊ ငှက်ပျောသီး ၊ ပန်းဂေါ်ဖီစိမ်း ၊ မုန်လာဥနီနဲ့ ရေခဲမုန့်တို့ စားပေးနိုင်ပါတယ်။
 
ဖော်ပြထားတဲ့ စားသောက်ပုံ အစီအစဉ်အပြင် ရေများများသောက်ဖို့နဲ့ မိနစ်၂၀ခန့် လမ်းလျှောက်ပေးမယ်ဆိုရင်တော့ ၀ိတ်မြန်မြန်ကျချင်သူတွေအနေနဲ့ အဆင်ပြေနိုင်မှာပါ။ ။

Jipsy Lay (www.jipsylay.blogspot.com)

Credit;

No comments:

Post a Comment