ခက်တယ်ဗျာ . ကျွန်တော်ဆိုတဲ့ကောင်ကလည်း လက်တွေ့ သမားမှ လက်တွေ့သမား......သရဲခြောက်တယ်လို့ သူများတွေပြောရင်လည်းမယုံဖူး ကိုယ်တိုင် သွားတာ တကယ် နဖူးတွေ့ ဒူးတွေ့ ကြုံရရင်လည်း တကယ့်လက်တွေ့သမားပီပီ အချိန်မဆိုင်းပဲ ဖနောင့်နဲ့ တင်ပါး တသားတည်း ကျနေအောင်ကို ပြေးတော့တာ...ကဲထားပါတော့ဗျာ...တနေရာမှာ မီးလောင်နေတယ်ဆိုပါစို့ ...ကျွန်တော့်လိုကောင်က သူများပြောတိုင်း မယုံဖူး...လက်တွေ့ဗျ...သွားကိုကြည့်တာ တကယ်မြင်ရမှ မီးသတ်ဌာနကို သေသေချာချာကို အကြောင်းကြားပေးတာပါဗျာ...အဲ့ဒီလိုလူမျိုး ကျွန်တော် ထံသို့ အဖြေရှာမရတဲ့ အဖြစ်အပျက်တခုရောက်ရှိလာသောအခါ....
"""ဟေ့ကောင်ကြီး...ဝေမင်း...ဘာလုပ်နေတာလဲ """
"""လန့်လိုက်တာကွာ...မင်းကလည်း ငါစာအုပ်ထဲဈာန်ဝင်နေတာ..."""
သူငယ်ချင်း စိုးမိုးက ပြောပြောဆိုဆို ကျွန်တော့ဘေးဝင်ထိုင်ရင်း....
"""မင်းကလည်း ကျောင်းပိတ်ရက်လေး ဘာလေး အပျင်းပြေ ဘာလုပ်ရင်ကောင်းမလည်း တိုင်ပင်ဖို့လာတာကွ...."""
"""ဘာလုပ်မလည်း ...စာဖတ်ပေါ့ကွ...."""
"""ဟ...မင်းပြောမှလား...ငါလည်း သိတာပေါ့.. .အခုက ငါတို့ သူငယ်ချင်းနှစ်ယောက်ခရီးထွက်ရရင်ကောင်းမလားလို့..."""
ကျွန်တော်ဖတ်လက်စ စာအုပ်ကို ခဏချထားလိုက်ပြီး စိုးမိုး စကားကို စဉ်းစားလိုက်သည်။ ကျွန်တော်တို့ ဒုတိယနှစ်စာမေးပွဲပြီးလို့ ကျောင်းပိတ်ရက်ရထားကြသည်။ဒီလို အချိန်တွင် အိမ်ထဲမှာ အောင်းနေတာထက်စာရင် ပြင်ပဗဟုသုတလည်းရအောင် တနေရာကို သွားရရင် ကောင်းမည်ဖြစ်သည်။
"""Ok...ကောင်းတော့ ကောင်းတယ် ဒါပေမယ့် ဘယ်ကိုသွားမလည်းကွ...ငါတို့နှစ်ယောက်တည်း..."""
"""ဟာ...မင်းကလည်း...ငါ့အဘိုးဘက်က အမွေရထားတဲ့ ခြံနဲ့ အိမ်ကို သွားမယ်လေ ရွာငယ်ရွာကို သွားလည်မယ်...အဲ့ဒီမှာ ငါတို့ အမျိုးတွေအများကြီးရှိတယ်လေ..."""
"""အေး...ကောင်းသားပဲကွ...ဒါဆိုလည်း...ငါ့အဖေနဲ့အမေကိုခွင့်တောင်းပြီး ခရီးထွက်ဖို့ ပြင်လိုက်မယ်လေ...."""
"""ကောင်းတယ်...ငါလည်းအိမ်ပြန်ပြီး စီစဉ်စရာရှိတာ စီစဉ်လိုက်မယ်ကွာ..."""
စိုးမိုး ပြန်သွားပြီးနောက် ကျွန်တော်လည်း အဖေနဲ့ အမေကို ခွင့်တောင်းပြီး ခရီးထွက်ဖို့ ပြင်ဆင်တော့သည်။
~~~~~~~~~~~~~~~~~~~~~~~
"""ဟေ့ကောင်...မရောက်သေးဖူးလားကွ...မောလာပြီ..."""
ကျောပိုးအိပ်ထဲက လက်ကျန်ရေပုလင်းကို မေ့သောက်ပြီး စိုးမိုးကိုမေးလိုက်သည်။
"""ရှေ့မှာ.. ရောက်ပါပြီကွာ မင်းကလည်း..."""
ရွာထဲသို့ ကျွန်တော်တို့ ၀င်လာတော့ ရွာလမ်းတလျောက် အတော်အတန်ကောင်းမွန်သော အိမ်ကြီးအိမ်ကောင်းများ ကိုတွေ့ရသည်။အိမ်တအိမ်ရှေ့အရောက် စိုးမိုးက အိမ်ထဲသို့ လှမ်းဝင်သွားသည်။
"""ဟဲ့...ဒါဘယ်သူတုန်း..."""
""" ဟာ...အဖွားလေးကလည်း ကျွန်တော်စိုးမိုးလေ..."""
အသက် ခုနှစ်ဆယ်ကျော် အဘွားအိုက မျက်စိများကိုမှေးစင်းရင်း စိုးမိုးကိုကြည့်ကာ...
"""ဟင်....စိုးမိုး...အောင်စိုးသားလား....မင်းက အောင်စိုးသားလား.. ."""
"""ဟုတ်တယ်လေ...အဖွားလေးကလည်း မမှတ်မိတော့ဖူးလား...သား ငယ်ငယ်က အဖွားလေးတို့ဆီလာနေတာလေ...."""
ထိုအခါ အဖွားမှ စိုးမိုးအားဖက်ကာ....
"""အမလေး...လူလေးရယ်....ငါ့မြေးက ဒီအရွယ်ကြ်ီးရောက်နေတော့...အဖွားလေးက ဘယ်မှတ်မိမလည်း...ကြည့်ပါအုန်း အကောင်းကြီးထွားလာတာ...."""
"""ဟုတ်တယ် အဖွားလေးရဲ့...အခုလည်း သားကျောင်းပိတ်လို့ သားသူငယ်ချင်းနဲ့ အတူ ရွာကို အလည်လာတာ..."""
အဖွားက ကျွန်တော့်အားကြည့်ကာ...
"""အော်...အေး အေး...ကောင်းတာပေါ့ကွယ်...ရွာကို ရောက်တုန်း ပျော်သလောက်နေကြ..."""
"""ဟုတ်ကဲ့ အဖွားလေး...ကျွန်တော့်ကိုလည်း...စိုးမိုးလိုပဲ သဘောထားပါ...."""
"""အေးပါကွယ်.. .ဒါနဲ့ ထမင်းစားပြီးပြီလား.. .အဖွားလေး ..စီစဉ်လိုက်မယ်...."""
အသက်ကြီသော်လည်း သွက်လက်ဟန်ရှိသော အဖွားအား စိုးမိုးမှ ကပျာကယာ လှမ်းတားလိုက်သည်။
"""ဟာ...နေပါစေတော့...အဖွားလေးရဲ့....သားတို့ စားလာပြီးသားပါ....အခုသားတို့ကို အဘိုးရဲ့ အိမ်ကို လိုက်ပို့ပေးနော်....သားတို့ အဲ့ဒီ မှာ ပဲနေပါ့မယ်..."""
"""ဟင်...ဘာလို့လည်း သားရယ် ဒီမှာလည်း အဖွားလေးရယ် မင်းအဒေါ်ရယ်ပဲရှိတာ...."""
"""ရပါတယ် အဖွားလေး ရဲ့ သားတို့က လွတ်လွတ်လပ်လပ် နေချင်လို့ပါ...."""
ထို့အချိန်တွင် အိမ်ထဲသို့ အသက်လေးဆယ်ခန့် အမျိုးသမီး တဦးဝင်လာသည်။
"""ဟာ...ဒေါ်လေး...."""
"""ဟယ်....ငါ့တူကြီး စိုးမိုး မဟုတ်လား...."""
"""ဟုတ်...ဒေါ်လေး...သားတို့ အလည်လာတာ..."""
"""အေးကွယ့်....မင်းအဖေ အကိုကြီးအောင်စိုးနဲ့ အမရော နေကောင်းရဲ့လား...."""
"""ကောင်းပါတယ်.. ..ဒေါ်လေး...."""
"""ဟဲ့...သီသီရေ....နင့်တူတွေက သူ့အဘိုးအိမ်ကြီးမှာ နေမယ်တဲ့...."""
အဖွားလေးက စိုးမိုး၏အဒေါ်ဖြစ်သူ ကို ပြောလိုက်သည်။
"""ဟုတ်လား...ဒီမှာနေလည်းရတာပဲသားရယ်....ဟိုအိမ်ကြီးမှာက မရှင်းရသေးဖူး...."""
"""ရတယ်...ဒေါ်လေး...သားတို့ပဲရှင်းလိုက်ပါ့မယ်...စားချိန်ရောက်မှ ဒေါ်လေး လက်ရာလာစားပါ့မယ်....""""
"""အမလေးတော်....ကောင်းပါ့...ငါ့တူရယ်....မင်းသဘောကျ နေပါ..."""
ထို့နောက် ကျွန်တော်တို့နှစ်ယောက်အား ရွာလယ်ရှိ အိမ်ကြီးဆီသို့ စိုးမိုး၏အဒေါ်က လိုက်ပို့ပေးသည်။ အိမ်ကြီးမှာ ရှေးလက်ရာ ကျွန်းအိမ်မဲမဲကြီး ဖြစ်သည်။ အိမ်ကြီးအတွင်းပိုင်း၌ အနည်းငယ် ရှုပ်ပွနေသည်ဖြစ်ရာ ကျွန်တော်တို့နှစ်ယောက် ရှင်းလင်းပြီး....အောက်ထပ်အခန်းနှစ်ခန်းကို တယောက်တခန်းယူထားလိုက်သည်။
"""ဝေမင်း....သားကြီး အိမ်နောက်မှာ ရေတွင်းရှိတယ်...ရေသွားချိုးမယ်....ပြီးရင် ခဏ အနားယူပြီး မှ ညစာသွားစားမယ် အဖွားလေးအိမ်မှာ....."""
"""အေး....ကောင်းတယ်..စိုးမိုး...ငါလည်း အနားယူချင်နေပြီ""""
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျွန်တော်တို့ နှစ်ယောက် အိပ်လိုက်စားလိုက် ရွာရိုးကိုးပေါက်လျှောက်လိုက်နှင့် အပျော်ကြီးပျော်နေကြသည်။
တနေ့ တနေ့ စိုးမိုးမှာ ရွာထဲက အပျိုအိမ်မှန်သမျှ မလွတ်တမ်းလည်ပတ်နေသည် ။
"""ဟေ့ကောင်...ဒီနေ့တော့ ငါမလိုက်တော့ဖူး မင်းဟာမင်း သွားတော့.....ငါ အိမ်ကယူလာတဲ့ စာအုပ်ကလေး ဖတ်ပြီး နေခဲ့တော့မယ်....."""
"""ဝေမင်း....မင်းတကယ်မလိုက်ဖူးလားကွာ..."""
"""NO ပါ...ငါဟာငါ ဒီနေ့ အိမ်မှာနေခဲ့မယ်...."""
"""ပြီးရော....ငါစောစော ပြန်လာပါ့မယ်ကွ.....ငါလာမှ အဖွားတို့အိမ် ၀ါးတီးသွားမယ်....""
စိုးမိုးတယောက် ပြောပြောဆိုဆို အပြင်ထွက်သွားသည်။
ကျွန်တော်လည်း အိမ်ရှေ့ဧည်ခန်းထဲတွင် ထိုင်ရင်း စာအုပ်ဖတ်နေလိုက်သည်။ ထိုစဉ် အိမ်ပေါ်ထပ်မှ ဆင်းလာသော ခြေသံကိုကြားလိုက်ရ၍ ကျွန်တော့် မျက်လုံးများ ကလှေကားစီသို့ ရောက်ရှိသွားသည်။
ကျွန်တော့် မျက်လုံးများ အဆမတန်ပြူးကျယ်သွားရသည်။ မပြူး၍လည်းမရ ရုပ်ရှင်ထဲမှာ အင်္ဂလိပ်ခေတ်က အမျိုးသမီး များဝတ်စား ဆင်ယင်မှု့ အတိုင်း ၀တ်ထားသော မိန်းခလေးတယောက် ဆင်းလာသည်။ သူမကလည်း ကျွန်တော့ကို မြင်တော့ အံ့သြ သော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
"""မင်း...ဘယ်သူလည်း....မင်း...လူလား..."""
သူမက ပါးလျသော ပိတ်စကို ချုပ်ထာတဲ့ ရင်ဖုံးအင်္ကျီ လက်အကျကလေးကို ချိတ်ထမီနဲ့ တွဲ၍၀တ်ဆင်းထားသည်။ အ၀ါရောင်ထက်အောက် ဆင်တူနှင့် ဆံပင်ကို ကျစ်ဆံမြီး နှစ်ဖက် ချထားသည်မှာ ရှည်လျားစွာ ကျနေပြီး ၀ါဝင်းသော အသားကလေးနှင့် အတော်ပင် ချစ်ဖို့ကောင်းသည်။
"""အို...လူပေါ့....ရှင်ကရောဘယ်သူလည်း...ဘယ်လိုလုပ် အိမ်ကိုရောက်နေတာလည်း...""""
မိန်းခလေး ကျွန်တော်ဆီ လှမ်းလျှောက်လာရင်း မေးလာသည်။ လူတော့ လူပဲ နေ့ခင်းကြောင်တောင် သရဲတော့ မဖြစ်နိုင်ပါဖူး....ဘယ်လိုလုပ်ပြီး အိမ်ပေါ်ရောက်နေတာလည်း.....
"""ရှင့်ကို မေးနေတယ်လေ..."""
သူမက ကျွန့်တော့် အရှေ့တွင်ရပ်ရင်း မေးလေသည်။
""""ကျွန်တော် ကဧည့်သည်ပါ....ဒီကို အလည်လာတာပါ.....""""
"""အော်...ဖေဖေ ကလည်း ထားကို ကြိုမပြောဖူး ဧည့်သည်ရောက်တယ်လို့....မသိလို့ပါရှင်..."""
သူမက ညည်းတွား သံကလေးနှင့် ပြောရင်း ကျွန်တော် အရှေ့ခုံတွင်ဝင်ထိုင်လိုက်သည်။ကျွန်တော်လည်း ယောင်နနဖြင့် ခေါင်းကိုညိတ်ပြလိုက်သည်။ ကောင်းမလေးက တော်တော်လှသည် ။ ခုလို ခေတ်ထဲမှာတွေ့ရခဲတဲ့ အလှမျိုးပါ။
"""ဒါနဲ့...ရှင်က ဘယ်ကလာတာလည်း..."""
"""ရန်ကုန် ကပါ ကျောင်းပိတ်ရက် အလည်လာတာပါ...."""
"""အော်...ရန်ကုန်က တက္ကသိုလ် ကျောင်းသားကို...."""
သူမက တအံတသြ ရေရွတ်ရင်းပြောနေသည်။
ကျွန်တော်ကတော့ သူမအရှေ့မှာ ထိုင်နေသည်ကို တစိမ့်စိမ့်ကြည့် ရင်း ရင်ထဲမှာတော့ တဒိန်းဒိန်း ခုန်နေသည်။
"""ဒါနဲ့....ရှင့်နာမည်က....""""
"""ကျွန်တော် နာမည်က ဝေမင်း ပါ...."""
"""ကျွန်မနာမည်က ထားထားနွယ်ပါ...ထားလို့ပဲခေါ်ပေါ့...."""
ထားတဲ့ နာမည်လေးက ချစ်စရာလေးပဲ....အသက်ကလည်းရှိလှမှ နှစ်ဆယ်စွန်စွန်းပေါ့...မိန်းခလေးမြင်တိုင်း ရင်မခုန်တတ်တဲ့ကျွန်တော် အခုရင်ခုန်နေမိတာ အမှန်ပါပဲ.. ..။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Jipsy Lay (
www.jipsylay.blogspot.com/)
အပိုင်း-၂ ဆက်လက်အားပေးပါ
Credit -သျှား
😃
😃