"""အတိတ်က ကျွန်တော့်ချစ်သူ""" အပိုင်း-၂(ဇာတ်သိမ်း)❦
"""အတိတ်က ကျွန်တော့်ချစ်သူ"""
~~~~~~~~~~~~~~~~~~~~~~~~~~~~
အပိုင်း-၂(ဇာတ်သိမ်း)❦ ❦ ❦
သူမက တချက်တချက် ရီလိုက်လျှင် သွားထပ်ကလေးများ ပေါ်လာတတ်ပြီး... အင်မတန် ချစ်စရာကောင်းသည်။ သူမ အလှမှာသာ နစ်မြောနေသောကျွန်တော်က သူမ ဘယ်သူမှန်း ဘယ်ကရောက်လာမှန်းမသိသေးပါ...။
"""ဒါဆို ရှင်က ဧည့်သည်ပေါ့နော်"""
"""အင်း...ဟုတ်ပါတယ်...ကျောင်းပိတ်ရက် အလည်လာတာပါ..."""
ကျွန်တော်လည်း အလိုက်သင့်ပြန်ဖြေပေးလိုက်သည်။ သူမကတော့ သူမ သိချင်သည်များကိုမေးနေတော့သည်။
"""အိမ်မှာကလည်း ဒီနေ့မှ ဖေဖေက မနက်စောစော ခရီးထွက်သွားလေရဲ့...ဧည့်သည်လာမယ်ဆိုတာ ကြိုလည်းမပြောသွားဖူး...ထားလည်း ကြိုမသိထားတော့ ခုလိုတွေဖြစ်ရတာပေါ့...."""
ဘယ်ကဘယ်လို နားလည်ရမှန်းလည်း ကျွန်တော်မသိတော့ပါ။ ဒီအိမ်ကြီးမှာ ကျွန်တော်တို့ရောက်စ ကတည်းက လူနေသည့် ပုံစံအနေထားမျိုးလည်း မတွေ့ရပါ။
နောက်ပြီး သူမ၏ ဖခင်ကိုလည်း ကျွန်တော်တို့ မမြင်မိပါ။ ဤအိမ်ကြီးတွင် နေခဲ့သည့်ရက်ပိုင်းအတွင်း ကျွန်တော်နှင့် စိုးမိုးမှ လွဲ၍ ကြွက်တကောင်တောင် မမြင်တွေ့ရသော အိမ်ထဲတွင် သူမတို့ သားအဖက မည်သည့်နေရာမှာနေပြီး မည်သို့ ရောက်လာသလည်း ဆိုတာ စဉ်းစား၍ မရ။ သို့သော်လည်း ကျွန်တော်မှာ ဧည်သည်ဖြစ်သည်ကတကြောင်း လှပ၍ချစ်စဖွယ်ကောင်းသော သူမနှင့် အတူရှိနေရသည့်အတွက် ရင်ခုန်နေမိသည်မို့ အရာရာခေတ္တခဏ မေ့သွားသည်။
"""ဒါနဲ့...ထား ကတော့ မိတ်ဆက်ပြီးပြီနော်....."""
"""အော်....ဟုတ်ကဲ့ပါ ....ထား...."""
"""ကိုဝေမင်းက ကျွန်မနဲ့ ရွယ်တူတန်းတူ လောက်ပဲရှိမှာပါနော်..."""
"""ဟုတ်ကဲ့...ရပါတယ် လွတ်လွတ်လပ်လပ် စကားပြောလို့ရပါတယ်..."""
"""ရှင်တို့ရန်ကုန်မှာတော့...မြို့သူတွေ သိပ့်ချောမှာပဲနော် ...မြို့သားကြီး...ခ်ခ်..."""
"""ဟားဟား...အမှန်တိုင်း ၀န်ခံ ရရင်တော့ မထားထားနွယ်လောက် ကျွန်တော့် မျက်စိထဲ မချောလှပါဖူးဗျာ..."""
ကျွန်တော်လည်း စိတ်ထဲရှိတဲ့အတိုင်းပြောလိုက်သည်။
"""အို...တက္ကသိုလ် ကျောင်းသားများတယ်လည်း စကားတတ်သကို..."""
သူမစကားပြောဟန်နှင့် အမူအရာမှာ ကျွန်တော့ အတွက်အနည်းငယ်ထူးဆန်းသလိုဖြစ်မိသည်။ ဘာပဲဖြစ်ဖြစ် ဒီမိန်းခလေး စိတ်မနှံ့ သူတယောက်တော့ မဖြစ်နိုင်ဟု ကျွန်တော်ထင်မိသည်။ ဤအိမ်ကြီးနှင့်ပတ်သတ်သော စိုးမိုးတို့ ဆွေမျိုး များထဲကဟု ယူဆမိသည်။ သူမရဲ့ အမူအရာ နှင့် ၀တ်စားဆင်ယင်မှု့ ဟန်ပန်မူယာ ကတော့ အင်မတန်ရှေးဆန်လှသည်။
စိုးမိုး ပြန်လာလျှင် တော့ ဒီကိစ္စ ရှင်းသွားမှာပါ ။ သူတို့ရွာ သူတို့ဓလေ့နှင့် သူ့ဆွေမျိုးသားချင်းများ ကတော့ သူပဲသိနိုင်လိမ့်မည်။ ကျွန်တော်လည်း စိုးမိုးကို စောင့်ရင်း သူမနှင့်စကားပြောနေသည်မှ တပါး တခြားလည်း လုပ်စရာမရှိပေ။
"""ဒါနဲ့...ကိုဝေမင်းရဲ့ ...စကားကောင်းနေလိုက်တာ...ဧည်သည်ကို ဧည့်ခံဖို့တောင့်မေ့နေတယ်..ဟင်း.ဟင်း.."""
သူမက အားနာစွာ ပြောရင်း တချက်ရယ်လိုက်သည်။ ကျွန်တော်ကတော့ လှပသော သူမကိုသာငေးကြည့်နေမိသည်။
"""ခဏလေးနော် ထား ရေနွေးလေး သွားကြိုပြီး ကောက်ဖီ ဖျော်ပေးမယ်နော်...."""
သူမက အိမ်နောက်ဘက်သို့ ခပ်သွက်သွက်လေးဝင်းသွားသည်။ခဏ အကြာပြန်ထွက်လာပြီး...
"""ခက်ပါတယ်ရှင်..မီးခြစ်ကလေးများ တဆိတ်လောက် ရှိသလား ကိုဝေမင်းရယ်...ဒီက မီးခြစ်ကဘာဖြစ်လည်း မသိပါဖူး..."""
ကျွန်တော်လည်း ဘောင်ဘီအိတ်ကပ်ထဲတွင် အမြဲဆောင်ထားနေကြ ဇစ်ပို မီးခြစ်ကလေးကို ထုတ်၍သူမအားပေးလိုက်သည်။
"""ကျေးဇူးပါပဲ ရှင့် ...ခဏတော့ စောင့်နော်..ကော်ဖီဖျော်တာ မြန်ပါတယ်ရှင်..."""
သူမက ရှက်ကိုရှက်ကန်း ဖြင့် ကျွန်တော့် အားပြောရင်း တဖန် အိမ်နောက်ဘက်သို့ ၀င်သွားလေသည်။
ကျွန်တော်လည်း ဘေးမှာချထားသော ဖတ်နေလက်စ စာအုပ်ကို ကောက်ယူ၍ ဖတ်ရင်း သူမ ပြန်အလာကို စောင့်နေလိုက်သည်။
သိပ့်မကြာလိုက်ပေ အိမ်အရှေ့ဘက်မှ ခြေသံအတူ စိုးမိုးတယောက် ၀င်လာသည်။
"""ဟေ့ကောင် ....ဝေမင်း ...ရှာလိုက်ရတာကွာ မင်းက ဘယ်တွေသွားပြီးမှ ဒီမှာ ပြန်လာနှပ်နေတာလည်း...."""
ရောက်ရောက်ချင်း စိုးမိုးက အော်ကြီးဟစ်ကျယ် ပြောပါတော့သည်။
"""ဘာကွ....မင်းဘာသာ လည်ယာပြန်စာရေးလုပ်ပြီး ခုမှပြန်လာပြီး ငါကဘယ်ကဘယ်ကို သွားလို့တုန်း ဟော့ဒီ ခုံက ထတောင် မထရသေးဖူး...."""

"""ဟေ့ကောင်...ငါပထမတခေါက်ပြန်လာတော့ အိမ်ထဲမှာ ဘယ်သူမှ မရှိလို့ မင်း အဖွားလေးတို့ အိမ်ရောက်နေပြီလားဆိုပြီးတောင်သွားရှာပြီးပြီ..."""
စိုးမိုး စကားကြောင့် ကျွန်တော် ကြောင်သွားသည်။
"""စိုးမိုး ငါကမင်းကို ညာမလားကွ ငါဘယ်မှ မသွားဖူး...မင်းလည်း ဘယ်တုန်းကမှ ပြန်မလာဖူး အခုမှ မင်းပြန်လာတာ..."""
ထိုအခါ စိုးမိုးကလည်း အနာပေါ်တုတ်ကျသကဲ့သို့ ဆတ်ဆတ်ခါ ပြန်ပြောသည်။
"""ဝေမင်း ငါကလည်း မင်းကို နောက်စရာလား...ငါပြန်လာတော့ မင်းမရှ်ိဖူးကွ ဒါကြောင့် ငါရွာထဲတခေါက် ပြန်ရှာပြီးမှ အိမ်ကို ပြန်လာကြည့်တာ..."""
ကျွန်တော်လည်းစိတ်ထဲ တော်တော် ဒေါပွမိတယ် ဒီလောက် ငုတ်တုတ်ကြီးရှိနေတာ မမြင်ရကောင်းလား...အဲ့...တယောက်ထဲတောင်မဟုတ် နှစ်ယောက် ထားထားနွယ်ဆိုသော မိန်းမလှလေးနှင့် အတူထိုင်နေပါရက် မမြင်ရကောင်းလားဟု စိတ်တိုမိသည်။
"""ဒီမှာ ...စိုးမိုး ငါတယောက်ထဲတောင် မဟုတ်ဖူး ထားထားနွယ်ပါ ရှိတယ်...."""
စိုးမိုးက နားမလည်တဲ့ ဟန်နဲ့ပြန်မေးသည်။
"""ဘယ်က ထားထားနွယ်လည်း ကွ..."""
"""ဟ...ငါလည်းဘယ်သိမလည်း...မင်းတို့်အမျိုးထဲကဖြစ်မှာပေါ့ မင်းထွက်သွားပြီးတော့ အိမ်ပေါ် ကဆင်းလာတာပဲ....အခု အိမ်နောက်မှာ ကော်ဖီ ဖျော်မလို့ ရေနွေကြိုနေတယ်...မယုံသွားကြည့်..."""
ကျွန်တော် လည်း သက်သေခိုင်ခိုင်လုံလုံနှင့်မို့ ခပ်တည်တည်နဲ့ စိုးမိုးကို ပြောလိုက်သည်။
စိုးမိုးခမျာ ဇဝေဇ၀ါနှင့် အိမ်နောက်ဘက်ပြေးဝင်သွားသည်။
"""ဝေမင်း...ဟေ့ကောင်....ဘယ်မှာလည်း ဘာမှလည်းမရှိဖူး...မင်းလာကြည့်အုန်း....""""
စိုးမိုး အသံ ကြောင့် အူလျားဖားလျား ပြေးသွားမိသည်။ ဘုရား..ဘုရား...ဘာဆိုဘာမှ မရှိ ဘယ်သူမှ မရှိ ။ မကျေနပ်သေး၍ ကျွန်တော် တယောက် တအိမ်လုံး အပေါ်အောက် ချောင်ကျိုချောင်ကြား မကျန်ရှာသည်။ မတွေ့ပေ။ ကျွန်တော် နောက်မှ စိုးမိုးက တကောက်ကောက်လိုက်နေသည်။ သူလည်း ဘာမှ နားမလည်ပေ။
ကျွန်တော်လည်း စိုးမိုးကို အဖြစ်အပျက် အစမှ အဆုံးပြောပြလိုက်သည်။ သူလည်း အံ့သြ နေရုံမှလွဲ၍ မည်သည့်အဖြေမှ မပေးတတ်ပေ။
~~~~~~~~~~~~~~~~~~~~~~~~~~~
"""ကဲ....စိုးမိုး ငါတော့ဘာမှ နားမလည်တော့ဖူးကွာ..."""
စိုးမိုးက ခေါင်းကို ကုတ်ရင်း....
"""ငါလည်း မင်းလိုပဲကွာ....ဘယ်လိုမှန်းကို မသိတော့ပါဖူး...."""
"""သရဲခြောက် ခံရတာလည်း မဖြစ်နိုင်ပါဖူးကွာ..နေ့ခင်းကြောင်တောင်....လူအရှင်လတ်လတ်ကြ်ီး မြင်ရတာ...."""
နှစ်ယောက်သား ခေါင်းချင်းဆိုင် တာတောင် အဖြေကမထွက်လာပေ။
"""ကဲ....ဝေမင်း...ဒီတိုင်းတော့ ဘာမှ မထူးဖူး ...အဖွားလေးတို့ အိမ်သွားမယ်...ညနေစာ စားရင်းပေါ့ကွာ...."""
"""အေး...သွားတာပေါ့ကွာ...."""
အဖွားလေးတို့အိမ်အရောက် သူငယ်ချင်းနှစ်ယောက်လုံး နေ့ခင်းက အဖြစ်အပျက်က ရင်ထဲမတင်မကျမို့ ထမင်းစား သိပ့်မ၀င်ပေ။ထို့နောက် နှစ်ယောက်သား အိမ်ရှေ့တွင်ထိုင်နေသော အဖွားလေးအနားသွားရောက်ထိုင်ကာ....
"""စိုးမိုး....ငါ့မြေး...ရွာမှာပျော်ရဲ့လားကွဲ့...."""
"""ဟုတ်ကဲ့...အဖွားလေး..."""
"""အေးအေး....ဧည့်သည်ခလေးကရော....ပျော်ရဲ့လား.....""""
ဝေမင်းကလည်း အဖွား အမေးကို မဆိုင်းမတွပင် ဖြေလိုက်သည်။
"""ပျော်ပါတယ် ခင်ဗျာ...""""
"""ပျော်သလောက်သာနေကြပေါ့ကွယ်...."""
ထိုအခါ စိုးမိုးမှ....
""""ဒါနဲ့ အဖွားလေး...သားတို့ အမျိုးထဲမှာ ထားထားနွယ် ဆိုတာရှိသလား....ဟင်...."""
"""အို....ရှိတာပေါ့ကွယ်...ထားထားနွယ် ဆိုတာ တခြားဟုတ်ရိုးလားကွဲ့....လူလေးရဲ့....အဖွားလေးတို့နဲ့ ဆိုရင် ကြီးမေတော်တာပေါ့ကွယ်...."""
"""ဗျာ....ဟုတ်လား..."""
ကျွန်တော်နှင့်စိုးမိုး တယောက်မျက်နှာ တယောက်ကြည့်လိုက်ကြသည်။စိုးမိုးက အဖွားအား.. .
"""အဲ..ထားထားနွယ် အယ် ...ဒေါ်ထားထားနွယ်အကြောင်း ပြေပြပါလား...အဖွားလေး....""""
"""ဟုတ်တာပေါ့ ငါ့မြေးက ဘယ်သိမလည်း အဖွားပြောပြမှာပေါ့...အဖွားတို့ရဲ့အဖေမှာ မောင်နှမ ...နှစ်ယောက်ရှိတယ်လေ မင်းအဘိုးဖြစ်တဲ့ အဖွား တို့အဖေကအငယ် ဒေါ်ထားထားနွယ်ဆိုတဲ့ ကြီးကြီးထား က အကြီးလေ...."""
"""ဟုတ်"""
"""ကြီးကြီးထား က သိပ့်ချောတာကွဲ..ဒါပေမယ့် ကြီးကြီးထား က အိမ်ထောင်မပြုဖူး ....အပျိုးကြီးဘ၀နဲ့ပဲ အရိုးထုတ်ခဲ့တယ်....သူအိမ်ထောင်မပြုတာကလည်း ခပ်ဆန်းဆန်းရယ်ပါကွယ်....သူ့မှာ ချစ်သူတယောက်ရှိခဲ့တယ်တဲ့...တနေ့....ကြီကြီးထားတို့ အဖေခရီးထွက်သွားပြီး...အိမ်မှာလည်း သူတယောက်ထဲရှိနေချိန်မှာ အိမ်ပေါ်ကသူဆင်းလာတော့ ဧည့်ခန်းမှာ သူနဲ့ ရွယ်တူ ကောင်းလေးတယောက်ကို တွေ့တယ်တဲ့.....""""
ထိုနေရာအရောက်တွင် ကျွန်တော့် မျက်ခုံးများမြှင့်တတ်သွားသည်။ အဖွားလေးက ဆက်၍...
"""သူလည်း တကယ်အံသြသွားတယ်တဲ့....ကောင်းလေးက ခေတ်ဆန်ဆန်ဝတ်ထားတာ သူတခါမှ မမြင်ဖူးတဲ့ ပုံစံမျိုးတဲ့...နောက်တော့ ...ကောင်းလေးနဲ့ ကြီးကြီးထားလည်း စကားပြောရင်းခင်မင်သွားကြတယ်တဲ့...အဲ့ဒီ အချိန်က သူသိပ့်ပျော်နေတာတဲ့...ကောင်းလေးက ရန်ကုန် ကတက္ကသိုလ်ကျောင်းသားဆိုပဲ....""""
ကျွန်တော်ရော စိုးမိုး ပါ တအံတသြ ဖြစ်နေသည်။
"""နောက်မှ သူလည်း ဧည့်သည်ကို ကော်ဖီဖျော်ပေးဖို့ သတိရမိတာ အဲ့အချိန်မီးခြစ်ကလည်း မီးမွှေး ဖို့ခြစ်မရလို့ ကောင်လေးဆီက မီးခြစ်ကလေးငှါးပြီး အိမ်နောက်မှာ ရေနွေးတည်ပြီးလို့ ကော်ဖီလည်း ရရော အိမ်ရှေ့မှာ ဧည့်သည်ကောင်လေးက မရှိတော့ပဲ ပျောက်ချင်းမလှ ပျောက်သွားတယ်တဲ့...ကြီကြီးထားလည်း စဉ်းစားမရအောင်ဖြစ်ပြီး သူ့အဖေပြန်လာတော့ မေးတော့တာပေါ.....ဒီအခါမှာ ကြီးကြီးထားအဖေက ပြန်ဖြေတဲ့ စကားက ပိုပြီးအံသြဖို့ကောင်းတယ်တဲ့...သူခရီးသွားတဲ့ အချိန်ဘယ်ဧည့်သည်မှ လာစရာမရှိဖူးတဲ့...."""
အဖွားကစကားခဏရပ်ပြီး ကျွန်တော်တို့အားကြည့်ရင်း ဆက်ပြောသည်။
"""ဒါပေမဲ့ ကြီးကြီးထားက သိပ့်အစွဲအလမ်းကြီးတယ်...ဒီအဖြစ်အပျက်ကို ဘယ်သူမှ မယုံပေမယ့် သူကတော့ ယုံတယ်....နောက်ပြီး ခဏတာတွေ့လိုက်တဲ့ကောင်လေးကို သူ့ဘ၀တသက်တာလုံးချစ်သွားရှာတယ်...ကောင်းလေးကျန်ခဲ့တဲ့ မီးခြစ်ကလေးက သက်သေပဲမဟုတ်လားကွယ်....."""
ကျွန်တော် ရင်တွေတဒိတ်ဒိတ်ခုန်နေသည်။စိုးမိုးလည်း ကျွန်တော့် မျက်နှာကို လှမ်းကြည့်ပြီး အံ့သြ နေသည်။
"""အဖွားလေး....သားတို့ကို ကြီးကြီးထားပုံရှိရင်ပြပါလား.."""စိုးမိုးက ပြောလိုက်သည်။
"""ပြမှာပေါ့ကွယ်....သီသီရေ...ငါ့အခန်းထဲက ယွန်းဘူးလေး ယူခဲ့စမ်းပါ...."""
အဖွားက ဒေါ်လေးသီအား လှမ်းပြောလိုက်သည်။ခဏကြာ ဒေါ်လေးသီ လက်ထဲတွင်ယွန်းဗူး အမည်းလေးပါလာသည်။
"""ဒီမှာကွဲ့ ကြီးကြီးထား ငယ်ငယ်ကပုံလေး....သိပ့်ချောတာကွဲ့ ....အဖွားလေးကို ကြီကြီးထားက သိပ့်ချစ်တာ ဒါကြောင့် သူ့အဖြစ်အပျက်တွေကို ခဏခဏပြောပြလို့ အလွတ်တောင်ရတယ်ကွဲ့....."""
အဖွားလက်ထဲက ဟောင်းနွမ်းနေသော အဖြူအမဲ ဓာတ်ပုံကလေးကို ကျွန်တော်ယူကြည့်မိသည်။ သူမမှ သူမ အစစ် ကျွန်တော်နေ့ခင်းကတင် စကားပြောခဲ့သော သူမ ကျစ်ဆံမြီး လေးကျစ်ပြီး သွားထပ်ကလေးပေါ်အောင် ပြုံနေသည့် သူမပါပဲ....
"""ဒါလေးကတော့ကြီးကြီးထားသိမ်းထားတဲ့ ကောင်းလေးရဲ့ မီးခြစ် ကလေးပေါ့....."""
အဖွားလက်ထဲက အရာလေးကို မြင်တော့ ကျွန်တော်အသက်ရှူဖို့ပင်မေ့သွားသည်။သေချအောင် ယူကြည့်လိုက်သည်။ ထိုအရာကား အရောင်လွင့်ပျယ်နေသော ဇစ်ပို မီးခြစ် ကလေးပင်ဖြစ်သည်။မီးခြစ် ကလေး၏ အောက်ခြေတွင် ဝေမင်းကို WM ဟုအတိုကောက်ရေးထိုးထား သော စာလုံးလေး နှစ်လုံးကို တွေ့လိုက်ရသည်။
ကျွန်တော့် မျက်လုံးများ ပြာဝေသွားသည်။ နေ့ခင်းက ကျွန်တော် သူမကို ပေးလိုက်သော မီးခြစ်ကလေးပင်ဖြစ်သည်။ ကျွန်တော်ပေးတုန်းက သစ်လွင်တောက်ပပြီး အခု ဟောင်းနွမ်းနေသည်သာကွာခြားသည်။
ဒါဆို.. ...တကယ်ပဲ ထားထားနွယ် နှင့် အတိတ်ကာလ ဆီသို့ရောက်ရှိသွားပြီး တွေ့ဆုံခဲ့တာလား....ကျွန်တော် ဦးနှောက်က ဉာဏ်မမှီသလို စဉ်းစား၍လည်း မရခဲ့ပါ။
ကျွန်တော် လိမ်ညာနေခြင်းမဟုတ်သည်ကိုတော့ သူငယ်ချင်း ဖြစ်သူစိုးမိုးအသိဆုံးဖြစ်ပေလိမ့်မည်။ ဘာကြောင့်လည်း ဆိုတော့ ထိုမီးခြစ်ကလေး သည် စိုးမိုး ကိုယ်တိုင် ကျွန်တော်အသက်နှစ်ဆယ်ပြည့်မွေးနေမှာ လက်ဆောင်ပေးခဲ့သော မီးခြစ်ကလေး ဖြစ်သည်မဟုတ်ပါလား။ ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Jipsy Lay (www.jipsylay.blogspot.com/)
ကျေးဇူးတင်ပါတယ်
Credit -သျှား
😃

No comments:
Post a Comment