Friday, 3 March 2017

ဆေးလိပ်ဖြတ်လိုက်ခြင်းက သင့်ရဲ့  စိတ်ကျန်းမာရေးကို ပိုမိုအကျိုးရှိစေနိုင်

ဆေးလိပ်ဖြတ်လိုက်ခြင်းက သင့်ရဲ့  စိတ်ကျန်းမာရေးကို ပိုမိုအကျိုးရှိစေနိုင်

အကယ်၍ သင်ဟာဆေးလိပ်သောက်တတ်တဲ့သူ ဖြစ်မယ်ဆိုရင် တချို့ အချိန်တွေမှာ စိတ်ညစ်စရာ၊ စိတ်ဖိစီးစရာ၊ ဒေါသထွက်စရာတွေ ကြုံလာတာနဲ့ ဆေးလိပ်သောက်ပြီး စိတ်ငြိမ်အောင် ကြိုးစားဖူးမှာပါ။ ဟုတ်ပါတယ်။ ဆေးလိပ်တလိပ်သောက်လိုက်ခြင်းဖြင့် အခိုက်အတန့်တော့ စိတ်ငြိမ်သွားတယ်လို့ သင်ထင်မိမှာပါပဲ။ ဆေးလိပ်သောက်သူတော်တော်များများက ဒီကိစ္စကို လက်ခံထားကြပါတယ်။
 
ဒါဟာ မှားယွင်းတဲ့လုပ်ရပ်ပါ။ ဆေးလိပ်ဟာ သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အန္တရာယ်များတဲ့အရာပါ။ အဓိကအနေနဲ့ ကင်ဆာရောဂါ၊ နှလုံးသွေးကြောနဲ့ဆိုင်တဲ့ရောဂါတွေပါ ဆေးလိပ်သောက်တာကြာလာတာနဲ့အမျှ ဖြစ်လာမှာပါ။ ပညာရှင်တွေကတော့ "ဆေးလိပ်သောက်ခြင်းက တကယ်ကို စိတ်ကျန်းမာရေးအခြေအနေတွေကို ပိုမိုကောင်းမွန်တိုးတက်လာစေမယ်ဆိုရင် ပြည်သူ့စိတ်ကျန်းမာရေးအတွက် ဆေးလိပ်က အကောင်းဆုံးဆိုပြီး ပြဠာန်းပေးထားမှာပေါ့" လို့ ဆိုပါတယ်။ 
 
အမှန်တော့ ဆေးလိပ်ဖြတ်လိုက်ခြင်းကမှ သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်ရော သင့်ရဲ့  နေ့စဉ်လူနေမှုဘဝကိုပါ ပြောင်းလဲတိုးတက်စေမှာပါ။ ဆေးလိပ်မသောက်ဘဲနေတာ ရက်ပိုင်းအတွင်းမှာ သင့်ရဲ့  စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျမှုစတာတွေကို လျော့နည်းသွားစေပါတယ်။ သြစတြေးလျ ပညာရှင်တွေရဲ့ Black Day Institute သုတေသနပြုလုပ်ချက်အရ ဆေးလိပ်ဖြတ်လိုက်တဲ့လူတယောက်ရဲ့  စိတ်အခြေအနေဟာ စိတ်ကျရောဂါကြောင့်ကုသမှုကိုခံယူပြီးတဲ့ လူရဲ့ စိတ်အခြေအနေတိုးတက်မှုနဲ့ အတူတူပဲ ဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။
 
ဒါကြောင့် သင်ဟာဆေးလိပ်စွဲနေတယ်ဆိုရင်လည်း ဖြတ်နိုင်အောင်ကြိုးစားပါ။ လုံးဝမဖြတ်နိုင်သေးဘူးဆိုရင်တောင် အနည်းဆုံးတော့ လျော့သောက်နိုင်အောင်ကြိုးစားပါ။ သင့်ရဲ့  ပတ်ဝန်းကျင်နဲ့ သင့်ရဲ့ လူနေမှုပုံစံ ဘယ်လိုပြောင်းလဲသွားလဲဆိုတာ သင်သိလာမှာပါ။
 

Jipsy Lay  (www.jipsylay.blogspot.com)

Credit;
Trend Myanmar

No comments:

Post a Comment