Thursday, 2 March 2017

လူတိုင်း ရောဂါမဆိုးခင်အမြန်ကုသင့်တဲ့ ရောဂါ (၅) ခု

လူတိုင်း ရောဂါမဆိုးခင်အမြန်ကုသင့်တဲ့ ရောဂါ (၅) ခု
.
.
ရောဂါနာမည် (၁) ---- “ခဏ”
.
ခဏ မနက်ဖြန်မှလုပ်မယ်
ခဏ မနက်ဖြန်မှစကြိုးစားမယ်
ခဏ လေးထားလိုက်အုံးနောက်မှလုပ်မယ်
နောက်ဆုံးကျတော့ ဘယ်တော့မှ ပြောသလိုမျိုးမလုပ်တဲ့ရောဂါ
ကုနည်း ---- ခဏ ဆိုတဲ့ စကားကို အခု ဆိုပြီးပြောင်းလိုက်ပါ
ဘဝကောင်းချင်တယ်ဟုတ် ၊ ရတယ် ခုချက်ချင်းပြောင်းပါ
.
ရောဂါနာမည်(၂) ---- “အကြောင်းပြချက်”
.
ငါအဆက်အသွယ်မကောင်းလို့
ငါဒီလိုပဲမွေးလာတာပဲ၊ ငါ့ရဲ့ကံပဲပေါ့
သူပိုတော်လို့ပိုချမ်းသာတာပေါ့
ဒီနေ့ဈေးရောင်းမကောင်းတာ မိုးရွာလို့
စသဖြင့်
ကုနည်း ---- Bill Gates ပြောခဲ့တဲ့စကားကိုမှတ်ထားပါ
ခင်ဗျားမွေးလာကတည်းက ဆင်းရဲရင် အဲ့ဒါခင်ဗျားအပြစ်မဟုတ်ဘူး
ဒါပေမဲ့ ခင်ဗျား ဆင်းဆင်းရဲရဲ နဲ့သေရရင်တော့ အဲ့ဒါခင်ဗျာအပြစ်ပဲပြောရလိမ့်မယ်တဲ့
ကိုယ့်ရဲ့ဘဝကို ကိုယ်တိုင်တာဝန်ယူပါ
ကိုယ်မအောင်မြင်အောင် အကြောင်းပြချက်တွေပဲ လိုက်ရှာမနေနဲ့ဗျ
ကိုယ်အတတ်နိုင်ဆုံး ကြိုးစားပါ
.
.
ရောဂါနာမည် (၃) ---- “စောင့်မယ်”
.
အဆင်သင့်ဖြစ်တဲ့ထိစောင့်ပြီးမှ
ပိုက်ဆံရှိတဲ့အထိ စောင့်ပြီးမှ
ဟိုအရာရှိမှ ဒီဟာရှိတဲ့အထိစောင့်ပြီးမှ
သေချာကြိုးစားမယ်ဗျတဲ့
နောက်ဆုံးကျတော့ ဘယ်တော့မှအဆင်သင့်မဖြစ်ခဲ့ဘူး
အဲ့တော့ စောင့်ရင်းစောင့်ရင်းနဲ့ ဘဝကအရင်နေရာပဲ ကွက်ကွက်တောင်မရွေ့ဘူး
ကုနည်း ---- လွယ်လွယ်လေး ခုထလုပ်တော့
.
.
ရောဂါနာမည် (၄) ---- တွန့်ဆုတ် တွန့်ဆုတ်
.
လူအများကပြောတယ်
အောင်မြင်တဲ့လူအများစုက ဆုံးဖြတ်ချက်ချတာမြန်တယ် ၊ စိတ်ပြောင်းလဲဖို့ခက်တယ်
( သူတို့သေချာတဲ့ Information မရမချင်းပေါ့ )
အောင်မြင်တဲ့လူအနဲစုက ဆုံးဖြတ်ချက်ချဖို့ နှေးတယ် ၊ စိတ်ပြောင်းလဲလွယ်တယ်
ကျွန်တော်လဲ ဟုတ်တယ်လို့ ထင်တယ်
.
ဒီနေ့ဒီအရာကိုရွေးလိုက်တယ် ၊ မနက်ဖြန် နောက်အရာတစ်ခုကိုပြောင်းတယ်
ဒီနေ့ဒီအရာလုပ်ဖို့ဆုံးဖြတ်လိုက်တယ် ၊ မနက်ဖြန်ကျတော့ နောက်တစ်ခုလုပ်ဖို့ စိတ်ပြောင်းတယ်
ဒီနေ့အားကစားသမားဖြစ်ချင်တယ် မနက်ဖြန်ကျတော့ စီးပွားရေးသမားဖြစ်ချင်ပြန်ရော ၊နောက်ရက်ကျတော့
ဘာမှမလုပ်တော့ဘူး သာသနာ့ပေါင်ထဲဝင်မယ်ပေါ့
အဲ့လိုမျိုးပဲ ဘာမှမသေသေချာချာမရှိဘူး ဒါကြောင့် ဒီလိုမျိုးသူတွေက ဘယ်အရာအပေါ်ကိုမှ Focus လုပ်လို့မရဘူးပေါ့
.
ကျွန်တော်တို့ ရည်မှန်းချက် ပြောင်းလို့မရဘူးလို့ဆိုလိုတာမဟုတ်ဘူးနော်
ရည်မှန်းချက်ပန်းတိုင်ကပြောင်းလို့ရပါတယ် ။
အကယ်လို့များ ခင်ဗျားပန်းတိုင်ကို ကြိုးစားရင်းနဲ့ ခင်ဗျားလမ်းတစ်ဝက်မှာ ခင်ဗျားပန်းတိုင်ထင်ကောင်းတဲ့အရာကို တွေ့ခဲ့ရင်ပေါ့
ဒီနေ့တစ်မျိုးနောက်နေ့တစ်မျိုး တွန့်ဆုတ်တွန့်ဆုတ် တော့မလုပ်နဲ့ဗျ
ကုနည်း ---- ခင်ဗျားဘာလိုချင်လဲဆိုတာ ကောင်းကောင်းစဉ်းစားပါ ။ပြီးတော့ ပြတ်ပြတ်သားသားဆုံးဖြတ်ပါ။
.
.
ရောဂါနာမည် (၅) ---- လွယ်လွယ်နဲ့ အရှုံးပေးတတ်
နဲနဲအခက်အခဲတွေ့တာနဲ့ အရှုံးပေးမယ်
နဲနဲပြဿနာတွေ့တာနဲ့ နောက်ဆုတ်မယ်ဆိုတာပဲ
.
စာရေးသမား ဖြစ်ချင်တယ်
တစ်ပတ်လောက်ရေးပြီးစာတင်လိုက်တယ်
ဖတ်တဲ့လူမရှိတော့ စာမရေးတော့ဘူးဆိုပြီး အရှုံးပေးမယ်
.
ရင်းနှီးစီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်တယ်တဲ့
စာအုပ်တစ်အုပ်ဖတ်ပြီး စလုပ်တော့ ပြဿနာနဲနဲတွေ့တော့ မလုပ်တော့ဘူးတဲ့
.
ချမ်းသာချင်တယ်တဲ့ ကိုယ်ပိုင်စီးပွားရေးရှိချင်တယ်တဲ့
လက်တွေ့ချလုပ် တော့ ကိုယ်ထင်သလောက်မလွက်တဲ့ချိန်ကျတော့ အရှုံးပေးချင်လာရော
.
ပန်းတိုင်ကိုကြည့်လိုက်အကြီးကြီးပဲ ဒါပေမဲ့ သူတို့ရဲ့စိတ်ကသူ့ပန်းတိုင်လောက် မကြီးနိုင်ဘူး
ကုနည်း ---- ကိုယ့်ရဲ့ Persistence (မဆုတ်မနစ်ကြိုးစားမှု) ကိုလက်စွဲထားပါ
အကယ်လို့ ခင်ဗျားဆုံးဖြတ်ထားတဲ့အရာက မှန်တယ်လို့ ယုံကြည်တယ်ဆိုရင်
နောက်မဆုတ်ပါနဲ့၊ အကယ်လို့ အလုပ်မဖြစ်ပြန်ရင် နည်းလမ်းပြောင်းပါ
မအောင်မြင်မချင်းကြိုးစားပါ နောက်မဆုတ်ပါနဲ့
.
.
.
.ဒါက လူအများဖြစ်တတ်တဲ့ရောဂါ (၅) ခုပါ
ကုနည်းကောထည့်ပေးထားတယ်
.
ကိုယ်နဲ့တိုက်ဆိုင်တဲ့အချက်ကို ကြိုက်သလိုရွေးပြီးတော့ သုံးလို့ရပါတယ်
အကျိုးရှိရင် ကျေးဇူးပြုပြီး Share ပေးပါဗျ
ဒီရောဂါဖြစ်ပြီး ကိုယ်တိုင်မသိတဲ့ သူတွေအတွက်ပါ
ကောင်းသောနေ့လေးဖြစ်ပါစေဗျာ

ဲJipsy Lay
Credit:
 

No comments:

Post a Comment