"""အလွမ်းရင့်ရင့် ညနေ"""
~~~~~~~~~~~~~~~~~~~~~~~
အပိုင်း-၂(ဇာတ်သိမ်း)
ကိုးဖိုးထူးနှင့် မိနွေတို့ မင်္ဂလာ အခမ်းအနားကတော့ မိနွေတို့ရဲ့ ဆင်းရဲ သားရပ...်ကွက်က တဲယိုင်နဲ့နဲ့လေးထဲတွင် ဘ၀တူ အခြေခံလူတန်းစားများအား မင်္ဂလာ လ္ဘက်ရည်နဲ့ မုန့် တိုက်ကြွေးပြီး အကြင်လင်မယား ဖြစ်ခဲ့ကြလေသည်။
ဒီလိုနှင့် သုံးနှစ်ဆိုသောအချိန်ကာလကို သူတို့ဖြတ်ကျော်ခဲ့ကြသည်။
"""မိနွေ...ဘာလိုလိုနဲ့ ငါတို့ အိမ်ထောင်သက်တောင် သုံးနှစ်ရှိပြီဟ..."""
"""အဲ့ဒါ ဘာဖြစ်လည်း...ကိုဖိုးထူး ရဲ့..."""
"""အော်.. ဒီမိန်းမနှယ်...ခက်ပြီ...ဟိုဟာ လေးဘာလေး နင်မရဖူးလား..."""
"""ဘယ်ဟာလည်းတော်...နားမရှင်းအောင်ပြောရော်မယ်..."""
"""ရင်သွေး လေးဘာလေး..."""
"""ကိုဖိုးထူးရယ်....ကျွန်မ လည်းဘာမှမလုပ်ထားပါဖူးတော် သူ့ဟာသူမရသေးတာပါ...ကျွန်မ လည်းလိုချင်တာပေါ့တော်...."""
ဟုတ်တော့လည်း ဟုတ်ပါတယ် လေ သူမတို့အိမ်ထောင်သက် သုံးနှစ်မှာ သားသမီးမှမထွန်းကားပဲ ...ကိုဖိုးထူး ခမျာလိုချင်ရှာမည် ဖြစ်သည်။
တနေ့ တနေ့ လင်နဲ့မယား ကုန်းရှုန်းရှာမှ ထမင်းနပ်မှန်သော ဘ၀ထဲကို ရင်သွေးကလေး ပါရလာလျှင်....အို...ငါ ဘာတွေ တွေးနေတာလည်း ရင်သွေးဆိုတာ ငါတို့အတွက်တော့ ရတနာပါပဲလေ...
မိနွေ အတွေးစကို ဖျောက်ပစ်ပြီ ကြော်လက်စ အကြော်များ အပေါ်သာ အာရုံစိုက်ထားလိုက်သည်။
"""ဟဲ့...မိနွေ...မိနွေ....နင့်အမေ.."""
"""ဘာဖြစ်လဲ...ခင်မေ...ပြောစမ်းပါဟယ်...."""
မိနွေ အိမ်သို့ ရောက်သောအခါ အိမ်နီးချင်း တချို့ရောက်နေကြသည်။ အမေကတော့ အိပ်ယာထက်ဝယ် အသက်ကို ခဲယဉ်းစွာ ရှူနေရှာသည်။
"""အမေ...အမေ...သမီးရောက်ပြီလေ အမေ...ရယ်...ဘာလိုဖြစ်ရတာလည်း..."""
မိနွေရဲ့ နောက်ဆုံးစကားလေး များကိုပင် အမေ့ခမျာ ကြားနိုင်တော့မည် မဟုတ်ပေ။ အမေသည် မိနွေနှင့် တကွ ဆင်းရဲနုံချာ လှသော ဘ၀ကြီးကို ကျောခိုင်းထွက်ခွာသွားပြီဖြစ်သည်။
"""......အမေ..........."""
မိနွေ အားရပါးရ အော်ငိုချလိုက်သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အမေ့ အသုဘရက်လည်ပြီနောက် ကိုဖိုးထူး က မြိတ်ကျွန်းစု သို့ ထွက်ခွာမည့် ကုန်သင်္ဘောတွင် အထမ်းသမား အဖြစ်လိုက်ပါသွားရမည်ဖြစ်သည်။ အမေဆုံးထားတာ မကြာသေး၍စိတ်သောကရောက်နေရှာသော မိနွေကို စိတ်မချသော်လည်း အလုပ်က ရတုန်းလုပ်မည့် ဘ၀မို့ မတတ်သာပေ။
"""မိနွေ...အကြော်လည်း မထွက်ပါနဲ့အုန်းဟာ...ငါ မရှိတုန်း စိတ်ချပါရစေဟာ..."""
"""စိတ်ချပါ...ကိုဖိုးထူး ရယ်..."""
အမေလည်းဆုံး ကိုဖိုးထူး လည်း သင်္ဘောပေါ်လိုက်သွားသဖြင့် မိနွေခမျာ တယောက်တည်း အထီးကျန် စွာခံစားနေရသည်။
ကိုဖိုးထူး ကဈေးမရောင်းဖို့ မှာခဲ့သော်လည်း မိနွေခမျာ မနေတတ်၍ ဈေးပြန်ရောင်းရင်း စိတ်ဖြေနေရသည်။
ကံတရား သည် လူတို့မခန့်မှန်းတတ်အောင်ပင်ဆန်းကြယ်လွန်းလှသည်။ မိနွေ တယောက်ခုတလော ကိုယ်လက်မအီမသာ ဖြစ်နေသည်။
မိနွေ ကိုယ်ဝန်ရှိနေပြီဖြစ်သည်။ကိုဖိုးထူးတယောက် သင်္ဘော ကပြန်ရောက်ရောက်ချင်း..
"""မိနွေ...ဟေ့...မိန်းမ ရေ..."""
"""အမလေး..ကိုဖိုးထူး ရယ်...ကျွန်မ ဒီမှာပါ..."""
"""အေးပါ...ငါက အိမ်ရောက်ရောက်ခြင်း ...နင့်မျက်နှာမြင်မှအမောပြေတာ...."""
"""ဒီထက်အမောပြေစရာ ရှိသေးတယ်.. .ကျွန်မ....ဟိုလေ...ဟိုဟာ လေ..."""
"""ဘာလည်းဟင်....ဘာလည်း...မိန်းမ...ခလေး..ခလေးရပြီလား..."""
"""ဟုတ်..."""
"""အောင်မလေး.. .ပျော်လိုက်တာဗျာ..."""
ကိုဖိုးထူးခဗျာ ဟန်ပင်မဆောင်နိုင်အောင် ဖြစ်နေရှာသည်။ ကိုဖိုးထူး ၏အပျော်များ သည် မိနွေအတွက်တော့ ပီတိ အပြုံးများ ကို ဖြစ်ပေါ်စေသည် မဟုတ်ပါလား..။

မိနွေ ဗိုက်ကလေး ကတဖြည်းဖြည်း ထွက်လာလေပြီ။ မွေးခါနီးလာပြီ ဖြစ်၍ကိုဖိုးထူးမှာ အလုပ်ကို နေ့မနားညမနား ကြိုးစားရှာလေသည်။ မိနွေကိုလည်း အရိပ်တကြည့် စိတ်မချရှာပေ။
သို့သော်...ကံကြမ္မာ က သူတို့မိသားစုလေးကို မျက်နှာသာမပေးခဲ့ပေ။ တနေ့......
"""အမ....ဒါကိုဖိုးထူး တို့အိမ်လား..."""
"""ဟုတ်ပါတယ် ကွယ်...."""
ကောင်းလေးက မိနွေအားကြည့်ပြီး ခပ်ဆိုင်းဆိုင်းလုပ်ရင်း.....
"""ပြောပါကွယ်...မောင်လေး...အမက..ကိုဖိုးထူးမိန်းမပါ....ဘာကိစ္စလည်း ကွဲ့...."""
"""အမ စိတ်ခိုင်ခိုင်ထားနော်....အကိုဖိုးထူး...မြိတ် ကျွန်းမှာ သင်္ဘော ကပ်တုန်း...ကုန်တင်ကုန်ချ လုပ်နေရင်း..ရေထဲပြုတ်ကျသွားတယ် အမ....လူနဲ့ကုန်က မတန်တဆဖြစ်နေတော့ ဟန်ချက်လွဲပြီး ကုန်းဘောင်ပေါ်ကနေ ကျသွားတာ အလောင်းကခုထိရှာမရသေးပါဖူး...."""
မကြားပါ ဘာဆိုဘာမှ မကြားတော့ပါ စိတ်နှင့်လူက မကပ်တော့ နောက်ဆုံးအရာရာ အမှောင်အတိကျသွားတော့သည်။
ကံဆိုးမသွားလေရာ မိုးလိုက်လို့များရွာနေသလားကွယ်...မိနွေ ခမျာ ကိုယ်ဝန်နေ့စေ့ လစေ့ကြီးနှင့် ပဋာမြေလူး ဖြစ်ရရှာသည်။
အလောင်းပင်ပြန်မရတဲ့ အသုဘ ရက်လည်ပွဲလေးက တိတ်ဆိတ် စွာပြီးဆုံးသွားသည်။ လူသားတယောက် လူ့လောကထဲက တိတ်တဆိတ် ပင်ထွက်သွားခဲ့လေပြီ.....။
"""အား....အမေရေ....ကိုဖိုးထူးရဲ့...အမလေး...နာလိုက်တာတော်....."""
"""အားတင်ထား....မိနွေ...သူငယ်ချင်း....အားတင်းလိုက်နော်....မွေးတော့မှာပါ...""""
ခင်မေနှင့် အရပ်လက်သည် ဒေါ်ဖွားမိက မိနွေ ၏ရင်သွေးကလေး ကိုလူ့လောကထဲရောက်ရန်ကြိုးစား ပေးနေကြသည်။
"""မွေးပြီဟေ့....မွေးပြီ...ယောကျာ်း လေးတော့..."""
"""...အူ.၀ဲ....အူဝဲ...."""
သားငယ်ရဲ့ အသံကို ကြားရတော့ အမေနှင့်ကိုဖိုးထူး ကိုသတိရလွန်းသောကြောင့် မိနွေ မျက်ရည်ကျရလေသည်။
အော်....လောကဓံ ဘာကြောင့်များ ကျွန်မတယောက်ထဲအပေါ် ငြိုးလွန်းရတာလည်း လို့မေးခွင့်ရှိရင်မေးချင်ပါတယ်....ဒီအငြိုးတွေ ဘယ်တော့ပြေလိမ့်မလည်း....နွေခေါင်ခေါင်မှာ မွေးခဲ့လို့ မိနွေလို့ အမေက အမည်သညာ ပေးခဲ့လေလို့ပဲ မိနွေဘ၀ အမြဲတမ်း နွေကန္တာလို ပူလောင်ကျွမ်းနေရတာလားလို့ မေးလိုက်ချင်ရဲ့....လောကဓံရယ်.....
~~~~~~~~~~~~~~~~~~~~~~~~~~~~~
"""ကွမ်းယာ...ဆေးလိပ် ရမယ်..."""
"""ကြက်ဥပြုတ်....ငုံးဥပြုတ်ရမယ်နော်..."""
"""အကြော်စုံပူပူလေး...အကြော်စုံပူပူလေး စားကြအုန်းမလား ခဗျာ...."""
အကြော်ဗန်းကလေး ကိုင်ရင်း ဘင်္ဘောဆိပ်တလျှောက် ရောင်းနေသော ကောင်လေး တယောက်ကို တွေ့နေရသည်။
နေမင်းကြီးကတော့ ညနေဆည်းဆာချိန်မှာ ပုစွန်ဆီရောင်တောက်ပစွာ လှနေတော့သည်။
ဈေးသည်များနှင့် အထမ်းသမားများ ခရီးသည်းများ ကတော့ ပျားပန်းခတ် အောင် သွားလာနေကြသည်ကပင် ထိုသဘောင်္ဆိပ်၏ ရှူ့ခင်းတခုပင်ဖြစ်သည်။
ခပ်လှမ်းလှမ်းက အကြော်တဲကလေးတွင်တော့....အရွယ်နှင့်မမျှအောင် အိုစာလွန်းသော အမျိုးသမီး တယောက်က မီးခိုးများ တလူလူထွက်အောင် အကြော်များကို ကြော်ရင်း....သူမ မျက်လုံးများ ကတချက်တချက် ကမ်းနားဘက်ဆီသို့ ငေးမျှော်ရီနေတတ်တယ်.....။
ထိုညနေခင်းသည်လည်း ရင့်သထက်ရင်လာလေတော့သည်။ ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

No comments:
Post a Comment