Monday, 29 May 2017

ဖြောင့်စက်


👦 ဖြောင့်စက် 👦
~~~~~~~~~~~~~~~~~~~~~~~~
မိန်းမဆိုတာ ကောက်စရာမရှိ ဆံပင်ပြေးကောက်တဲ့ အမျိုးဗျ
ဒါကလည်း ဆံပင်ဖြောင့်စက်လို ဖြစ်နေတဲ့ ကျော်တို့ယောကျာင်္းတွေ ရှိနေလို့လေ
ကျော်တို့သာ မရှိရင် ဒင်းတို့တွေဘယ်ကောက်ရဲ ပမလည်း
တစ်ခါတစ်လေ ဘာမှမဟုတ်တာနဲ့ လည်းကောက်တယ်ဗျာ
စိတ်ပြေချင်လည်း ခဏ
မပြေချင်လည်း ချော့ပေတော့
အခုလည်းကြည့်လေ နှုတ်ခမ်းကြီးက မျောက်ဖင်နီကြီးလိုစူထားတာ
ပြောရဲပေါင် ကြောက်လို့ ကြောက်လို့
" 'မ' ရယ်"
"စိတ်ဆိုးပြေတော့လေ"
အံ့မယ်ချော့ကာမှ နှုတ်ခမ်းက ရှေ့တစ်တောင်လောက် ထွက်လာသေး
နှုတ်ခမ်းနှစ်ခု ကလည်းပွစိပွစိနဲ့
"မောင် က ချိန်ထားတာ ( ၅ ) မိနစ်ပဲနောက်ကျတာလေ"
"အဲဒီ( ၅ ) မိနစ်ကို ရှင့်က ဘာလုပ်နေလဲ"
"ဘယ်ကောင်မနဲ့ Q နေတာလဲ ? "
"ဘယ်တွေသွားနေလို့လဲ ? "
"မဟုတ်လုပ်နေတာနေမှာပေါ့"ဟု 'မ' ရဲ့ ရက်ပါလို ရွတ်သံ
"ငင့်"
"ဌယ်"
"ဗျယ်"
"ငါးမိနစ်က အီးပေါက်လောက်တဲ့ အကွာအဝေးပဲ ရောက်တာပါ 'မ' ရယ်"
"ရဘူးကွာ မယုံဘူး"
"တစ်ခုခု မဟုတ်လုပ်နေတာနေမှာ"
မိန်းမတွေရဲ့ ရစ်ချက်က ဂျပန်မူလီတောင် အဖေခေါ် ရမယ့်ကိန်း
"မလုပ်ပါဘူး 'မ' ရယ်"
ရဘူးကွာ ဆိုပြီး နှုတ်ခမ်းကြီး နှစ်ခု
"ဒါဆို ဘယ်လိုချော့ရမှာလဲ 'မ' ရယ်"
"ရအောင်ချော့"
"ငင့်"
"ငယ်ငယ်ကလို သားချော့တေးလေးနဲ့လား"
"မောင် နော်" ထပ်ဆူသွားသည့် နှုတ်ခမ်းက ပန်ထွေဖျော်ရန် အသင့်ဖြစ်နေသော ခရမ်းချဉ်သီး မီးဖုတ်နှယ်
ပြီးတော့ အထူးအဆန်းမေးခွန်းတွေ ထုတ်လိုက်သေး
"KTV ဝင်နေတာလား"
"ငင့် ၅ မိနစ်နဲ့"
"ဟုတ်တယ်လေ သီချင်းပုဒ်ဝက်ဆို နိုင်တာပဲ"
"ဟင် သူကျမှပဲ ကြားဖူးတယ် သီးချင်းတောင်ပုဒ်ဝက်တဲ့"
"ဒါဆို စင်တင်ဝင်နေတာ မဟုတ်လား"
"ဟယ် 'မ' ရယ် ဘီယာတစ်ခါစုပ်တောင် စက္ကန့်သုံးဆယ်ကုန်တာ ဒီ ( ၅ ) မိနစ်နဲ့က"
"ယုံဘူးကွာ စုပ်ပြဆိုပြီး" ကျော့်ဆီထိုးပေးသော ရေသန့်ဘူးကြီး
ပြီးတော့ ရေသန့်ဘူးက ကုန်ခါနီး
"ငင့်"
" 'မ' က Stop watch ကြည့်နေမှာ"
ကျော့်မှာ စက္ကန့်သုံးဆယ်နဲ့ ရေတစ်ခါစုပ်ပြရမှာ မမှီယင်သူ့ရဲ့ စွပ်စွဲချက်တွေ ထပ်တိုးလာအုံးမှာလေ
"ရယ်ဒီး ဝမ်း တူး သရီး" အောင်ပွဲရစစ်သူကြီး အသံနဲ့
ကျော့်မှာ မေးကျောတွေတောင် ထောင်လို့
"ရပြီ မောင် စာမေးပွဲအောင်တယ်"
"ဖြောင်း ဖြောင်း" ကျော့်မှာ အခုထိ အကျောဆွဲနေလို့ မေးရိုးကို ကွကိုယ်တွယ်လိုက်ရသေး
"ဒါဆို ဘာကြောင့် နောက်ကျတာလည်း"
"သြော် သြော်"
မိန်းမများ သူတို့တွေ စွဲချက်တင်ပြီးမှ အဲလို့အကျိုးအကြောင်းမေးတတ်တာ
ကျော့် တို့ဖြောင့်စက်ဘဝကတော့ ပလပ်ပေါက်ပူအောင် ဖြောင့်ပေတော့ပဲ
"ဟိုလေ လမ်းမှာ သယ်ရင်းတစ်ယောက်နဲ့တွေ့တာ"
"ဟင် ဒါဆို အဲနေရာတွေ နှစ်ယောက်သွားခဲ့တာလား" ကြားဖြတ်စွပ်စွဲချက်
"ဆုံးအောင် နားထောင်ပါအုံး 'မ' ရယ်"
"အင်း ပြော" ဘုဆတ်ဆတ် အသံ
"သူက အခုရှိုးပွဲတစ်ပွဲ စီစဉ်နေတာ 'မ' ရဲ့"
"သြော်"
"အဲဒါ သူ့ရှိုးပွဲကို လာအားပေးဖို့ လက်မှတ် Free နှစ်စောင်ပေးပြီး စကားလေးဘာလေး နည်းနည်းပြောနေလို့"
"မောင်" အသံက ခြင်ထောင်သံချက်ချင်းပြောင်းသွားသည့် အဖြစ်
"ဘာတုန်း" ဖြောင့်စက်တို့ ဘဝက ဒီလိုအချိန်လေး မူရတာ
"မောင် ကလည်း စိတ်ဆိုးနဲ့"
"ရဘူး" နှုတ်ခမ်းကြီးထော်ပြီး
"သွားမယ်လေ မောင်"
"ရှိုးပွဲသွားတာ ဝါသနာပါဘူး" ခတ်ပြတ်ပြတ်ပဲ ဘယ်ရမလဲ
"မောင် ကလည်းကွာ"
"မ က ခွေးနှစ်ကောင်ကိုက်ယင်တောင် ထိုင်ကြည့်တတ်တာ သိသားနဲ့"
"မသိဘူး" ဒီလိုအချိန်တွေပဲ ဖြောင့်စက်တို့ဘဝက အချော့ခံရတာကိုး
"နှုတ်ခမ်းကြီး ထော်တာ ဝက်ဖင်ကြီးနဲ့ တူလို့ပါ"
ကြည့်အုံးလေ သူတို့ဆို ပြောချင်တာပြောပစ်တာ ကျော့်တို့များကျ
သူတို့ကောက်နေတဲ့အချိန် အဲလိုများပြောမိလို့ကတော့
ဟင်း ဟင်း တို့ ဟ ဟ တို့တောင် လုပ်နိုင်မည် မထင်
နောက်ထပ်စွဲချက်တွေ ဖြေရှင်းဖို့ပြင်ထားပေတော့
"သွားမယ်လေ မောင် နော် နော်"
"စဉ်းစားမယ်"
"အာဘွား"
"အင်း"
"အာဘွား"
"သွားမယ်လေ 'မ' "
နောက်ဆုံးတော့ ကျော်တို့ ဖြောင့်စက်ဘဝတွေဟာ ကြာကြာလည်း စိတ်မဆိုးတတ် ဆိုးယင်လည်း ချော့လိုက်ခဏ သြော် ဖြောင့်စက် ဖြောင့်စက် ။ ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
Jipsy Lay (www.jipsylay.blogspot.com)
credit pyethant

"""ချစ်​လွန်း၍ မုန်းခဲ့သည်​..."""


"""ချစ်​လွန်း၍ မုန်းခဲ့သည်​..."""
~~~~~~~~~~~~~~~~~~~~
{စ/ဆုံး}
"""​တောက်​..."""...
လူကဂနာမငြိမ်​ ...
မျက်​လုံးများက ကျီးကန်​​တောင်​​မှောက်​...
စိတ်​နဲ့ လူက မကပ်​​တော့....
"""​​မောင်​...လုပ်​ရက်​လိုက်​တာ​နော်​...မဖြစ်​နိုင်​ဖူး လုံးဝမဖြစ်​နိုင်​ဖူး...ဒါ​တွေကို ငါတကယ်​ကြားတာမဟုတ်​ဖူး...အို...မဟုတ်​ပဲ​ရော...မိမိက ငါ့ကို​ပြောမလား"""
ဧည့်​ခန်းထဲတွင်​ ​ခေါက်​တုန့်​​ခေါက်​ပြန်​​လျှောက်​​နေတာ တစ်​နာရီ​ကျော်​​နေပြီ ...
မြခြူးငယ်​ စိတ်​​တွေက အတိတ်​ကာလ ဆီသို့ တဖန်​စီး​မျောသွားပြန်​သည်​​...

"""​မောင်​"""
"""ခြူး...​ပျော်​လားဟင်​"""
မောင့်​ မျက်​နှာကိုရွန်းရွန်းစားစားကြည့်​ရင်း ကျွန်​မ ပြုံးမိသည်​...
"""အို...​မောင်​ကလည်း မ​ပျော်​ပဲ​နေမလား ကိုယ့်​ချစ်​တဲ့သူနဲ့ လက်​ထပ်​ ရတာကိုး..."""
"""ဟားဟား.. .​မောင်​က ကြားချင်​လို့ပါဗျ..."""
မောင်​နှင့်​ ကျွန်​မက တက္ကသိုလ်​ မှစ​တွေ့ပြီး ချစ်​သူ​တွေ ဖြစ်​ခဲ့ကြသည်​။
ကျောင်းပြီး​တော့ မိဘများကို ဖွင့်​​ပြောပြီး လက်​ထပ်​ခဲ့ကြသည်​။ ​မောင်​ကို ကျွန်​မက သိပ့်​ချစ်​သလို...​မောင်​ကလည်း ကျွန်​မကို ချစ်​လွန်းလှသည်​။ ​လက်​ထပ်​ပြီး​နောက်​ ​မောင်​က နိုင်​ငံခြား ကုမ္ပဏီ တခုတွင်​ အလုပ်​၀င်​ခဲ့သည်​။ လင်​မယား နှစ်​​ယောက်​ လွတ်​လွတ်​လပ်​လပ်​ ​နေလို၍ ဆိတ်​ငြိမ်​ရပ်​ကွက်​တခုတွင်​ အိမ်​​လေးငှါး​နေဖြစ်​သည်​။
လက်​ထပ်​ပြီး ရက်​များသည်​ အရမ်းကို သာယာလွန်းလှသည်​။
တခါတ​လေ ကျွန်​မ ​တွေးမိသည်​ နိဗ္ဗာန်​ ဆိုတာ ကျွန်​မတို့ ကမ္ဘာကြီး ထဲမှာ ပင်​ရှိ​နေတာလား ...
ဒီလိုနှင့်​ အိမ်​​ထောင်​သက်​ သုံးနှစ်​​ကျော်​လာခဲ့သည်​။ ​မောင်​လည်း ကုမ္ပဏီ တွင်​ ရာထူးတိုး ပြီး မန်​​နေဂျာ တစ်​​ယောက်​ဖြစ်​လာသည်​။ လင်​ကိုယ်​မယားနှစ်​​ယောက်​မို့ ​မောင့်​လစာက ကျွန်​မအတွက်​ လုံ​လောက်​ရုံတင်​မက ပိုပိုလျှံပင်​ စုမိ​ဆောင်းမိရှိပါသည်​။
မောင်​အလုပ်​သွား​နေ​သော အချိန်​​တွေမှာ ကျွန်​မ က အိမ်​တွင်​ ပျင်းရိ စွာ ရှိ​နေတတ်​သည်​။
တခါတ​လေ ​ကျောင်း​နေဘက်​ သူငယ်​ချင်း မိမိသွယ်​က အိမ်​သို့လာလည်​တတ်​သည်​မှ လွဲ၍ ကျန်​သည့်​ အချိန်​များတွင်​ ကျွန်​မ တ​ယောက်​ထဲ ​မောင်​အလာကို ​စောင့်​​မျှော်​​နေတတ်​သည်​။
ဒီနေ့ အိမ်​သို့ မိမိသွယ်​ ​အလည်​​ရောက်​လာသည်​...
"""မြခြူး...မြခြူး​ရေ..."""
"""ဟယ်​....မိမိ လာ ငါပျင်း​နေတာ...​နင်​လာတာနဲ့အ​တော်​ပဲ...လာထိုင်​..."""
မိမိက ဆက်​တီတွင်​ ၀င်​ထိုင်​ရင်း...
"""ဟဲ့...မြခြူး...သူရ​ရော...မရှိဖူးလား..."""
ကျွန်​မ ၏​မောင်​ နာမည်​က သူရလင်း ဖြစ်​သည်​..သူငယ်​ချင်း​တွေက​တော့ သူရဟုသာ ​ခေါ်ကြသည်​။
"""ဟဲ့...နင်​ကလည်း မသိတာကြ​နေတာပဲ...အလုပ်​သွားတယ်​​လေ...နားရက်​မှမဟုတ်​တာ..."""
"""ငါသိပါတယ်​...​သေချာ​အောင်​​မေးတာ..."""
မိမိစကား​ကြောင့်​ ကျွန်​မ နားမလည်​ဖြစ်​သွားကာ...
"""နင်​စကားက ဘာလည်းဟ...ငါ့ကို​ပြောစရာရှိလို့လား..."""
"""​အေး...ဟုတ်​တယ်​..မြခြူး...နင်​​သေချာနား​ထောင်​...သူရကို မိန်းခ​လေးတ​ယောက်​နဲ့ အပြင်​မှာ ခဏခဏ​တွေ့​နေရတယ်​...အဲ့ဒါ.. .."""
ကျွန်​မ ရယ်​လိုက်​ပြီး မိမိစကားကို ဖြတ်​​ပြောလိုက်​သည်​...
"""အမ​လေး...ဘာများလည်းလို့...အဲ့ဒါ...သူ့လက်​​ထောက်​​လေ...ငါသိတာပဲ....ခ်​ခ်​..."""
"""မဟုတ်​​သေးဖူး မြခြူး...နင်​အိမ်​ထဲမှာပဲ ​နေပြီး​တော့ အပြင်​​လောကမှာ ဘာ​တွေဖြစ်​​နေလည်းဆိုတာနင်​မသိဖူး​နော်​...အခု သူရက အဲ့ဒီ မိန်းခ​လေးကို တိုက်​ခန်း တစ်​ခန်းငှါး​ပေးထားတယ်​တဲ့...."""
မိမိ ​စကား​ကြောင့်​ မြခြူး ပါးစပ်​အ​ဟောင်းသားနှင့်
""".......""""
"""ငါဆက်​​ပြောပြမယ်​...မြခြူး...အဲ့ဒီ တိုက်​ခန်းမျက်​နှာချင်းဆိုင်​တိုက်​မှာ ငါ့အ​ဒေါ်ဝမ်းကွဲ​နေတယ်​​လေ...ငါလည်း အ​ဒေါ်ဆီသွားရင်း ​တွေ့တာ သူရက ​ကောင်​မ​လေးကို လက်​ဆွဲ လို့...ငါမ​သေချာ​သေးလို့ နင့်​ကို မ​ပြော​သေးတာ..."""
ကျွန်​မ ​ခေါင်းခါရမ်းလိုက်​သည်
"""မဟုတ်​ဘူး.. .မဟုတ်​ဘူး ​နော်​...​မောင်​က ...​မောင်​ ငါ့ကို အရမ်းချစ်​တာ...."""
"""မြခြူး ရယ်​...ငါ့ အ​ဒေါ်ကစုံစမ်း​ပေးထားလို့သိရတာ...နင့်​မျက်​လုံးနဲ့ ကိုယ်​တိုင်​မြင်​ချင်​ရင်​...မနက်​ဖန်​...ငါ့ဆီလာခဲ့ ငါလိုက်​ပို့​ပေးမယ်​...နင်​​စိတ်​​အေး​အေးထား​နော်​...."""
ကျွန်​မ ဘာစကားမှပြန်​မ​ပြောနိုင်​​တော့ပါ...
"""ကဲ...မြခြူး...မြခြူး.. ."""
"""ဟင်​..."""
"""ငါပြန်​မယ်​...သူငယ်​ချင်း...နင်​ဘာမှ စိတ်​မ​ကောင်းမဖြစ်​နဲ့...ငါတို့​ဖြေရှင်းကြတာ​ပေါ့ဟာ..."""
မိမိပြန်​သွား​တော့ မြခြူး ဧည့်​ခန်းထဲတွင်​ ​လျှောက်​ရင်း
မနက်​ဖြန်​ အတွက်​စဉ်းစား​နေမိသည်​။
❦ ❦ ❦ ❦ ❦ ❦ ❦ ❦
"""အမ​လေး...ဘုရား...​မောင်​မှ ​မောင်​အစစ်​ပါ..."""
မိန်းမတ​ယောက်​၏ လက်​ကို တွဲရင်း တိုက်​ခန်း​ပေါ်တတ်​သွားသည်​။
ကျွန်​မစိတ်​​တွေ ​ဆောက်​တည်​ရာမဲ့ ဖြစ်​​ကာ မိမိတို့ အ​ဒေါ်အိမ်​မှာပင်​ ရှိုက်​ကြီးတငင်​ ငိုခဲ့မိသည်​။
ထို့​နောက်​ ကျွန်​မ အိမ်​သို့ ပြန်​လာခဲ့သည်​။
ဒီကိစ္စ ကို ကျွန်​မ ဘယ်​လို ​ဖြေသိပ့်​ရမလည်း
မောင်​ရယ်​....ရက်​စက်​လိုက်​တာ....
"""ခြူး​ရေ...ခြူး..."""
ဟော...​မောင်​ပြန်​လာပြီ...ကျွန်​မ ​မောင့်​ကို ဘာ​ပြောရမလည်း...​မောင့်​မျက်​နှာကို ဘယ်​လို ပြန်​ကြည့်​မရလည်း...မသိသလို​နေရမလား...ဒါမှမဟုတ်​ ​မေးလိုက်​ရင်​​ကောင်းမလား....
"""ဟိတ်​...ဘာ​ငေး​နေတာလည်း...ခြူး..."""
"""​မောင်​..."""
"""​ပြော​လေ...."""
"""ကျွန်​မ...​မောင့်​အ​ကြောင်း​တွေအားလုံးသိပြီးပြီ...
မောင်​ ဘယ်​သူနဲ့ ဘယ်​လို ဆိုတာ...အို...​ဟော့ဒီ မျက်​လုံးနဲ့​တောင်​ မြင်​ပြီးပြီ....​မောင်​ဘာငြင်းမလည်း..."""
မောင်​က သက်​ပြင်းချရင်း...
"""ဟုတ်​တယ်​ခြူး...​ငါ လည်း ဆက်​မညာချင်​​တော့ဖူး...ဖွင့်​​ပြောမလို့ပါပဲ...အခု​တော့ မင်းကသိပြီးပြီဆို​တော့...​ကောင်းတာ​ပေါ့.. .သူက ​ကေသီတဲ့ မင်းသိပါတယ်​...ငါ့လက်​​ထောက်​ မိန်းခ​လေးပဲ..."""
မောင့်​ရဲ့ ​အေးစက်​တဲ့ မျက်​နှာကို ကျွန်​မ ​မော့ကြည့်​​နေမိသည်​။
အရင်​ကလည်း အခုလို အကြိမ်​များစွာကြည့်​ဖူးသည့်
မောင့်​မျက်​လုံး​တွေက အခု​တော့ တကယ်​ကို အသက်​မဲ့​နေသလိုပင်​....
"""မြခြူး.. .ငါ့ကို ခွင့်​လွှတ်​ပါ​လို့ ငါမ​တောင်းဆိုဖူး...
ငါ ​ကေသီကို လက်​ထပ်​​တော့မယ်​...မင်းငါ့ကို မုန်းချင်​မုန်းလိုက်​ပါ...."""
"""​မောင်​ရယ်​...ကျွန်​မ က ဘာအပြစ်​များရှိလို့လည်း...ဘာ​ကြောင့်​ ခုလိုလုပ်​ရက်​တာလည်း ​မောင်​ ​ပြောစမ်းပါ..."""
"""​ကေသီကို...ငါချစ်​တယ်​...မခွဲနိုင်​ဖူး...ဒါ​ကြောင်​ပဲ...မင်းမှာဘာအပြစ်​မှ မရှိပါဖူး...ကဲ...ငါသွား​တော့မယ်​...မင်းလည်း အကုန်​လုံး သိသွားပြီပဲ...မနက်​ဖန်​ ကွာရှင်းစာချုပ်​ငါ ပို့လိုက်​မယ်​...မင်းအတွက်​ ငါ့ပိုင်​ဆိုင်​မှု့ အကုန်​ထားခဲ့မှာပါ..."""
မောင့်​ စကားလုံး​တွေက နားထဲမှာ သံရည်​ပူလို စီးဆင်း​နေသည်​။ တချိန်​က ​မောင်​ရဲ့ ချစ်​ပါတယ်​ဆိုတဲ့ စကား​တွေ...ကြင်​နာမှု ​တွေနဲ့ ​ထွေးပိုက်​ခဲ့ပုံ​တွေ အားလုံ...အားလုံး ကျွန်​မ ပြန်​မရနိုင်​​တော့ဖူး...ကျွန်​မ ယုံကြည်​ခဲ့သမျှ...တဘ၀လုံးအတွက်​ ​ပေးဆပ်​ခဲ့သမျှ​တွေရဲ့ ရလဒ်​ က ဒါပဲလား.. .
ကျွန်​မ အသက်​ထက်​မက ချစ်​ခဲ့သမျှ...
မောင့်​ဆီက ပြန်​ရတာ ဒါပဲလား.. ..
မောင်​က​တော့ အိပ်​ခန်း ထဲတွင်​ ပစ္စည်း များကို သိမ်းဆည်း ​နေသည်​။
"""​မောင်​...တကယ်​ပဲ သွား​တော့မှာလား..."""
မောင်​က ကျွန်​မ ကို​မကြည့်​ပဲ ​ဖြေသည်​...
"""ဟုတ်​တယ်​...."""
"""​မောင်​...ကျွန်​မကို မချစ်​​တော့ဖူးလားဟင်​..."""
"""​တော်​ပါ​တော့ မြခြူး.. .ငါဘာမှမ​ပြောချင်​​တော့ဖူး...မင်းနဲ့ငါ...ဒီမှာ တင်​ပြီးပါပြီ.. ."""
ကျွန်​မ မျက်​လုံးထဲတွင်​ မျက်​ရည်​ ​ရေကာတာကြီးကျိုးကျသလို ဒလ​ဟော စီးဆင်းလာ​သော မျက်​ရည်​များ.. .ကို လက်​ဖမိုးဖြင့်​သုတ်​၍မနိုင်​​တော့​ပေ....
မောင်​၏အလန့်​တကြား ​အော်​သံထွက်​​ပေါ်လာသည်​။
"""မြခြူး.. .ခြူး...မလုပ်​ပါနဲ့ ....မလုပ်​နဲ့.. ..အားးးးးးး""""
"""ဟင်း...ဟင်း..​မောင်​ရယ်​...​မောင့်​ကို ချစ်​လို့ပါ...
ဟားဟား.. .မဟုတ်​ဘူး.. .​မောင့်​ကို မုန်းတယ်​...ဟားဟား.. ."""
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦
"""မြခြူး.. ..မြခြူး...တံခါးဖွင့်​​ပေးပါ....သူငယ်​ချင်း.. .ငါ မိမိပါဟာ..."""
"""မမြခြူးငယ်​...ကျွန်​​တော်​ တို့ ရဲတပ်​ဖွဲ့ကပါ...တံခါးဖွင့်​​ပေးပါ ... """
အိမ်​​ရှေ့က အသံ​တွေကြား​နေရသည်​။
ဘာ​တွေလည်း ဘာသံ​တွေလည်း မိမိသွယ်​အသံလည်း ကြားရသည်​။
ကျွန်​မ တံခါးဆီသို့ဖြည်းညင်းစွာ ​လျှောက်​သွားသည်​။
ထို့​နောက် တံခါးဂျက်​ကို ဆွဲဖွင့်​လိုက်​သည်​။
"""မြခြူး.. .သူငယ်​ချင်း.. ."""
ဦးစွာ မြင်​လိုက်​ရတာက သူငယ်​ချင်း ဖြစ်​သူ မိမိ...
မိမိနှင့်​အတူ ယူနီ​ဖောင်းဝတ်​ ရဲအရာရှိများ...
"""မမြခြူးငယ်​.. ..ခင်​ဗျား ခင်​ပွန်း ကိုသူရလင်း ဘယ်​သွားလည်း ခမျာ..."""
"""ဟင်း..ဟင်း...ရှိပါတယ်​ရှင်​...ရှိပါတယ်​..."""
မိမိက စိုးရိမ်းတကြီး မျက်​နှာနှင့်​...
"""မြခြူး...သူရက အိမ်​မှာရှိတယ်​​ပေါ့...​တော်​​သေးတာ​ပေါ့...ဒီမှာ တိုင်​ချက်​ဖွင့်​ထားလို့ သူရ​ပျောက်​ဆုံးမှု့နဲ့...အခု သူရဘယ်​မှာလည်း..."""
"""မိမိရယ်​...ရှိပါတယ်​ ဆို...ကဲပါ ဒီက အရာရှိကြီးများ​ရော...​မောင့်​ကို လာရှာတာမှတ်​လား...​မောင်​ရှိပါတယ်​ရှင်​...​ဟော...ဟိုမှာ...ဟိုထဲမှာ ထည့်​ထားတယ်​​လေ....ဟားဟား.. ."""
ကျွန်​မ ညွန်​ပြရာ သို့ အားလုံး​ပြေးသွားကြသည်​။
လူတရပ်​​ကျော်​ ​ရေခဲ​သေတ္တာကြီး ကို ရဲသားတ​ယောက်​က ဆွဲဖွင့်​လိုက်​​သောအခါ မြင်​လိုက်​ရတာက.. ..
မောင်​​​ပေါ့...ကိုသူရလင်း ဆိုတဲ့ ​ပျောက်​ဆုံး ​နေတဲ့​မောင့်​ကို​ပေါ့....
မိမိ၏ အလန့်​တအား​အော်​သံ ထွက်​လာသည်​။
"""အမ​လေး...သူရ......မြခြူး မြခြူး.. .သူရ...ကို...သူငယ်​ချင်း ရယ်​..."""
"""ဟုတ်​တယ်​​လေ.. ..မိမိ ရဲ့ ​မောင်​ အိမ်​မှာရှိပါတယ်​ဆို....​မောင်​ကငါ့ကို ထားသွားဖို့လုပ်​တယ်​​လေ...​မောင်​မရှိရင်​ ငါအသက်​မရှင်​နိုင်​ဖူး...​မောင့်​ကို ငါချစ်​တယ်​.. .ဟုတ်​တယ်​...​မောင်​ကို...ငါ ချစ်​တယ်​....ချစ်​လို့ မုန်းတာ...အရမ်းချစ်​လွန်းလို့...မုန်းတာ....ဟားဟား.. .
ဟားဟား.. ..ဟားဟား.. .."""
ကျွန်​မ ​လောကကြီးကို ဟားတိုက်​ ရယ်​​မောပစ်​လိုက်​သည်​။
မောင်​က ကျွန်​မ ကို အပြစ်​မဲ့သက်​သက်​မုန်းခဲ့တယ်​...
ကျွန်​မက ​မောင်​ကို ချစ်​လို့ ချစ်​လွန်း​လို့မုန်းခဲ့တာပါ ​မောင်​ရဲ့......။ ။
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦
ဲJipsy Lay (www.jipsylay.blogspot.com)
ကျေးဇူးတင်​ပါတယ်
#သျှား #😃😃

အောင်မြင်ချင်ရင် ဒီစာကိုဖတ်ပါ

အောင်မြင်ချင်ရင် ဒီစာကိုဖတ်ပါ

တစ်နေ့မှာ လူငယ်တစ်ယောက်က ဂရိအတွေးအခေါ်ပညာရှင် ဆိုကရေးတီး (Socrates) ကို အောင်မြင်မှုအတွက်လျှို့ဝှက်ချက်အကြောင်းကို မေးမြန်းခဲ့ပါတယ်။ ဆိုကရေးတီးဟာ သူ့အား နောက်နေ့မနက် မြစ်ကမ်းနံဘေးမှာ လာရောက်တွေ့ဆုံဖို့ ချိန်းဆိုလိုက်ပါတယ်။
မြစ်ကမ်းမှာတွေ့ကြတော့ ဆိုကရေးတီးဟာ လူငယ်လေးအား မြစ်ဆီသို့ တည့်တည့်လမ်းလျှောက်ရအောင် ပြောဆိုပါတယ်။ သူတို့နှစ်ယောက်ဟာ တဖြည်းဖြည်း မြစ်ထဲကို တရွေ့ရွေ့ဆင်းလာကြပါတယ်။ ခြေထောက်မှ ဒူးဆစ်၊ ဒူးဆစ်မှ ပေါင် ၊ ပေါင်မှ ရင်ဘတ် တဖြည်းဖြည်း ရေထဲကို ရောက်လာပါတယ်။ လည်ပင်းအထိ မြုပ်လောက်တော့ ဆိုကရေးတီးက လူငယ်လေးရဲ့ ခေါင်းကို ရုတ်တရက်ရေထဲ နှစ်လိုက်ပါတယ်။ လူငယ်လေးလည်း ရေမွန်းလွန်း၍ ရုန်းကန်ပေမယ့် ဆိုကရေးတီးမှာ သန်မာလွန်းသူဖြစ်တဲ့အတွက် မရုန်းကန်နိုင်ခဲ့ပါဘူး။ လူငယ်လေးရဲ့အရေပြားပြာနေတဲ့အထိ ရောက်တော့မှ ဆိုကရေးတီးဟာ လူငယ်လေးရဲ့ ခေါင်းကို ရေထဲမှ ပြန်ထုတ်လိုက်ပါတယ်။
ခေါင်းကို ရေထဲကနေ ပြန်ထုတ်လိုက်တဲ့အခါမှာတော့ လူငယ်လေးပထမဆုံးလုပ်တဲ့အရာက အသက်ကိုတစ်ဝရှုလိုက်တာပါပဲ။
“မင်း ရေထဲကို နစ်နေတုန်းမှာ ပထမဆုံးလိုချင်တဲ့အရာက ဘာလဲ ကောင်လေး” လို့ ဆိုကရေးတီး မေးလိုက်ပါတယ်။ “လေပါ ဆရာကြီး” လူငယ်လေး ပြန်ဖြေလိုက်ပါတယ်။ “အောင်မြင်မှုအတွက်လျို့ဝှက်ချက်ဆိုတာ အဲဒါပဲ ကောင်လေး။ မင်း အသက်ရှင်သန်ဖို့အတွက် လေကို မရှိမဖြစ်လိုအပ်သလိုမျိုး အောင်မြင်မှုကို အသက်နဲ့အမျှတန်ဖိုးထားပြီး မရမဖြစ်လိုချင်ရင် သေချာပေါက် အောင်မြင်မှာပဲ။ အောင်မြင်မှုအတွက် အဓိကလျို့ဝှက်ချက်က တကယ်အောင်မြင်လိုတဲ့စိတ်ဓာတ်ပါပဲ ကောင်းလေး “ လို့ ဆိုကရေးတီးရှင်းပြလိုက်ပါတယ်။
လူတိုင်းကို “ ချမ်းသာချင်သလား၊ ဆင်းရဲချင်သလား” မေးလိုက်ရင် ၁ဝဝရာခိုင်နှုန်းက “ချမ်းသာချင်ပါတယ်” လို့ ပြန်ဖြေမှာ သေချာပါတယ်။ လူတိုင်း ချမ်းသာချင်ပါသော်လည်း ဘာလို့လူတိုင်း မချမ်းသာကြတာလဲ။ အဖြေက ရှင်းပါတယ်။ ပါးစပ်ကသာ ချမ်းသာချင်ပါတယ်လို့ဆိုပြီး အသွေးအသားထဲကနေ ငါတကယ်ချမ်းသာမှဖြစ်မယ်လို့ မကိန်းအောင်းနေလို့ပါ။ “စိတ်ထဲကနေ အောင်မြင်မှုအတွက် အသွေးအသားထဲကနေ ဆာလောင်နေရင် သေချာပေါက် အောင်မြင်ပါတယ်” လို့ အမေရိကန်စာရေးဆရာ Napoleon Hill ရဲ့ စကားနဲ့ပဲ အဆုံးသတ်လိုက်ပါတယ်။

ဲJipsy Lay (www.jipsylay.bolgspot.com)
Credit;
ကျော်စိုးအောင် (အခရာ)


 

Friday, 3 March 2017

အာဟာရဗေဒပညာရှင်တွေ သတ်မှတ်ထားတဲ့ သုံးရက်အတွင်း ဆယ်ပေါင်ကျစေမယ့် ၀ိတ်ချနည်း

အာဟာရဗေဒပညာရှင်တွေ သတ်မှတ်ထားတဲ့ သုံးရက်အတွင်း ဆယ်ပေါင်ကျစေမယ့် ၀ိတ်ချနည်း

ဝိတ်ချနည်းအမျိုးမျိုးနဲ့ ပတ်သက်လို့ အငြင်းပွားဖွယ်ရာတွေရှိပေမဲ့ ဒီနည်းလမ်းကတော့ စစ်တပ်တွေမှာ စစ်သားတွေ ၀ိတ်ချဖို့ လိုအပ်တဲ့အခါ ၀ိတ်ချရင်း အားအင်ကုန်ခမ်းတာမျိုးမဖြစ်ရအောင် အာဟာရဗေဒပညာရှင်တွေ သတ်မှတ်ထားတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။ 
 
ဒီနည်းလမ်းဟာ ၁၉၈၀ခုနှစ်ကတည်းက ရှိခဲ့တာဖြစ်ပြီး သုံးရက်အတွင်း ဒီဝိတ်ချနည်းသုံးပြီးလို့ လေးရက်မြောက်နေ့မှာ သင်စားမယ့်အစားအစာ ကယ်လိုရီပမာဏ အတွက်လည်း စိုးရိမ်စရာမရှိပါဘူး။ ဘာလို့လဲဆိုရင် ဒီနည်းလမ်းဟာ ကယ်လိုရီ ၁၅၀၀အထိ စားသောက်နိုင်အောင် တာဝန်ယူနိုင်လို့ပါပဲ။ 
 
ဒီနည်းလမ်းကတော့ အင်မတန်ရိုးရှင်းပါတယ်။ မနက်စာအနေနဲ့ ပေါင်မုန့်မီးကင် ၊ ကြက်ဥ ၊ငှက်ပျောသီး သို့မဟုတ် ဘယ်ရီသီးနဲ့ ပျားရည်ဒါမှမဟုတ် ထောပတ်နဲ့ လုပ်တဲ့ ဝေဖာမုန့်လိုမျိုးကိုစားနိုင်ပါတယ်။ နေ့လည်စာအနေနဲ့ ပဲစေ့နက် ၊ သစ်ကြားသီး ၊ ကြက်သား သို့မဟုတ် တူနာငါး နဲ့ မလိုင်ထုတ်ပြီးသား ဒိန်ခဲပျော့ တစ်မျိုးမျိုးကို စားပေးနိုင်ပါတယ်။ ညစာအနေနဲ့ ပဲ ၊ အသားသို့မဟုတ် တူနာငါး နဲ့ ပန်းသီး ၊ ငှက်ပျောသီး ၊ ပန်းဂေါ်ဖီစိမ်း ၊ မုန်လာဥနီနဲ့ ရေခဲမုန့်တို့ စားပေးနိုင်ပါတယ်။
 
ဖော်ပြထားတဲ့ စားသောက်ပုံ အစီအစဉ်အပြင် ရေများများသောက်ဖို့နဲ့ မိနစ်၂၀ခန့် လမ်းလျှောက်ပေးမယ်ဆိုရင်တော့ ၀ိတ်မြန်မြန်ကျချင်သူတွေအနေနဲ့ အဆင်ပြေနိုင်မှာပါ။ ။

Jipsy Lay (www.jipsylay.blogspot.com)

Credit;

ဆေးခြောက်သောက်ခြင်းက မိန်းမကိုယ်ကို ခြောက်သွေ့စေနိုင်

ဆေးခြောက်သောက်ခြင်းက မိန်းမကိုယ်ကို ခြောက်သွေ့စေနိုင်

ဆေးခြောက်သောက်ခြင်းကြောင့် မိန်းမကိုယ် ဗာဂျိုင်းနားခြောက်သွေ့တာကို “Cotton Vagina”လို့လည်း ခေါ်ကြပါတယ်။ လိင်ဆက်ဆံမှု မြင့်မားတဲ့အချိန်မှာ ဗာဂျိုင်းနား ခြောက်သွေ့တာကိုပြောတာဖြစ်ပြီး အမျိုးသမီးတွေမှာ အတွေ့များပါတယ်။ လေ့လာချက်တွေအရ ဆေးခြောက်များများသောက်လေ ဗာဂျိုင်းနား ပိုခြောက်လေလို့ဆိုပါတယ်။
 
သြစတြေးလျ လူမျိုး ၈၆၅၀ကို စစ်တမ်းကောက်ပြီးနောက်မှာတော့ ဗာဂျိုင်းနား ခြောက်သွေ့မှုနဲ့ ဆေးခြောက်သောက်ခြင်းဟာ ဆက်စပ်နေတယ်ဆိုတာကို သုတေသန ပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ဒါ့အပြင် ဆေးခြောက်သောက်ခြင်းက သင့်နှုတ်ခမ်းကို ခြောက်သွေ့စေတယ်ဆိုရင် ဗာဂျိုင်းနားနံရံကိုလည်း နှစ်ဆ ပိုပြီး ခြောက်သွေ့တယ်လို့ ဆိုပါတယ်။
 
ဒီ ဆက်စပ်နွယ်မှုကို ဖြစ်စေခဲ့တာ ဆေးခြောက်မှာ ပါဝင်တဲ့ THC ပမာဏကြောင့်လို့ပညာရှင်တွေကဆိုကြပါတယ်။
 

Jipsy Lay  (www.jipsylay.blogspot.com)

Credit;
ဆုရည်ထက်
 

ဆေးလိပ်ဖြတ်လိုက်ခြင်းက သင့်ရဲ့  စိတ်ကျန်းမာရေးကို ပိုမိုအကျိုးရှိစေနိုင်

ဆေးလိပ်ဖြတ်လိုက်ခြင်းက သင့်ရဲ့  စိတ်ကျန်းမာရေးကို ပိုမိုအကျိုးရှိစေနိုင်

အကယ်၍ သင်ဟာဆေးလိပ်သောက်တတ်တဲ့သူ ဖြစ်မယ်ဆိုရင် တချို့ အချိန်တွေမှာ စိတ်ညစ်စရာ၊ စိတ်ဖိစီးစရာ၊ ဒေါသထွက်စရာတွေ ကြုံလာတာနဲ့ ဆေးလိပ်သောက်ပြီး စိတ်ငြိမ်အောင် ကြိုးစားဖူးမှာပါ။ ဟုတ်ပါတယ်။ ဆေးလိပ်တလိပ်သောက်လိုက်ခြင်းဖြင့် အခိုက်အတန့်တော့ စိတ်ငြိမ်သွားတယ်လို့ သင်ထင်မိမှာပါပဲ။ ဆေးလိပ်သောက်သူတော်တော်များများက ဒီကိစ္စကို လက်ခံထားကြပါတယ်။
 
ဒါဟာ မှားယွင်းတဲ့လုပ်ရပ်ပါ။ ဆေးလိပ်ဟာ သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အန္တရာယ်များတဲ့အရာပါ။ အဓိကအနေနဲ့ ကင်ဆာရောဂါ၊ နှလုံးသွေးကြောနဲ့ဆိုင်တဲ့ရောဂါတွေပါ ဆေးလိပ်သောက်တာကြာလာတာနဲ့အမျှ ဖြစ်လာမှာပါ။ ပညာရှင်တွေကတော့ "ဆေးလိပ်သောက်ခြင်းက တကယ်ကို စိတ်ကျန်းမာရေးအခြေအနေတွေကို ပိုမိုကောင်းမွန်တိုးတက်လာစေမယ်ဆိုရင် ပြည်သူ့စိတ်ကျန်းမာရေးအတွက် ဆေးလိပ်က အကောင်းဆုံးဆိုပြီး ပြဠာန်းပေးထားမှာပေါ့" လို့ ဆိုပါတယ်။ 
 
အမှန်တော့ ဆေးလိပ်ဖြတ်လိုက်ခြင်းကမှ သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်ရော သင့်ရဲ့  နေ့စဉ်လူနေမှုဘဝကိုပါ ပြောင်းလဲတိုးတက်စေမှာပါ။ ဆေးလိပ်မသောက်ဘဲနေတာ ရက်ပိုင်းအတွင်းမှာ သင့်ရဲ့  စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျမှုစတာတွေကို လျော့နည်းသွားစေပါတယ်။ သြစတြေးလျ ပညာရှင်တွေရဲ့ Black Day Institute သုတေသနပြုလုပ်ချက်အရ ဆေးလိပ်ဖြတ်လိုက်တဲ့လူတယောက်ရဲ့  စိတ်အခြေအနေဟာ စိတ်ကျရောဂါကြောင့်ကုသမှုကိုခံယူပြီးတဲ့ လူရဲ့ စိတ်အခြေအနေတိုးတက်မှုနဲ့ အတူတူပဲ ဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။
 
ဒါကြောင့် သင်ဟာဆေးလိပ်စွဲနေတယ်ဆိုရင်လည်း ဖြတ်နိုင်အောင်ကြိုးစားပါ။ လုံးဝမဖြတ်နိုင်သေးဘူးဆိုရင်တောင် အနည်းဆုံးတော့ လျော့သောက်နိုင်အောင်ကြိုးစားပါ။ သင့်ရဲ့  ပတ်ဝန်းကျင်နဲ့ သင့်ရဲ့ လူနေမှုပုံစံ ဘယ်လိုပြောင်းလဲသွားလဲဆိုတာ သင်သိလာမှာပါ။
 

Jipsy Lay  (www.jipsylay.blogspot.com)

Credit;
Trend Myanmar

"""အလွမ်းရင့်​ရင့်​ ည​နေ""" အပိုင်း-၂(ဇာတ်​သိမ်း)

"""အလွမ်းရင့်​ရင့်​ ည​နေ"""
~~~~~~~~~~~~~~~~~~~~~~~
အပိုင်း-၂(ဇာတ်​သိမ်း)

ကိုးဖိုးထူးနှင့်​ မိ​နွေတို့ မင်္ဂလာ အခမ်းအနားက​တော့ မိ​နွေတို့ရဲ့ ဆင်းရဲ သားရပ...်​ကွက်​က တဲယိုင်​နဲ့နဲ့​လေးထဲတွင်​ ဘ၀တူ အ​ခြေခံလူတန်းစားများအား မင်္ဂလာ လ္ဘက်​ရည်​နဲ့ မုန့်​ တိုက်​​ကြွေးပြီး အကြင်​လင်​မယား ဖြစ်​ခဲ့ကြ​လေသည်​။
ဒီလိုနှင့်​ သုံးနှစ်​ဆို​သောအချိန်​ကာလကို သူတို့ဖြတ်​​ကျော်​ခဲ့ကြသည်​။
"""မိ​နွေ...ဘာလိုလိုနဲ့ ငါတို့ အိမ်​​ထောင်​သက်​​တောင်​ သုံးနှစ်​ရှိပြီဟ..."""
"""အဲ့ဒါ ဘာဖြစ်​လည်း...ကိုဖိုးထူး ရဲ့..."""
"""​အော်​.. ဒီမိန်းမနှယ်​...ခက်​ပြီ...ဟိုဟာ ​လေးဘာ​လေး နင်​မရဖူးလား..."""
"""ဘယ်​ဟာလည်း​တော်​...နားမရှင်း​အောင်​​ပြော​ရော်​မယ်​..."""
"""ရင်​​သွေး ​လေးဘာ​လေး..."""
"""​ကိုဖိုးထူးရယ်​....ကျွန်​မ လည်းဘာမှမလုပ်​ထားပါဖူး​တော်​ သူ့ဟာသူမရ​သေးတာပါ...ကျွန်​မ လည်းလိုချင်​တာ​ပေါ့​တော်​...."""
ဟုတ်​​တော့လည်း ဟုတ်​ပါတယ်​ ​လေ သူမတို့အိမ်​​ထောင်​သက်​ သုံးနှစ်​မှာ သားသမီးမှမထွန်းကားပဲ ...ကိုဖိုးထူး ခမျာလိုချင်​ရှာမည်​ ဖြစ်​သည်​။
တ​နေ့ တ​နေ့ လင်​နဲ့မယား ကုန်းရှုန်းရှာမှ ထမင်းနပ်​မှန်​​သော ဘ၀ထဲကို ရင်​​သွေးက​လေး ပါရလာလျှင်​....အို...ငါ ဘာ​တွေ ​တွေး​နေတာလည်း ရင်​​သွေးဆိုတာ ငါတို့အတွက်​​တော့ ရတနာပါပဲ​လေ...
မိ​နွေ အ​တွေးစကို ​ဖျောက်​ပစ်​ပြီ ​ကြော်​လက်​စ အ​ကြော်​များ အ​ပေါ်သာ အာရုံစိုက်​ထားလိုက်​သည်​။
"""ဟဲ့...မိ​နွေ...မိ​နွေ....နင့်​အ​မေ.."""
"""ဘာဖြစ်​လဲ...ခင်​​မေ...​ပြောစမ်းပါဟယ်​...."""
မိ​နွေ အိမ်​သို့ ​ရောက်​​သောအခါ ​အိမ်​နီးချင်း တချို့​ရောက်​​နေကြသည်​။ အ​မေက​တော့ အိပ်​ယာထက်​၀ယ်​ အသက်​ကို ခဲယဉ်းစွာ ရှူ​နေရှာသည်​။
"""အ​မေ...အ​မေ...သမီး​ရောက်​ပြီ​လေ အ​မေ...ရယ်​...ဘာလိုဖြစ်​ရတာလည်း..."""
မိ​နွေရဲ့ ​နောက်​ဆုံးစကား​လေး များကိုပင်​ အ​မေ့ခမျာ ကြားနိုင်​​တော့မည်​ မဟုတ်​​ပေ။ အ​မေသည်​ မိ​နွေနှင့်​ တကွ ဆင်းရဲနုံချာ လှ​သော ဘ၀ကြီးကို ​ကျောခိုင်းထွက်​ခွာသွားပြီဖြစ်​သည်​။
"""......အ​မေ..........."""
မိ​နွေ အားရပါးရ ​အော်​ငိုချလိုက်​သည်​။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အ​မေ့ အသုဘရက်​လည်​ပြီ​နောက်​ ကိုဖိုးထူး က မြိတ်​ကျွန်းစု သို့ ထွက်​ခွာမည့်​ ကုန်​သ​င်္ဘောတွင်​ အထမ်းသမား အဖြစ်​လိုက်​ပါသွားရမည်​ဖြစ်​သည်​။ အ​မေဆုံးထားတာ မကြာ​သေး၍စိတ်​​သောက​ရောက်​​နေရှာ​သော မိ​နွေကို စိတ်​မချ​သော်​လည်း အလုပ်​က ရတုန်းလုပ်​မည့်​ ဘ၀မို့ မတတ်​သာ​ပေ။
"""မိ​နွေ...အ​ကြော်​လည်း မထွက်​ပါနဲ့အုန်းဟာ...ငါ မရှိတုန်း စိတ်​ချပါရ​စေဟာ..."""
"""စိတ်​ချပါ...ကိုဖိုးထူး ရယ်​..."""
အ​မေလည်းဆုံး ကိုဖိုးထူး လည်း သ​င်္ဘော​ပေါ်လိုက်​သွားသဖြင့်​ မိ​နွေခမျာ တ​ယောက်​တည်း အထီးကျန်​ စွာခံစား​နေရသည်​။
ကိုဖိုးထူး က​ဈေးမ​ရောင်းဖို့ မှာခဲ့​သော်​လည်း မိ​နွေခမျာ မ​နေတတ်​၍ ​ဈေးပြန်​​ရောင်းရင်း စိတ်​​ဖြေ​နေရသည်​။
ကံတရား သည်​ လူတို့မခန့်​မှန်းတတ်​​အောင်​ပင်​ဆန်းကြယ်​လွန်းလှသည်​။ မိ​နွေ တ​ယောက်​ခုတ​လော ကိုယ်​လက်​မအီမသာ ဖြစ်​​နေသည်​။ 
မိ​နွေ ကိုယ်​၀န်​ရှိ​နေပြီဖြစ်​သည်​။ကိုဖိုးထူးတ​ယောက်​ သ​င်္ဘော ကပြန်​​ရောက်​​ရောက်ချင်း..
"""မိ​နွေ...​ဟေ့...မိန်းမ ​ရေ..."""
"""အမ​လေး..ကိုဖိုးထူး ရယ်​...ကျွန်​မ ဒီမှာပါ..."""
"""​အေးပါ...ငါက အိမ်​​ရောက်​​ရောက်​ခြင်း ...နင့်​မျက်​နှာမြင်​မှအ​မော​ပြေတာ...."""
"""ဒီထက်​အ​မော​ပြေစရာ ရှိ​သေးတယ်​.. .ကျွန်​မ....ဟို​လေ...ဟိုဟာ ​လေ..."""
"""ဘာလည်းဟင်​....ဘာလည်း...မိန်းမ...ခ​လေး..ခ​လေးရပြီလား..."""
"""ဟုတ်​..."""
"""​အောင်​မ​လေး.. .​ပျော်​လိုက်​တာဗျာ..."""
ကိုဖိုးထူးခဗျာ ဟန်​ပင်​မ​ဆောင်​နိုင်​​အောင်​ ဖြစ်​​နေရှာသည်​။ ကိုဖိုးထူး ၏အ​ပျော်​များ သည်​ မိ​နွေအတွက်​​တော့ ပီတိ အပြုံးများ ကို ဖြစ်​​ပေါ်​စေသည်​ မဟုတ်​ပါလား..။
~~~~~~~~~~~~~~~~~~~~~~~
မိ​နွေ ဗိုက်​က​လေး ကတဖြည်းဖြည်း ထွက်​လာ​လေပြီ။ ​မွေးခါနီးလာပြီ ဖြစ်​၍ကိုဖိုးထူးမှာ အလုပ်​ကို ​နေ့မနားညမနား ကြိုးစားရှာ​လေသည်​။ မိ​နွေကိုလည်း အရိပ်​တကြည့်​ စိတ်​မချရှာ​ပေ။
သို့​သော်​...ကံကြမ္မာ က သူတို့မိသားစု​လေးကို မျက်​နှာသာမ​ပေးခဲ့​ပေ။ တ​နေ့......
"""အမ....ဒါကိုဖိုးထူး တို့အိမ်​လား..."""
"""ဟုတ်​ပါတယ်​ ကွယ်​...."""
ကောင်း​လေးက မိ​နွေအားကြည့်​ပြီး ခပ်​ဆိုင်းဆိုင်းလုပ်​ရင်း.....
"""​ပြောပါကွယ်​...​မောင်​​လေး...အမက..ကိုဖိုးထူးမိန်းမပါ....ဘာကိစ္စလည်း ကွဲ့...."""
"""အမ စိတ်​ခိုင်​ခိုင်​ထား​နော်​....အကိုဖိုးထူး...မြိတ်​ ကျွန်းမှာ သ​င်္ဘော ကပ်​တုန်း...ကုန်​တင်​ကုန်​ချ လုပ်​​နေရင်း..​ရေထဲပြုတ်​ကျသွားတယ်​ အမ....လူနဲ့ကုန်​က မတန်​တဆဖြစ်​​နေ​တော့ ဟန်​ချက်​လွဲပြီး ကုန်း​ဘောင်​​ပေါ်က​နေ ကျသွားတာ အ​လောင်းကခုထိရှာမရ​သေးပါဖူး...."""
မကြားပါ ဘာဆိုဘာမှ မကြား​တော့ပါ စိတ်​နှင့်​လူက မကပ်​​တော့ ​နောက်​ဆုံးအရာရာ အ​မှောင်​အတိကျသွား​တော့သည်​။
ကံဆိုးမသွား​လေရာ မိုးလိုက်​လို့များရွာ​နေသလားကွယ်​...မိ​နွေ ခမျာ ကိုယ်​၀န်​​နေ့​စေ့ လ​စေ့ကြီးနှင့်​ ပဋာ​မြေလူး ဖြစ်​ရရှာသည်​။
အ​လောင်းပင်​ပြန်​မရတဲ့ အသုဘ ရက်​လည်​ပွဲ​လေးက တိတ်​ဆိတ်​ စွာပြီးဆုံးသွားသည်​။ လူသားတ​ယောက်​ လူ့​လောကထဲက တိတ်​တဆိတ်​ ပင်​ထွက်​သွားခဲ့​လေပြီ.....။
"""အား....အ​မေ​ရေ....ကိုဖိုးထူးရဲ့...အမ​လေး...နာလိုက်​တာ​တော်​....."""
"""အားတင်​ထား....မိ​နွေ...သူငယ်​ချင်း....အားတင်းလိုက်​​နော်​....​မွေး​တော့မှာပါ...""""
ခင်​​မေနှင့်​ အရပ်​လက်​သည်​ ​ဒေါ်ဖွားမိက မိ​နွေ ​၏ရင်​​သွေးက​လေး ကိုလူ့​လောကထဲ​ရောက်​ရန်​ကြိုးစား ​ပေး​နေကြသည်​။
"""​မွေးပြီ​ဟေ့....​မွေးပြီ...​ယောကျာ်း ​လေး​တော့..."""
"""...အူ.၀ဲ....အူဝဲ...."""
သားငယ်​ရဲ့ အသံကို ကြားရ​တော့ အ​မေနှင့်​ကိုဖိုးထူး ကိုသတိရလွန်း​သော​ကြောင့်​ မိ​နွေ မျက်​ရည်​ကျရ​လေသည်​။
အော်​....​လောကဓံ ဘာ​ကြောင့်​များ ကျွန်​မတ​ယောက်​ထဲအ​ပေါ် ငြိုး​လွန်းရတာလည်း လို့​မေးခွင့်​ရှိရင်​​မေးချင်​ပါတယ်​....ဒီအငြိုး​တွေ ဘယ်​​တော့​ပြေလိမ့်​မလည်း....​နွေ​ခေါင်​​ခေါင်​မှာ ​မွေးခဲ့လို့ မိ​နွေလို့ အ​မေက အမည်​သညာ ​ပေးခဲ့​လေလို့ပဲ မိ​နွေဘ၀ အမြဲတမ်း ​နွေကန္တာလို ပူ​လောင်​ကျွမ်း​နေရတာလားလို့ ​မေးလိုက်​ချင်​ရဲ့....​လောကဓံရယ်​.....
~~~~~~~~~~~~~~~~~~~~~~~~~~~~~
"""ကွမ်းယာ...​ဆေးလိပ်​ ရမယ်​..."""
"""ကြက်​ဥပြုတ်​....ငုံးဥပြုတ်​ရမယ်​​နော်​..."""
"""အ​ကြော်​စုံပူပူ​လေး...အ​ကြော်​စုံပူပူ​လေး စားကြအုန်းမလား ခဗျာ...."""
အ​ကြော်​ဗန်းက​လေး ကိုင်​ရင်း ဘ​င်္ဘောဆိပ်​တ​လျှောက်​ ​ရောင်း​နေ​သော ​ကောင်​​လေး တ​ယောက်​ကို ​တွေ့​နေရသည်​။
နေမင်းကြီးက​တော့ ည​နေဆည်းဆာချိန်​မှာ ပုစွန်​ဆီ​ရောင်​​တောက်​ပစွာ လှ​နေ​တော့သည်​။
ဈေးသည်​များနှင့်​ အထမ်းသမားများ ခရီးသည်းများ က​တော့ ပျားပန်းခတ်​ ​အောင်​ သွားလာ​နေကြသည်​ကပင်​ ထိုသ​ဘောင်္ဆိပ်​၏ ရှူ့ခင်းတခုပင်​ဖြစ်​သည်​။
ခပ်​လှမ်းလှမ်းက အ​ကြော်​တဲက​လေးတွင်​​တော့....အရွယ်​နှင့်​မမျှ​အောင်​ အိုစာလွန်း​သော အမျိုးသမီး တ​ယောက်​က မီးခိုးများ တလူလူထွက်​​အောင်​ အ​ကြော်​များကို ​ကြော်​ရင်း....သူမ မျက်​လုံးများ ကတချက်​တချက်​ ကမ်းနားဘက်​ဆီသို့ ​ငေး​မျှော်​ရီ​နေတတ်​တယ်​.....။
ထိုည​နေခင်းသည်​လည်း ရင့်​သထက်​ရင်​လာ​လေ​တော့သည်​။ ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
 

Jipsy Lay (www.jipsylay.blogspot.com)
ကျေးဇူးတင်​ပါတယ်
Credit -သျှား 😃😃

"""အလွမ်းရင့်​ရင့်​ည​နေ""" အပိုင်း-၁


"""အလွမ်းရင့်​ရင့်​ည​နေ"""
~~~~~~~~~~~~~~~~~~~~~~~
အပိုင်း-၁
တ​နေ့တာ၏​နောက်​ဆုံးထွက်​သက်​အဖြစ်​​ဖျော့​တော့​တော့ အလင်း​ရောင်​​လေးက အားတင်းပြီးကျန်​​နေ​သေးသည...်​။ ဒီအချိန်​ဆို အိမ်​မှာအ​မေ​​မျှော်​​နေ​လောက်​ပြီ စိတ်​ကသာအိမ်​ကို​ရောက်​​နေ​ပေမယ့်​ မိ​နွေ ရဲ့လက်​ထဲက​ဈေးဗန်းထဲတွင်​ ကျန်​​နေ​သေးသည့်​ အ​ကြော်​စုံက​လေးများ က မျက်​နှာတင်းတင်း ​အေးစက်​စက်​ဖြင့်​ သူမကိုကြည့်​​နေကြသည်​။
"""ဟဲ...မိ​နွေ နင်​အိမ်​မပြန်​​သေးဖူးလား..."""
နောက်​ဘက်​က အသံ​ကြောင့်​ သူမအ​တွေးစ​လေးများပြတ်​​တောက်​သွားသည်​။
"""​အေး...ခင်​​မေ​ရေ...ငါ အ​ကြော်​​တွေကျန်​​နေ​သေးလို့ ...ဒါ​လေး ကုန်​မှပြန်​မယ်​..."""
"""ဒါဆို...ငါပြန်​နှင့်​မယ်​​အေ...အိမ်​မှာကလည်း နင်​သိတဲ့အတိုင်း ငါ​ရောက်​မှ အငယ်​​တွေ ထမင်းစားရမှာ​လေ..."""
"""​အေးပါဟယ်​...ခင်​​မေရယ်​ ပြန်​နှင့်​လိုက်​​တော့..."""
ဈေးဗန်းခ​လေး ချိုင်းကြားညှပ်​ကာ ပြန်​သွား​သော ခင်​​မေ့ ​ကျောပြင်​ကိုကြည့်​ပြီး မိ​နွေ သက်​ပြင်းချမိသည်​။
တ​ယောက်​အဖြစ်​ကို တ​ယောက်​မကူ​နိုင်​​လောက်​​အောင်​ ရှုန်းကန်​​နေရတဲ့ သူတို့ဘ၀ကို သူတို့ အသိဆုံးဖြစ်​သည်​။

"""သမီး...အိမ်​ပြန်​​နောက်​ကျလိုက်​တာကွယ်​...."""
မိ​နွေ​ခြေသံကို မှတ်​မိ​နေ​သောအ​မေက လှမ်းပြီး​မေးလေသည်​။အ​မေက မျက်​စိကွယ်​ခဲ့တာကြာပါပြီ ဒါ​ပေမယ့်​ အ​မေဟာ မိ​နွေနဲ့ ပတ်​သတ်​သမျှ အ​ငွေ့အသက်​က အစ အကုန်​သိ​နေတတ်​သည်​။
"""ဟုတ်​..အ​မေ အ​ကြော်​​တွေကျန်​​နေလို့ ဆက်​​ရောင်း​နေတာနဲ့ နည်းနည်း​နောက်​ကျသွားတာပါ"""
အိမ်​မှာက အစစအရာရာ မိ​နွေမရှိလျှင်​ မဖြစ်​တဲ့ဘ၀ မို့ အ​မေ့ခမျာ မိ​နွေကို အမြဲလိုလို စိုးရိမ်​​နေတတ်​သည်​။
သူတို့ဘ၀​​လေးများက အ​မှောင်​ထက်​ပင်​ပိုနက်​​နေသည်​မဟုတ်​ပါလား။
~~~~~~~~~~~~~~~~~~~~~~
သ​င်္ဘော ဆိပ့်​မို့ လူကစည်းကားလှသည်​။ ခရီးသည်​ များ အတင်​အချ ​နှင့်​ ​ဈေးသည်​များ၏ ပျားပန်းခတ်​ ​အောင်​ ​အော်​ဟစ်​ ​ရောင်းချသံများသည်​ပင်​ ထိုသ​င်္ဘောဆိပ်​၏ ​နေစဉ်​မြင်​ကွင်း တခုဖြစ်​သည်​။
"""အ​ကြော်​​တွေရမယ်​​နော်​..အ​ကြော်​ပူပူ​လေး..""
"""ကွမ်းယာ.. ​ဆေးလိပ်​..ယူအုန်းမလားဗျို့..."""
"""အချဉ်​​ပေါင်း​တွေ ​နော်​ ဒီမှာ...."""
မိမိတို့ ​ရောင်းကုန်​​လေးများ ကို အလုအယက်​ ​အော်​ဟစ်​​ရောင်း​နေရ​သော ​ဈေးသည်​ များကြားတွင်​ မိ​နွေတ​ယောက်​လည်း အပါအ၀င်​ဖြစ်​သည်​။
"""အ​ကြော်​ လာပါအုန်း..."""​နောက်​ဘက်​က​ခေါ်သံ​ကြောင့်​ သူမ ၀မ်းသာအားရ. လှည့်​ကြည့်​လိုက်​သည်​။
"""ဟယ်​...ကိုဖိုးထူး...​ကြည့်​ပါအုန်း...​ဈေးဝယ်​ထင်​လို့ ကြည့်​လိုက်​တာ..."""
"""​ဈေးဝယ်​မဟုတ်​​တော့ နင်​က စိတ်​ပျက်​သွားတာလား မိ​နွေ..."""
"""အို...မဟုတ်​တာ...စကားအကျ သိပ့်​​ကောက်​တာပဲ...ကိုဖိုးထူး​နော်​..."""
မိ​နွေရင်​ထဲ တကယ်​ပဲ​ပျော်​မိသည်​။ ကိုဖိုးထူး ဆိုတာ မိ​နွေရဲ့ ဘ၀မှာ တဦးတည်း​သော ချစ်​သူ​လေ......
"""ဘယ်​တုန်း​ရောက်​တာလည်း ကိုဖိုးထူးရယ်​...."""
"""ခု​လေးတင်​ပဲ ငါလည်း ​ရောက်​​ရောက်​ခြင်း နင့်​ဆီလာ​တွေ့တာ...အ​မေ​ရော ​နေ​ကောင်းလား """
ကိုဖိုးထူးက ကုန်​တင်​ သ​ဘောင်္တခုမှာ ကုန်​တင်​ကုန်​ချ လုပ်​သား​ပေါ့.။စကားလှ​အောင်​သာ​ပြောရတာပါ တကယ်​​တော့ အထမ်းသမားပဲ​ပေါ့။ ဘ၀တူခြင်းမို့ တ​ယောက်​ကိုတ​ယောက်​ နားလည်​ပြီး အကြင်​နာပိုခဲ့ကြသည်​။
"""ဟဲ့...ငါ​မေးတာ​ဖြေအုန်း​လေ.."""
"""​အော်​...အင်း..​ကောင်းပါတယ်​​တော်​.."""
"""ကဲ...နင်​အ​ကြော်​ကုန်​ပြီလား ...ကုန်​ရင်​ငါအိမ်​ပြန်​လိုက်​ပို့မယ်​​လေ..."""
"""ဟုတ်​.. .ခ​ဏ​လေး​စောင့်​​နော်​"""
လက်​ကျန်​ အ​ကြော်​​လေးများ ဖြတ်​ရန်​ မိ​နွေ သွား​နေသည်​က ဆိပ်​ကမ်း သို့ကပ်​လာ​သော သ​င်္ဘော ဆီသို့ပင်​ ဖြစ်​သည်​။
~~~~~~~~~~~~~~~~~~
"""အ​မေ...ဒီမှာ ဘယ်​သူပါလားလည်း သိလား.."""
"""ဘယ်​သူတုန်း...သမီး ရဲ့..."""
အ​မေက သူမရဲ့ မမြင်​ရတဲ့ မျက်​လုံးအစုံရဲ့ အ​ပေါ်က မျက်​ခုံးများကို ကြုံ့ပြီး လက်​ပိန်​ပိန်​က​လေးများ က ဟိုဒီစမ်းရင်း ​မေးရှာ​လေသည်​။
"""အ​မေ...ကျွန်​​တော်​...ဖိုးထူး​လေဗျာ..."""
"""ဟဲ့...ဖိုးထူးလားကွဲ့....ဘယ်​တုန်းက​ရောက်​လည်း"""
"""ဒီ​နေ့ပဲအ​မေ သ​ဘောင်္ကမ်းကပ်​တာနဲ့ မိ​နွေဆီလာခဲ့တာ..."""
"""​အေးကွယ့်​...​အေး..​အေး.."""
ကိုဖိုးထူး ကမိ​နွေကို တချက်​လှမ်းကြည့်​ရင်း..
"""အ​မေ....ကျွန်​​တော်​...​ပြောစရာရှိတယ်​.. .ကျွန်​​တော်​ဒီတ​ခေါက်​ သ​ဘောင်္ပြန်​မထွက်​ခင်​ မိ​နွေကို လက်​ထပ်​ပါရ​စေအ​မေ...ကျွန်​​တော့မှာ စုထား​ဆောင်းထားတာ​လေး နည်းနည်းပါးပါး ရှိပါတယ်​.. ."""
မိ​နွေ မျက်​လုံးပြူးမိ​လေသည်​။သူမကို ဘာမှမ​ပြောထားပဲ ဘယ်​တုန်းကြိတ်​ကြံပြီး အ​မေ့​ရှေ့​ရောက်​မှ တုံးတိတိ ​ပြောချလိုက်​​သော ကိုဖိုးထူး စကား​ကြောင့်​ဖြစ်​သည်​။ ကိုဖိုးထူးက တ​ကောင်​ကြွက်​ တမျက်​နှာရယ်​မို့ သူမတို့ သားအမိကို ခင်​တွယ်​ရှာသည်​။ အ​မေ့ကိုလည်း မိခင်းရင်းလိုချစ်​ရှာ​သော​ကြောင့်​ သူမဘက်​က​တော့ အ​မေ့သ​ဘောထား အတိုင်းပင်​ဖြစ်​သည်​။
"""ဖိုးထူးရယ်​...အ​မေက​တော့...အ​မေ့သမီး​လေးအ​ပေါ် သားမှတ်​မှတ်​ မယားမှတ်​မှတ်​ ​တသက်​လုံး​ပေါင်းသင်း မယ်​ဆိုရင်​...မင်းနဲ့ အ​မေ့သမီးကို အ​မေကသ​ဘောတူပါတယ်​ကွယ်​.."""
အ​မေ့စကား ကြား​တော့ ကိုဖိုးထူးက ကမိ​နွေဘက်​သို စပ်​ဖြီးဖြီး မျက်​နှာဖြင့်​ တချက်​ကြည့်​ပြီး...
"""ဟုတ်...ဟုတ်​ကဲ့...စိတ်​ချပါအ​မေ...ဒါဆို...ကျွန်​​တော်​ စီစဉ်​လိုက်​​တော့မယ်​​နော်​ အ​မေ...."""
အ​မေက မျက်​ရည်​ကြည်​များ​ဝေ့​နေ​သော မျက်​လုံး များကို ပုတ်​ခတ်​ရင်း ပြုံး​နေရှာသည်​။
~~~~~~~~~~~~~~~~~~~~~~~~~~
 
 
အပိုင်း-၂ ဆက်​လက်​အား​ပေးပါ
 
Credit;

သျှား

"""အတိတ်​က ကျွန်​​တော့်​ချစ်​သူ""" အပိုင်း-၂(ဇာတ်​သိမ်း)❦

"""အတိတ်​က ကျွန်​​တော့်​ချစ်​သူ""" အပိုင်း-၂(ဇာတ်​သိမ်း)❦




"""အတိတ်​က ကျွန်​​တော့်​ချစ်​သူ"""
~~~~~~~~~~~~~~~~~~~~~~~~~~~~
အပိုင်း-၂(ဇာတ်​သိမ်း)❦ ❦ ❦
သူမက တချက်​တချက်​ ရီလိုက်​လျှင်​ သွားထပ်​က​လေးများ ​ပေါ်လာတတ်​ပြီး... အင်​မတန်​ ချစ်​စရာ​ကောင်းသည်​။ သူမ အလှမှာသာ နစ်​​မြော​နေ​သောကျွန်​​တော်​က သူမ ဘယ်​သူမှန်း ဘယ်​က​ရောက်​လာမှန်းမသိ​သေးပါ...။
"""ဒါဆို ရှင်​က ဧည့်​သည်​​ပေါ့​နော်​"""
"""အင်း...ဟုတ်​ပါတယ်​...​ကျောင်းပိတ်​ရက်​ အလည်​လာတာပါ..."""
ကျွန်​​တော်​လည်း အလိုက်​သင့်​ပြန်​​ဖြေ​ပေးလိုက်​သည်​။ သူမက​တော့ သူမ သိချင်​သည်​များကို​မေး​နေ​တော့သည်​။
"""အိမ်​မှာကလည်း ဒီ​နေ့မှ ​ဖေ​ဖေက မနက်​​စော​စော ခရီးထွက်​သွား​လေရဲ့...ဧည့်​သည်​လာမယ်​ဆိုတာ ကြိုလည်းမ​ပြောသွားဖူး...ထားလည်း ကြိုမသိထား​တော့ ခုလို​တွေဖြစ်​ရတာ​ပေါ့...."""
ဘယ်​ကဘယ်​လို နားလည်​ရမှန်းလည်း ကျွန်​​တော်​မသိ​တော့ပါ။ ဒီအိမ်​ကြီးမှာ ကျွန်​​တော်​တို့​ရောက်​စ ကတည်းက လူ​နေသည့်​ ပုံစံအ​နေထားမျိုးလည်း မ​တွေ့ရပါ။
နောက်​ပြီး သူမ၏ ဖခင်​ကိုလည်း ကျွန်​​တော်​တို့ မမြင်​မိပါ။ ဤအိမ်​ကြီးတွင်​ ​နေခဲ့သည့်​ရက်​ပိုင်းအတွင်း ကျွန်​​တော်​နှင့်​ စိုးမိုးမှ လွဲ၍ ကြွက်​တ​ကောင်​​တောင်​ မမြင်​​တွေ့ရ​သော အိမ်​ထဲတွင်​ သူမတို့ သားအဖက မည်​သည့်​​နေရာမှာ​နေပြီး မည်​သို့ ​ရောက်​လာသလည်း ဆိုတာ ​စဉ်းစား၍ မရ။ သို့​သော်​လည်း ကျွန်​​တော်​မှာ ဧည်​သည်​ဖြစ်​သည်​ကတ​ကြောင်း လှပ၍ချစ်​စဖွယ်​​ကောင်း​သော သူမနှင့်​ အတူရှိ​နေရသည့်​အတွက်​ ရင်​ခုန်​​နေမိသည်​မို့ အရာရာ​ခေတ္တခဏ ​မေ့သွားသည်​။
"""ဒါနဲ့...ထား က​တော့ မိတ်​ဆက်​ပြီးပြီ​နော်​....."""
"""​အော်​....ဟုတ်​ကဲ့ပါ ....ထား...."""
"""ကို​ဝေမင်းက ကျွန်​မနဲ့ ရွယ်​တူတန်းတူ ​လောက်​ပဲရှိမှာပါ​နော်​..."""
"""ဟုတ်​ကဲ့...ရပါတယ်​ လွတ်​လွတ်​လပ်​လပ်​ စကား​ပြောလို့ရပါတယ်​..."""
"""ရှင်​တို့ရန်​ကုန်​မှာ​တော့...မြို့သူ​တွေ သိပ့်​​ချောမှာပဲ​နော်​ ...မြို့သားကြီး...ခ်​ခ်​..."""
"""ဟားဟား...အမှန်​တိုင်း ၀န်​ခံ ရရင်​​တော့ မထားထားနွယ်​​လောက်​ ကျွန်​​တော့်​ မျက်​စိထဲ မ​ချောလှပါဖူးဗျာ..."""
ကျွန်​​တော်​လည်း စိတ်​ထဲရှိတဲ့အတိုင်း​ပြောလိုက်​သည်​။
"""အို...တက္ကသိုလ်​ ​ကျောင်းသားများတယ်​လည်း စကားတတ်​သကို..."""
သူမစကား​ပြောဟန်​နှင့်​ အမူအရာမှာ ကျွန်​​တော့ အတွက်​အနည်းငယ်​ထူးဆန်းသလိုဖြစ်​မိသည်​။ ဘာပဲဖြစ်​ဖြစ်​ ဒီမိန်းခ​လေး စိတ်​မနှံ့ သူတ​ယောက်​​တော့ မဖြစ်​နိုင်​ဟု ကျွန်​​တော်​ထင်​မိသည်​။ ဤအိမ်​ကြီးနှင့်​ပတ်​သတ်​​သော စိုးမိုးတို့ ​ဆွေမျိုး များထဲကဟု ယူဆမိသည်​။ သူမရဲ့ အမူအရာ နှင့်​ ၀တ်​စားဆင်​ယင်​မှု့ ဟန်​ပန်​မူယာ က​တော့ အင်​မတန်​​ရှေးဆန်​လှသည်​။
စိုးမိုး ပြန်​လာလျှင်​ ​တော့ ဒီကိစ္စ ရှင်းသွားမှာပါ ။ သူတို့ရွာ သူတို့ဓ​လေ့နှင့်​ သူ့​ဆွေမျိုးသားချင်းများ က​တော့ သူပဲသိနိုင်​လိမ့်​မည်​။ ကျွန်​​တော်​လည်း စိုးမိုးကို ​စောင့်​ရင်း သူမနှင့်စကား​ပြော​နေသည်​မှ တပါး တခြားလည်း လုပ်​စရာမရှိ​ပေ။
"""ဒါနဲ့...ကို​ဝေမင်းရဲ့ ...စကား​ကောင်း​နေလိုက်​တာ...ဧည်​သည်​ကို ဧည့်​ခံဖို့​တောင့်​​မေ့​နေတယ်​..ဟင်း.ဟင်း.."""
သူမက အားနာစွာ ​ပြောရင်း တချက်​ရယ်​လိုက်​သည်​။ ကျွန်​​တော်​က​တော့ လှပ​သော သူမကိုသာ​ငေးကြည့်​​နေမိသည်​။
"""ခဏ​လေး​နော်​ ထား ​ရေ​နွေး​လေး သွားကြိုပြီး ​ကောက်​ဖီ ​ဖျော်​​ပေးမယ်​​နော်​...."""
သူမက အိမ်​​နောက်​ဘက်​သို့ ခပ်​သွက်​သွက်​​လေးဝင်းသွားသည်​။ခဏ အကြာပြန်​ထွက်​လာပြီး...
"""ခက်​ပါတယ်​ရှင်​..မီးခြစ်​က​လေးများ တဆိတ်​​လောက်​ ရှိသလား ကို​ဝေမင်းရယ်​...ဒီက မီးခြစ်​ကဘာဖြစ်​လည်း မသိပါဖူး..."""
ကျွန်​​တော်​လည်း ​ဘောင်​ဘီအိတ်​ကပ်​ထဲတွင်​ အမြဲ​ဆောင်​ထား​နေကြ ဇစ်​ပို မီးခြစ်​က​လေးကို ထုတ်​၍သူမအား​ပေးလိုက်​သည်​။
"""​ကျေးဇူးပါပဲ ရှင့်​ ...ခဏ​တော့ ​စောင့်​နော်​..​ကော်​ဖီ​ဖျော်​တာ မြန်​ပါတယ်​ရှင်​..."""
သူမက ရှက်​ကိုရှက်​ကန်း ဖြင့်​ ကျွန်ေ​တာ့်​ အား​ပြောရင်း တဖန်​ အိမ်​​နောက်​ဘက်​သို့ ၀င်​သွား​လေသည်​။
ကျွန်​​တော်​လည်း ​ဘေးမှာချထား​သော ဖတ်​​နေလက်​စ စာအုပ်​ကို ​ကောက်​ယူ၍ ဖတ်​​ရင်း သူမ ပြန်​အလာကို ​စောင့်နေလိုက်​သည်​။
သိပ့်​မကြာလိုက်​​ပေ ​အိမ်​အ​ရှေ့ဘက်​မှ ​ခြေသံအတူ စိုးမိုးတ​ယောက်​ ၀င်​လာသည်​။
"""​ဟေ့​ကောင်​ ....​ဝေမင်း ...ရှာလိုက်​ရတာကွာ မင်းက ဘယ်​​တွေသွားပြီးမှ ဒီမှာ ပြန်​လာနှပ်​​နေတာလည်း...."""
ရောက်​​ရောက်​ချင်း စိုးမိုးက ​အော်​ကြီးဟစ်​ကျယ်​ ​ပြောပါ​တော့သည်​။
"""​ဘာကွ....မင်းဘာသာ လည်​ယာပြန်​စာ​ရေးလုပ်​ပြီး ခုမှပြန်​လာပြီး ငါကဘယ်​ကဘယ်​ကို သွားလို့တုန်း ​ဟော့ဒီ ခုံက ထ​တောင်​ မထရ​သေးဖူး...."""
~~~~~~~~~~~~~~~~~~~~~~~~~~~~
"""​ဟေ့​​ကောင်​...ငါပထမတ​ခေါက်​ပြန်​လာ​တော့ အိမ်​ထဲမှာ ဘယ်​သူမှ မရှိလို့ မင်း အဖွား​လေးတို့ အိမ်​​ရောက်​​နေပြီလားဆိုပြီး​တောင်​သွားရှာပြီးပြီ..."""
စိုးမိုး စကား​ကြောင့်​ ကျွန်​တော်​ ​ကြောင်​သွားသည်​။
"""စိုးမိုး ငါကမင်းကို ညာမလားကွ ငါဘယ်​မှ မသွားဖူး...မင်းလည်း ဘယ်​တုန်းကမှ ပြန်​မလာဖူး အခုမှ မင်းပြန်​လာတာ..."""
ထိုအခါ စိုးမိုးကလည်း အနာ​ပေါ်တုတ်​ကျသကဲ့သို့ ဆတ်​ဆတ်​ခါ ပြန်​​ပြောသည်​။
"""​ဝေမင်း ငါကလည်း မင်းကို ​နောက်​စရာလား...ငါပြန်​လာ​တော့ မင်းမရှ်ိဖူးကွ ဒါ​ကြောင့်​ ငါရွာထဲတ​ခေါက်​ ပြန်​ရှာပြီးမှ အိမ်​ကို ပြန်​လာကြည့်​တာ..."""
ကျွန်​​တော်​လည်းစိတ်​ထဲ ​တော်​​တော်​ ​ဒေါပွမိတယ်​ ဒီ​လောက်​ ငုတ်​တုတ်​ကြီးရှိ​နေတာ မမြင်​ရ​ကောင်းလား...အဲ့...တ​ယောက်​ထဲ​တောင်​မဟုတ်​ နှစ်​​ယောက်​ ထားထားနွယ်​ဆို​သော မိန်းမလှ​လေးနှင့်​ အတူထိုင်​​နေပါရက်​ မမြင်​ရ​ကောင်းလားဟု စိတ်​တိုမိသည်​။
"""ဒီမှာ ...စိုးမိုး ငါတ​ယောက်​ထဲ​တောင်​ မဟုတ်​ဖူး ထားထားနွယ်​ပါ ရှိတယ်​...."""
စိုးမိုးက နားမလည်​တဲ့ ဟန်​နဲ့ပြန်​​မေးသည်​။
"""ဘယ်​က ထားထားနွယ်​လည်း ကွ..."""
"""ဟ...ငါလည်းဘယ်​သိမလည်း...မင်းတို့်​အမျိုးထဲကဖြစ်​မှာ​ပေါ့ မင်းထွက်​သွားပြီး​တော့ အိမ်​​ပေါ် ကဆင်းလာတာပဲ....အခု အိမ်​​နောက်​မှာ ​ကော်​ဖီ ​ဖျော်​မလို့ ​ရေ​နွေကြို​နေတယ်​...မယုံသွားကြည့်​..."""
ကျွန်​​တော်​ လည်း သက်​​သေခိုင်​ခိုင်​လုံလုံနှင့်​မို့ ခပ်​တည်​တည်​နဲ့ စိုးမိုးကို ​ပြောလိုက်​သည်​။
စိုးမိုးခမျာ ဇ​ဝေဇ၀ါနှင့်​ အိမ်​​နောက်​ဘက်​​ပြေးဝင်​သွားသည်​။
"""​ဝေမင်း...​ဟေ့​ကောင်​....ဘယ်​မှာလည်း ဘာမှလည်းမရှိဖူး...မင်းလာကြည့်​အုန်း....""""
စိုးမိုး အသံ ​ကြောင့်​ အူလျားဖားလျား ​ပြေးသွားမိသည်​။ ဘုရား..ဘုရား...ဘာဆိုဘာမှ မရှိ ဘယ်​သူမှ မရှိ ။ မ​ကျေနပ်​​သေး၍ ကျွန်​​တော်​ တ​ယောက်​ တအိမ်​လုံး အ​ပေါ်​အောက်​ ​ချောင်​ကျို​ချောင်​ကြား မကျန်​ရှာသည်​။ မ​တွေ့​ပေ။ ကျွန်​​တော်​ ​နောက်​မှ စိုးမိုးက တ​ကောက်​​ကောက်​လိုက်​​နေသည်​။ သူလည်း ဘာမှ နားမလည်​​ပေ။
ကျွန်​​တော်​လည်း စိုးမိုးကို အဖြစ်​အပျက်​ အစမှ အဆုံး​ပြောပြလိုက်​သည်​။ သူလည်း အံ့သြ ​နေရုံမှလွဲ၍ မည်​သည့်​အ​ဖြေမှ မ​ပေးတတ်​​ပေ။
~~~~~~~~~~~~~~~~~~~~~~~~~~~
"""ကဲ....စိုးမိုး ငါ​တော့ဘာမှ နားမလည်​​တော့ဖူးကွာ..."""
စိုးမိုးက ​ခေါင်းကို ကုတ်​ရင်း....
"""ငါလည်း မင်းလိုပဲကွာ....ဘယ်​လိုမှန်းကို မသိ​တော့ပါဖူး...."""
"""သရဲ​ခြောက်​ ခံရတာလည်း မဖြစ်​နိုင်​ပါဖူးကွာ..​နေ့ခင်း​ကြောင်​​တောင်​....လူအရှင်​လတ်​လတ်​ကြ်ီး မြင်​ရတာ...."""
နှစ်​​ယောက်​သား ​ခေါင်းချင်းဆိုင်​ တာ​တောင်​ အ​ဖြေကမထွက်​လာ​ပေ။
"""ကဲ....​ဝေမင်း...ဒီတိုင်း​တော့ ဘာမှ မထူးဖူး ...အဖွား​လေးတို့ ​အိမ်​သွားမယ်​...ည​နေစာ စားရင်း​ပေါ့ကွာ...."""
"""​အေး...သွားတာ​ပေါ့ကွာ...."""
အဖွား​လေးတို့အိမ်​အ​ရောက် သူငယ်​ချင်းနှစ်​​ယောက်​လုံး ​နေ့ခင်းက အဖြစ်​အပျက်​က ရင်​ထဲမတင်​မကျမို့ ထမင်းစား သိပ့်​မ၀င်​​ပေ။ထို့​နောက်​ နှစ်​​ယောက်​သား အိမ်​​ရှေ့တွင်​ထိုင်​​နေ​သော အဖွား​လေးအနားသွား​ရောက်​ထိုင်​ကာ....
"""စိုးမိုး....ငါ့​မြေး...ရွာမှာ​ပျော်​ရဲ့လားကွဲ့...."""
"""ဟုတ်​ကဲ့...အဖွား​လေး..."""
"""​အေး​အေး....ဧည့်​သည်​ခ​လေးက​ရော....​ပျော်​ရဲ့လား.....""""
ဝေမင်းကလည်း အဖွား အ​မေးကို မဆိုင်းမတွပင်​ ​ဖြေလိုက်​သည်​။
"""​ပျော်​ပါတယ်​ ခင်​ဗျာ...""""
"""​ပျော်​သ​လောက်​သာ​နေကြ​ပေါ့ကွယ်​...."""
ထိုအခါ စိုးမိုးမှ....
""""ဒါနဲ့ အဖွား​လေး...သားတို့ အမျိုးထဲမှာ ထားထားနွယ်​ ဆိုတာရှိသလား....ဟင်​...."""
"""အို....ရှိတာ​ပေါ့ကွယ်​...ထားထားနွယ်​ ဆိုတာ တခြားဟုတ်​ရိုးလားကွဲ့....လူ​လေးရဲ့....အဖွား​လေးတို့နဲ့ ဆိုရင်​ ကြီး​မေ​တော်​တာ​ပေါ့ကွယ်​...."""
"""ဗျာ....ဟုတ်​လား..."""
ကျွန်​​တော်​နှင့်​စိုးမိုး တ​ယောက်​မျက်​နှာ တ​ယောက်​ကြည့်​လိုက်​ကြသည်​။စိုးမိုးက အဖွားအား.. .
"""အဲ..ထားထားနွယ်​ အယ်​ ...​ဒေါ်ထားထားနွယ်​အ​ကြောင်း ​ပြေပြပါလား...အဖွား​လေး....""""
"""ဟုတ်​တာ​ပေါ့ ငါ့​မြေးက ဘယ်​သိမလည်း အဖွား​ပြောပြမှာ​ပေါ့...အဖွားတို့ရဲ့အ​ဖေမှာ ​မောင်​နှမ ...နှစ်ေ​ယာက်​ရှိတယ်​​လေ မင်း​အဘိုးဖြစ်​တဲ့ အဖွား​ တို့အဖေကအငယ်​ ​ဒေါ်ထားထားနွယ်​ဆိုတဲ့ ကြီးကြီးထား က အကြီး​လေ...."""
"""ဟုတ်​"""
"""ကြီးကြီးထား က သိပ့်​​ချောတာကွဲ..ဒါ​ပေမယ့်​ ကြီးကြီးထား က အိမ်​​ထောင်​မပြုဖူး ....အပျိုးကြီးဘ၀နဲ့ပဲ အရိုးထုတ်​ခဲ့တယ်​....သူအိမ်​​ထောင်​မပြုတာကလည်း ခပ်​ဆန်းဆန်းရယ်​ပါကွယ်​....သူ့မှာ ချစ်​သူတ​ယောက်​ရှိခဲ့တယ်​တဲ့...တ​နေ့....ကြီကြီးထားတို့ အ​ဖေခရီးထွက်​သွားပြီး...အိမ်​မှာလည်း သူတ​ယောက်​ထဲရှိ​နေချိ​​န်​မှာ အိမ်​​ပေါ်ကသူဆင်းလာ​တော့ ဧည့်​ခန်းမှာ သူနဲ့ ရွယ်​တူ ​ကောင်း​လေးတ​ယောက်​ကို ​တွေ့တယ်​တဲ့.....""""
ထို​နေရာအ​ရောက်​တွင်​ ကျွန်​​တော့်​ မျက်​ခုံးများမြှင့်​တတ်​သွားသည်​။ အဖွား​လေးက ဆက်​၍...
"""သူလည်း တကယ်​အံသြသွားတယ်​တဲ့....​ကောင်း​လေးက ​ခေတ်​ဆန်​ဆန်​၀တ်​ထားတာ သူတခါမှ မမြင်​ဖူးတဲ့ ပုံစံမျိုးတဲ့...​နောက်​​တော့ ...​ကောင်း​လေးနဲ့ ကြီးကြီးထားလည်း စကား​​ပြောရင်း​ခင်​မင်​သွားကြတယ်​တဲ့...အဲ့ဒီ အချိန်​က သူသိပ့်​​ပျော်​​နေတာတဲ့...​ကောင်း​လေးက ရန်​ကုန်​ ကတက္ကသိုလ်​​ကျောင်းသားဆိုပဲ....""""
ကျွန်​​တော်​​ရော စိုးမိုး ပါ တအံတသြ ဖြစ်​​နေသည်​။
"""​နောက်​မှ သူလည်း ဧည့်​သည်​ကို ​ကော်​ဖီ​ဖျော်​​ပေးဖို့ သတိရမိတာ အဲ့အချိန်​မီးခြစ်က​လည်း မီး​မွှေး ဖို့ခြစ်​မရလို့ ​ကောင်​​လေးဆီက မီးခြစ်​က​လေးငှါးပြီး အိမ်​​နောက်​မှာ ​​ရေ​နွေးတည်​ပြီးလို့ ​ကော်​ဖီလည်း​ ရ​ရော အိမ်​​ရှေ့မှာ ဧည့်​သည်​​ကောင်​​လေးက မရှိ​တော့ပဲ ​ပျောက်​ချင်းမလှ ​ပျောက်​သွားတယ်​တဲ့...ကြီကြီးထားလည်း စဉ်းစားမရ​အောင်​ဖြစ်​ပြီး သူ့အ​ဖေပြန်​လာ​တော့ ​မေး​တော့တာ​ပေါ.....ဒီအခါမှာ ကြီးကြီးထားအ​ဖေက ပြန်​​ဖြေတဲ့ စကားက ပိုပြီးအံသြဖို့​ကောင်းတယ်​တဲ့...သူခရီးသွားတဲ့ အချိ​န်​ဘယ်​ဧည့်​သည်​မှ လာစရာမရှိဖူးတဲ့...."""
အဖွားကစကား​ခဏရပ်​ပြီး ကျွန်​​တော်​တို့အားကြည့်​ရင်း ဆက်​​ပြောသည်​။
"""ဒါ​ပေမဲ့ ကြီးကြီးထားက သိပ့်​အစွဲအလမ်းကြီးတယ်​...ဒီအဖြစ်​အပျက်​ကို ဘယ်​သူမှ မယုံ​ပေမယ့်​ သူက​တော့ ယုံတယ်​....​နောက်​ပြီး ​ခဏတာ​တွေ့လိုက်​တဲ့​ကောင်​​လေးကို သူ့ဘ၀တသက်​တာလုံးချစ်​သွားရှာတယ်​...​ကောင်း​လေးကျန်​ခဲ့တဲ့ မီးခြစ်​က​လေးက သက်​​သေပဲမဟုတ်​လားကွယ်​....."""
ကျွန်​​တော်​ ရင်​​တွေတဒိတ်​ဒိတ်​ခုန်​​နေသည်​။စိုးမိုးလည်း ကျွန်​​တော့်​ မျက်​နှာကို လှမ်းကြည့်​ပြီး အံ့သြ ​နေသည်​။
"""အဖွား​လေး....သားတို့ကို ကြီးကြီးထားပုံရှိရင်​ပြပါလား.."""စိုးမိုးက ​ပြောလိုက်​သည်​။
"""ပြမှာ​ပေါ့ကွယ်​....သီသီ​ရေ...ငါ့အခန်းထဲက ယွန်းဘူး​လေး ယူခဲ့စမ်းပါ...."""
အဖွားက ​ဒေါ်​လေးသီအား လှမ်း​ပြောလိုက်​သည်​။ခဏကြာ ​ဒေါ်​လေးသီ လက်​ထဲတွင်​ယွန်းဗူး အမည်း​လေးပါလာသည်​။
"""ဒီမှာကွဲ့ ကြီးကြီးထား ငယ်​ငယ်​ကပုံ​လေး....သိပ့်​​ချောတာကွဲ့ ....အဖွား​လေးကို ကြီကြီးထားက သိပ့်​ချစ်​တာ ဒါ​ကြောင့်​ သူ့အဖြစ်​အပျက်​​တွေကို ခဏခဏ​ပြောပြလို့ အလွတ်​​တောင်​ရတယ်​ကွဲ့....."""
အဖွားလက်​ထဲက ​ဟောင်းနွမ်း​နေ​သော အဖြူအမဲ ဓာတ်​ပုံက​လေးကို ကျွန်​​တော်​ယူကြည့်​မိသည်​။ သူမမှ သူမ အစစ်​ ကျွန်​​တော်​​နေ့ခင်းကတင်​ စကား​ပြောခဲ့​သော သူမ ကျစ်​ဆံမြီး ​လေးကျစ်​ပြီး သွားထပ်​က​လေး​ပေါ်​အောင်​ ပြုံ​နေသည့်​ သူမပါပဲ....
"""ဒါ​လေးက​တော့ကြီးကြီးထားသိမ်းထားတဲ့ ​ကောင်း​လေးရဲ့ မီးခြစ်​ က​လေး​ပေါ့....."""
အဖွားလက်​ထဲက အရာ​လေးကို မြင်​​တော့ ကျွန်​​တော်​အသက်​ရှူဖို့ပင်​​မေ့သွားသည်​။သေချ​အောင်​ ယူကြည့်လိုက်​သည်​။ ထိုအရာကား အ​ရောင်​လွင့်​ပျယ်​​နေ​သော ဇစ်​ပို မီးခြစ်​ က​လေးပင်​ဖြစ်​သည်​။မီးခြစ်​ က​လေး၏ ​အောက်​​ခြေတွင်​ ​ဝေမင်းကို WM ဟုအတို​ကောက်​​ရေးထိုးထား ​သော စာလုံး​လေး နှစ်​လုံးကို ​တွေ့လိုက်​ရသည်​။
ကျွန်​​တော့်​ မျက်လုံးများ ပြာ​ဝေသွားသည်​။ ​နေ့ခင်းက ကျွန်​​တော်​ သူမကို ​ပေးလိုက်​​သော မီးခြစ်​က​လေးပင်​ဖြစ်​သည်​။ ကျွန်​တော်​​ပေးတုန်းက သစ်​လွင်​​တောက်​ပပြီး အခု ​ဟောင်းနွမ်း​နေ​သည်​သာကွာခြားသည်​။
ဒါဆို.. ...တကယ်​ပဲ ထားထားနွယ်​ နှင့်​ အတိတ်​ကာလ ဆီသို့​ရောက်​ရှိသွားပြီး ​တွေ့ဆုံခဲ့တာလား....ကျွန်​​တော်​ ဦး​နှောက်​က ဉာဏ်​​မမှီသလို စဉ်းစား၍လည်း​ မရခဲ့ပါ။
ကျွန်​​တော်​ လိမ်​ညာ​နေခြင်းမဟုတ်​သည်​ကို​တော့ သူငယ်​ချင်း ဖြစ်​သူစိုးမိုးအသိဆုံးဖြစ်​​ပေလိမ့်​မည်​။ ဘာ​ကြောင့်လည်း ဆို​တော့ ထိုမီးခြစ်​က​လေး သည်​ စိုးမိုး ကိုယ်​တိုင်​ ကျွန်​​တော်အသက်​နှစ်​ဆယ်​ပြည့်​​မွေး​နေမှာ လက်​​ဆောင်​​ပေးခဲ့​သော မီးခြစ်​က​လေး ဖြစ်​သည်​မဟုတ်​ပါလား။ ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Jipsy Lay (www.jipsylay.blogspot.com/)

ကျေးဇူးတင်​ပါတယ်
Credit -သျှား 😃😃

"""အတိတ်​က ကျွန်​​တော့်​ချစ်​သူ""" အပိုင်း-၁

"""အတိတ်​က ကျွန်​​တော့်​ချစ်​သူ"""
~~~~~~~~~~~~~~~~~~~~~~~~~~~~
အပိုင်း-၁❦ ❦ ❦

ခက်​တယ်​ဗျာ . ကျွန်​​တော်​ဆိုတဲ့​ကောင်​ကလည်း လက်​​တွေ့ သမားမှ လက်​​တွေ့သမား......သရဲ​ခြောက်​တယ်​​လို့ သူများ​တွေ​ပြောရင်​လည်းမယုံဖူး ကိုယ်​တိုင်​ သွားတာ တကယ်​ နဖူး​တွေ့ ဒူး​တွေ့ ကြုံရရင်​​လည်း တကယ့်​လက်​​တွေ့သမားပီပီ အချိန်​မဆိုင်းပဲ ဖ​နောင့်​နဲ့ တင်​ပါး တသားတည်း ကျ​နေ​အောင်​ကို ​ပြေး​တော့တာ...ကဲထားပါ​တော့ဗျာ...တ​နေရာမှာ မီး​လောင်​​နေတယ်​ဆိုပါစို့ ...ကျွန်​​တော့်​လို​ကောင်​က သူများ​ပြောတိုင်း မယုံဖူး...လက်​​တွေ့ဗျ...သွားကိုကြည့်​တာ တကယ်​မြင်​ရမှ မီးသတ်​ဌာနကို ​သေ​သေချာချာကို အ​ကြောင်းကြား​ပေးတာပါဗျာ...အဲ့ဒီလိုလူမျိုး ကျွန်​​တော်​ ထံသို့ အ​ဖြေရှာမရတဲ့ အဖြစ်​အပျက်​တခု​ရောက်​ရှိလာ​သောအခါ....
"""​ဟေ့​ကောင်​ကြီး...​ဝေမင်း...ဘာလုပ်​​နေတာလဲ """
"""လန့်​လိုက်​တာကွာ...မင်းကလည်း ငါစာအုပ်​ထဲဈာန်​၀င်​​နေတာ​..."""
သူငယ်​ချင်း စိုးမိုးက ​ပြော​ပြောဆိုဆို ကျွန်​​တော့​ဘေးဝင်​ထိုင်​ရင်း....
"""မင်းကလည်း ​ကျောင်းပိတ်​ရက်​​လေး ဘာ​လေး အပျင်း​ပြေ ဘာလုပ်​ရင်​​ကောင်းမလည်း တိုင်​ပင်​ဖို့လာတာကွ...."""
"""ဘာလုပ်​မလည်း ...စာဖတ်​​ပေါ့ကွ...."""
"""ဟ...မင်း​ပြောမှလား...ငါလည်း သိတာ​ပေါ့.. .အခုက ငါတို့ သူငယ်​ချင်း​နှစ်​​ယောက်​ခရီးထွက်​ရရင်​​ကောင်းမလားလို့..."""
ကျွန်​​တော်​ဖတ်​လက်​စ စာအုပ်​ကို ခဏချထားလိုက်​ပြီး စိုးမိုး စကားကို စဉ်းစားလိုက်​သည်​။ ကျွန်​​တော်​တို့ ဒုတိယနှစ်​စာ​မေးပွဲပြီးလို့ ​ကျောင်းပိတ်​ရက်​ရထားကြသည်​။ဒီလို အချိန်​တွင်​ အိမ်​ထဲမှာ ​အောင်း​နေတာထက်​စာရင်​ ပြင်​ပဗဟုသုတလည်းရ​အောင်​ တ​နေရာကို သွားရရင်​ ​ကောင်းမည်ဖြစ်​သည်​။
"""Ok...​ကောင်း​တော့ ​ကောင်းတယ်​ ဒါ​ပေမယ့်​ ဘယ်​ကိုသွားမလည်းကွ...ငါတို့နှစ်​​ယောက်​တည်း..."""
"""ဟာ...မင်းကလည်း...ငါ့အဘိုးဘက်​က အ​မွေရထားတဲ့ ခြံနဲ့ အိမ်​ကို သွားမယ်​​လေ ရွာငယ်​ရွာကို သွားလည်​မယ်​...အဲ့ဒီမှာ ငါတို့ အမျိုး​တွေအများကြီးရှိတယ်​​လေ..."""
"""​အေး...​ကောင်းသားပဲကွ...ဒါဆိုလည်း...ငါ့အ​ဖေနဲ့အ​မေကိုခွင့်​​တောင်းပြီး ခရီးထွက်​ဖို့ ပြင်​လိုက်​မယ်​​လေ...."""
"""​ကောင်းတယ်​...ငါလည်းအိမ်​ပြန်​ပြီး စီစဉ်​စရာရှိတာ စီစဉ်​လိုက်​မယ်​ကွာ..."""
စိုးမိုး ပြန်​သွားပြီး​နောက်​ ကျွန်​​တော်​လည်း အ​ဖေနဲ့ အ​မေကို ခွင့်​​တောင်းပြီး ခရီးထွက်​ဖို့ ပြင်​ဆင်​​တော့သည်​။
~~~~~~~~~~~~~~~~~~~~~~~
"""​ဟေ့​ကောင်​...မ​ရောက်​​သေးဖူးလားကွ...​မောလာပြီ..."""
ကျောပိုးအိပ်​ထဲက လက်​ကျန်​​ရေပုလင်းကို ​မေ့​သောက်​ပြီး စိုးမိုးကို​မေးလိုက်​သည်​။
"""​ရှေ့မှာ.. ​ရောက်​ပါပြီကွာ မင်းကလည်း..."""
ရွာထဲ​သို့ ကျွန်​​တော်​တို့ ၀င်​လာ​တော့ ရွာလမ်းတ​လျောက်​ အ​တော်​အတန်​​ကောင်းမွန်​​သော အိမ်​ကြီးအိမ်​​ကောင်းများ ကို​တွေ့ရသည်​။အိမ်​တအိမ်​​ရှေ့အ​ရောက်​ စိုးမိုးက အိမ်​ထဲသို့ လှမ်းဝင်​သွားသည်​။
"""ဟဲ့...ဒါဘယ်​သူတုန်း..."""
""" ဟာ...အဖွား​​လေးကလည်း ကျွန်​​တော်​စိုးမိုး​လေ..."""
အသက်​ ခုနှစ်​ဆယ်​​ကျော်​ အဘွားအိုက မျက်​စိများကို​မှေးစင်းရင်း စိုးမိုးကိုကြည့်​ကာ...
"""ဟင်​....စိုးမိုး...​အောင်​စိုးသားလား....မင်းက ​အောင်​စိုးသားလား.. ."""
"""ဟုတ်​တယ်​​လေ...အဖွား​လေးကလည်း မမှတ်​မိ​တော့ဖူးလား...သား ငယ်​ငယ်​က အဖွား​လေးတို့ဆီလာ​နေတာ​လေ...."""
ထိုအခါ အဖွားမှ စိုးမိုးအားဖက်​ကာ....
"""အမ​လေး...လူ​လေးရယ်​....ငါ့​မြေးက ဒီအရွယ်​ကြ်ီး​ရောက်​​နေ​တော့...အဖွား​လေးက ဘယ်​မှတ်​မိမလည်း...ကြည့်​ပါအုန်း အ​ကောင်းကြီးထွားလာတာ...."""
"""ဟုတ်​တယ်​ အဖွား​လေးရဲ့...အခုလည်း သား​ကျောင်းပိတ်​လို့ သားသူငယ်​ချင်းနဲ့ အတူ ရွာကို အလည်​လာတာ..."""
အဖွားက ကျွန်​​တော့်​အားကြည့်​ကာ...
"""​အော်​...​အေး ​အေး...​ကောင်းတာ​ပေါ့ကွယ်​...ရွာကို ​ရောက်​တုန်း ​ပျော်​သ​လောက်​​နေကြ..."""
"""ဟုတ်​ကဲ့ အဖွား​လေး...ကျွန်​​တော့်​ကိုလည်း...စိုးမိုးလိုပဲ သ​ဘောထားပါ...."""
"""​အေးပါကွယ်​.. .ဒါနဲ့ ထမင်းစားပြီးပြီလား.. .အဖွား​လေး ..စီစဉ်​လိုက်​မယ်​...."""
အသက်​ကြီ​သော်​လည်း သွက်​လက်​ဟန်​ရှိ​သော အဖွားအား စိုးမိုးမှ ကပျာကယာ လှမ်းတားလိုက်​သည်​။
"""ဟာ...​နေပါ​စေ​တော့...အဖွား​လေးရဲ့....သားတို့ စားလာပြီးသားပါ....အခုသားတို့ကို ​အဘိုးရဲ့ အိမ်​ကို လိုက်​ပို့​ပေး​နော်​....သားတို့ အဲ့ဒီ မှာ ပဲ​နေပါ့မယ်​..."""
"""ဟင်​...ဘာလို့လည်း သားရယ်​ ဒီမှာလည်း အဖွား​လေးရယ်​ မင်းအ​ဒေါ်ရယ်​ပဲရှိတာ...."""
"""​ရပါတယ်​ အဖွား​လေး ရဲ့ သားတို့က လွတ်​လွတ်​လပ်​လပ်​ ​နေချင်​လို့ပါ...."""
ထို့အချိန်​တွင်​ အိမ်​ထဲသို့ အသက်​​လေးဆယ်​ခန့် အမျိုးသမီး တဦးဝင်​လာသည်​။
"""ဟာ...​ဒေါ်​လေး...."""
"""ဟယ်​....ငါ့တူကြီး စိုးမိုး မဟုတ်​လား...."""
"""ဟုတ်​...​ဒေါ်​လေး...သားတို့ အလည်​လာတာ..."""
"""​အေးကွယ့်​....မင်းအ​ဖေ အကိုကြီး​အောင်​စိုးနဲ့ အမ​ရော ​နေ​ကောင်းရဲ့လား...."""
"""​ကောင်းပါတယ်​.. ..​ဒေါ်​လေး...."""
"""ဟဲ့...သီသီ​ရေ....နင့်​တူ​တွေက သူ့အဘိုးအိမ်​ကြီးမှာ ​နေမယ်​တဲ့...."""
အဖွား​လေးက စိုးမိုး၏အ​ဒေါ်ဖြစ်​သူ ကို ​ပြောလိုက်​သည်​။
"""ဟုတ်​လား...ဒီမှာ​နေလည်းရတာပဲသားရယ်​....ဟိုအိမ်​ကြီးမှာက မရှင်းရ​သေးဖူး...."""
"""ရတယ်​...​ဒေါ်​လေး...သားတို့ပဲရှင်းလိုက်​ပါ့မယ်​...စားချိန်​​ရောက်​မှ ​ဒေါ်​လေး လက်​ရာလာစားပါ့မယ်​....""""
"""အမ​လေး​တော်​....​ကောင်းပါ့...ငါ့တူရယ်​....မင်းသ​ဘောကျ ​နေပါ..."""
ထို့​နောက်​ ကျွန်​​တော်​တို့နှစ်​​ယောက်​အား ရွာလယ်​ရှိ အိမ်​ကြီးဆီသို့ ​စိုးမိုး၏အ​ဒေါ်က လိုက်​ပို့​ပေးသည်​။ အိမ်​ကြီးမှာ ​ရှေးလက်​ရာ ကျွန်းအိမ်​မဲမဲကြီး ဖြစ်​သည်​။ အိမ်​ကြီးအတွင်းပိုင်း၌ အနည်းငယ်​ ရှုပ်​ပွ​နေသည်​ဖြစ်​ရာ ကျွန်​​တော်​တို့နှစ်​​ယောက်​ ရှင်းလင်းပြီး....​အောက်​ထပ်​အခန်းနှစ်​ခန်းကို တ​ယောက်​တခန်းယူထားလိုက်​သည်​။
"""​ဝေမင်း....သားကြီး အိမ်​​နောက်မှာ ​ရေတွင်းရှိတယ်​...​ရေသွားချိုးမယ်​....ပြီးရင်​ ခဏ အနားယူပြီး မှ ညစာသွားစားမယ်​ အဖွား​လေးအိမ်​မှာ....."""
"""​အေး....​ကောင်းတယ်​..စိုးမိုး...ငါလည်း အနားယူချင်​​နေပြီ""""
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျွန်​​တော်​တို့ နှစ်​​ယောက်​ အိပ်​လိုက်​စားလိုက်​ ရွာရိုးကိုး​ပေါက်​​လျှောက်​လိုက်​နှင့်​ အ​ပျော်​ကြီး​ပျော်​​နေကြသည်​။
တ​နေ့ တ​နေ့ စိုးမိုးမှာ ရွာထဲက အပျိုအိမ်​မှန်​သမျှ မလွတ်​တမ်းလည်​ပတ်​​နေသည်​ ။
"""​ဟေ့​ကောင်​...ဒီ​နေ့​တော့ ငါမလိုက်​​တော့ဖူး မင်းဟာမင်း သွား​တော့.....ငါ အိမ်​ကယူလာတဲ့ စာအုပ်​က​လေး ဖတ်​ပြီး ​နေခဲ့​တော့မယ်​....."""
"""​ဝေမင်း....မင်းတကယ်​မလိုက်​ဖူးလားကွာ..."""
"""NO ပါ...ငါဟာငါ ဒီ​နေ့ အိမ်​မှာ​နေခဲ့မယ်​...."""
"""ပြီး​ရော....ငါ​စော​စော ပြန်​လာပါ့မယ်​ကွ.....ငါလာမှ အဖွားတို့အိမ်​ ၀ါးတီးသွားမယ်​....""
စိုးမိုးတ​ယောက်​ ​ပြော​ပြောဆိုဆို အပြင်​ထွက်​သွားသည်​။
ကျွန်​​တော်​လည်း အိမ်​​ရှေ့ဧည်​ခန်းထဲတွင်​ ထိုင်​ရင်း စာအုပ်​ဖတ်​​နေလိုက်​သည်​။ ထိုစဉ်​ အိမ်​​ပေါ်ထပ်​မှ ဆင်းလာ​သော ​ခြေသံကိုကြားလိုက်​ရ၍ ကျွန်​​တော့်​ မျက်​လုံးများ က​လှေကားစီသို့ ​ရောက်​ရှိသွားသည်​။
ကျွန်​​တော့်​ မျက်​လုံးများ အဆမတန်​ပြူးကျယ်​သွားရသည်​။ မပြူး၍လည်းမရ ရုပ်​ရှင်​ထဲမှာ အင်္ဂလိပ်​​ခေတ်​က အမျိုးသမီး များဝတ်​စား ဆင်​ယင်​မှု့ အတိုင်း ၀တ်​ထား​သော မိန်းခ​လေးတ​ယောက်​ ဆင်းလာသည်​။ သူမကလည်း ကျွန်​​တော့ကို မြင်​​တော့ အံ့သြ ​သော မျက်​လုံးများဖြင့်​ စိုက်​ကြည့်​​နေသည်​။
"""မင်း...ဘယ်​သူလည်း....မင်း...လူလား..."""
သူမက ပါးလျ​သော ပိတ်​စကို ချုပ်​ထာတဲ့ ရင်​ဖုံးအင်္ကျီ လက်​အကျက​လေးကို ချိတ်​ထမီနဲ့ တွဲ၍၀တ်​ဆင်းထားသည်​။ အ၀ါ​ရောင်​ထက်​​အောက်​ ဆင်​တူနှင့်​ ဆံပင်​ကို ကျစ်​ဆံမြီး နှစ်​ဖက်​ ချထားသည်​မှာ ရှည်​လျားစွာ ကျ​နေပြီး ၀ါဝင်း​သော အသားက​လေးနှင့်​ အ​တော်​ပင်​ ချစ်​ဖို့​ကောင်းသည်​။
"""အို...လူ​ပေါ့....ရှင်​က​ရောဘယ်​သူလည်း...ဘယ်​လိုလုပ်​ အိမ်​ကို​ရောက်​​နေတာလည်း...""""
မိန်းခ​လေး ကျွန်​​တော်​ဆီ လှမ်း​လျှောက်​လာရင်း ​မေးလာသည်​။ လူ​တော့ လူပဲ ​နေ့ခင်း​ကြောင်​​တောင်​ သရဲ​တော့ မဖြစ်​နိုင်​ပါဖူး....ဘယ်​လိုလုပ်​ပြီး အိမ်​​ပေါ်​ရောက်​​နေတာလည်း.....
"""ရှင့်​ကို ​မေး​နေတယ်​​လေ..."""
သူမက ကျွန့်​​တော့်​ အ​ရှေ့တွင်​ရပ်​ရင်း ​မေး​လေသည်။
""""ကျွန်​​တော်​ ကဧည့်​သည်​ပါ....ဒီကို အလည်​လာတာပါ.....""""
"""​အော်​...​ဖေ​ဖေ ကလည်း ထားကို ကြိုမ​ပြောဖူး ဧည့်​သည်​​ရောက်​တယ်​လို့....မသိလို့ပါရှင်​..."""
သူမက ညည်းတွား သံက​လေးနှင့်​ ​ပြောရင်း ကျွန်​​တော်​ အ​ရှေ့ခုံတွင်​၀င်​ထိုင်​လိုက်​သည်​။ကျွန်​​တော်​လည်း ​ယောင်​နနဖြင့်​ ​ခေါင်းကိုညိတ်​ပြလိုက်​သည်​။ ​ကောင်းမ​လေးက ​တော်​​တော်​လှသည်​ ။ ခု​လို ​ခေတ်​ထဲမှာ​တွေ့ရခဲတဲ့ အလှမျိုးပါ။
"""ဒါနဲ့...ရှင်​က ဘယ်​ကလာတာလည်း..."""
"""ရန်​ကုန်​ ကပါ ​ကျောင်းပိတ်​ရက်​ အလည်​လာတာပါ...."""
"""​အော်​...ရန်​ကုန်​က တက္ကသိုလ်​ ​ကျောင်းသားကို...."""
သူမက တအံတသြ ​ရေရွတ်​ရင်း​ပြော​နေသည်​။
ကျွန်​​တော်​က​တော့ သူမအ​ရှေ့မှာ ထိုင်​​နေသည်​ကို တစိမ့်​စိမ့်​ကြည့်​ ရင်း ရင်​ထဲမှာ​တော့ တဒိန်းဒိန်း ခုန်​​နေသည်​။
"""ဒါနဲ့....ရှင့်​နာမည်​က....""""
"""ကျွန်​​တော်​ နာမည်​က ​ဝေမင်း ပါ...."""
"""ကျွန်​မနာမည်​က ထားထားနွယ်​ပါ...ထားလို့ပဲ​ခေါ်​ပေါ့...."""
ထားတဲ့ နာမည်​​လေးက ချစ်​စရာ​လေးပဲ....အသက်​ကလည်းရှိလှမှ နှစ်​ဆယ်​စွန်​စွန်း​ပေါ့...မိန်းခ​လေးမြင်​တိုင်း ရင်​မခုန်​တတ်​တဲ့ကျွန်​​တော်​ အခုရင်​ခုန်​​နေမိတာ အမှန်​ပါပဲ.. ..။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Jipsy Lay (www.jipsylay.blogspot.com/)
အပိုင်း-၂ ဆက်​လက်​အား​ပေးပါ
Credit -သျှား 😃😃

အပျော်ရွှင်ဆုံးလူသား

အပျော်ရွှင်ဆုံးလူသား 

 
တစ်ခါတုန်းက တောကျီးကန်းလေးဟာ သူ့ဘဝသူတွေးပြီး ကျေနပ်နေပါတယ်။ တစ်နေ့မှာတော့ တောကျီးကန်းလေးဟာ ငန်းတစ်ကောင်ကိုမြင်ပြီး အခုလို တွေးထင်မိလိုက်တယ်။
“ဒီငန်းလေးရဲ့ အရောင်အဆင်းက အရမ်းဖြူတာပဲ၊ ငါ့မှာတော့ မဲလိုက်တာ ၊ ဒီငန်းလေးက လောကမှာ အပျော်ရွှင်ဆုံးငှက် ဖြစ်ရမယ်။”
တောကျီးကန်းဟာ အဲ့ဒီအကြောင်းကို ငန်းလေးကို ပြောပြတော့ ငန်းလေးက အခုလိုပြန်ပြောလိုက်တယ်။
“အရမ်းလှတဲ့ ကြက်တူရွေးလေးကို မမြင်ဖူးခင်တုန်းက ကိုယ့်ကိုကိုယ် အပျော်ရွှင်ဆုံးသူအဖြစ် ထင်ခဲ့ဖူးတယ်၊ ကြက်တူရွေးက ငါ့ထက် ပိုလှတယ်လေ၊ အခုတော့ ဒီလောကမှာ ကြက်တူရွေးလေးသာ အပျော်ရွှင်ဆုံးငှက်လို့ ငါထင်တယ်”
တောကျီးကန်းဟာ ဒီတစ်ခါမှာတော့ ကြက်တူရွေးဆီသွားပြီး အဲ့ဒီအကြောင်းကို ပြောပြတော့ ကြက်တူရွေးက အခုလိုပြန်ပြောလိုက်တယ်။
“ငါလည်း ဒေါင်းတစ်ကောင်ကို မမြင်ဖူးခင်တုန်းကတော့ ပျော်ရွင်ဖူးတယ်လေ၊ ငါ့မှာက အရောင်နည်းနည်းပဲရှိတာလေ၊ ဒါပေမယ့် ဒေါင်းကတော့ အရောင်စုံ ရှိတယ်လေ။”
အဲဒီနောက်မှာတော့ တောကျီးကန်းလေးဟာ တိရိစ္ဆာန်ရုံထဲမှ ဒေါင်းလေးဆီ သွားခဲ့ပါတယ်။ လူတွေအများကြီး ဒေါင်းလေးကို ဝိုင်းအုံကြည့်နေတာကို တောကျီးကန်းလေး တွေ့လိုက်ပြီး ကိုယ့်ကိုကိုယ် သိမ်ငယ်စိတ်ဝင်လာပါတယ်။
“အို . . . . ဒေါင်းလေးရယ် ၊ အရမ်းလှတာပဲ ၊ နေ့တိုင်း မင်းကို ကြည့်ဖို့ လူတွေအများကြီး လာကြတယ်နော်၊ ဒါပေမယ့် လူတွေက ငါ့လို တောကျီးကန်းကျတော့ အဝေးကိုပဲ မောင်းထုတ်ကြတယ်။ ဒေါင်းလေးရယ် ၊ မင်းကတော့ ဒီကမ္ဘာမှာ အပျော်ဆုံးသူလို့ ငါထင်တယ်ကွာ။”
တောကျီးကန်းရဲ့ စကားသံကို ကြားတော့ ဒေါင်းလေးဟာ ဝမ်းနည်းတဲ့ အမူအရာနဲ့ ပြန်ပြောလိုက်တယ်။
“ငါလည်း ဒီကမ္ဘာမှာ ငါ့ကိုယ်ငါ အလှဆုံးနဲ့ အပျော်ရွှင်ဆုံးလို့ ထင်ခဲ့ဖူးတယ်။ ဒါပေမယ့် ငါ့အလှကြောင့်ပဲ ဒီတိရိစ္ဆာန်ရုံထဲမှာ ပိတ်လှောင်ခံထားရတယ်လေ၊ စဉ်းစားလိုက်တဲ့အခါမှာတော့ ကျီးကန်းတွေပဲ လှောင်အိမ်ထဲ အထည့်မခံရဘူးဆိုတာ ငါ သဘောပေါက်လာတယ်၊ ငါ အမြဲတွေးမိတယ်၊ ငါသာ ကျီးကန်းဖြစ်ရင် လောကမှာ အပျော်ရွှင်ဆုံးဖြစ်မယ်လို့လေ”
ပုံပြင်လေးကတော့ ဒီလောက်ပါပဲ ။ ကျွန်တော်တို့တွေလည်း တစ်ယောက်နဲ့တစ်ယောက်ကြားမလိုအပ်ဘဲ နှိုင်းယှဉ်မှုတွေပြုလုပ်ပြီး ဝမ်းနည်းနေကြတယ်။ ပိုင်ဆိုင်ထားတဲ့ ဘဝကို တန်ဖိုးထားရကောင်းမှန်းမသိကြတဲ့အပြင် မရသေးတဲ့ဘဝကိုပါ အားကျနေတတ်ကြပါတယ်။ ဒါတွေအားလုံးဟာ စိတ်မပျော်ရွှင်စေတဲ့အပြင် ပျက်စီးခြင်းကိုပါ ဖြစ်စေပါတယ် ။ မရှိတာကို တောင့်တနေမယ့်အစား ရှိတာလေးနဲ့ နေတတ်အောင်ပျော်ရွှင်အောင် လေ့လာပါ ၊ သင်ယူပါ။ လောကမှာ မတူညီမှုတွေက ရှိနေမှာပဲလေ။ ကိုယ့်မှာရှိတာနဲ့ ကျေနပ်ရောင့်ရဲနိုင်တဲ့သူကတော့ လောကမှာ တကယ့်အပျော်ရွှင်ဆုံး လူသားပဲဖြစ်ပါတယ်။

Jipsy Lay (www.jipsylay.blogspot.com/)
Credit;
ကျော်စိုးအောင် (အခရာ)
 

အကျင့် ပျက်မို့ ဈေးပိုသည်

ဒီဘက်ခေတ်မှာ သင်တန်းတွေကလည်းမှိုလိုပေါက်လာတာနဲ့အမျှ ဟိုသင်တန်းဆိုလည်း ပြေးတက် ဒီသင်တန်းဆိုလည်း ပြေးတက်နဲ့ ပညာသင်ယူချင်သူတွေ အတော်များပါတယ်။ တကယ်တမ်း ပညာရပ်တစ်ခုကို သင်ယူမယ်ဆိုရင် သင်ပေးမယ့်ဆရာက ဘယ်သူလဲ ဒီပညာရပ်မှာ တကယ်ကျွမ်းကျင်သူဖြစ်ရဲ့လားဆိုတာကလည်း အရေးကြီးပါသေးတယ်။ နောက်ပြီး ကိုယ်တိုင်လည်း သင်ယူမယ့် ဘာသာရပ်အပေါ်မှာ အာရုံစူးစိုက်မှု စိတ်ပါဝင်စားမှုအပြည့်ရှိနေဖို့လိုပါတယ်။
တချို့များကျတော့ အကြောင်းအမျိုးမျိုးကြောင့် ဟိုစပ်စပ်ဒီစပ်စပ် တက်ထားဖူးပြီး အစအဆုံး မသင်ကြားဖြစ်မိတာကြောင့် အစကပြန်သင်ရတာမျိုးလည်း ရှိတတ်ပါတယ်။ ဒီလိုကြုံလာရင်လည်း ကိုယ်သင်ကြားဖူးတဲ့ အရာတွေဆိုပြီး ပေါ့လျော့တာ အလေးမမူတတ်တာမျိုး မပြုမူသင့်ပါဘူး။ အဲလိုမှမဟုတ်ရင် ကိုယ်သိထားတတ်ထားတာက အရှုံးဖြစ်နိုင်တယ်ဆိုတာကို ခုဖော်ပြမယ့် ပုံပြင်လေးက သတိပေးနေပါတယ်။
တစ်ခါက စောင်းဆရာကြီးတစ်ဦးဆီကို စောင်းအတီးသင်လိုတဲ့ တပည့်နှစ်ယောက်ရောက်လာပါသတဲ့။
ပထမတပည့်ကို စူးစမ်းမေးမြန်းကြည့်တော့ အရင်ကစောင်းပညာနဲ့ နီးစပ်မှုမရှိဘူးဆိုတာကို သိရပါတယ်။
နောက်တစ်ယောက်ကို မေးပြန်တော့ စောင်းပညာကို အတန်အသင့်သင်ဖူးတယ်လို့ ဖြေပါတယ်။
စောင်းဆရာကြီးက ပထမတပည့်ကို ငွေ တစ်ပိဿာတောင်းပြီး စောင်းသင်ဖူးတဲ့ တပည့်ကို ငွေနှစ်ပိဿာ တောင်းလိုက်ပါတယ်။ ဒီတော့ စောင်း
သင်ဖူးသူက စိတ်ဆိုးမာန်ဆိုးနဲ့ မသင်ဖူးသူကိုပိုတောင်းသင့်တယ် မဟုတ်လားလို့ မေးတဲ့အခါ စောင်းဆရာကြီးကပြန်ဖြေပါတယ်။
“မင်းစကားက ဟုတ်သလိုလိုပါပဲကွာ။ ဒါပေမဲ့ တတ်ပြီးသားဆိုတဲ့သူက နည်းလမ်းမှန်မှန်တတ်မြောက်ခဲ့ရင်တော်သေးတယ်။ ချွတ်ချော်မှားယွင်းနေတယ်ဆိုရင်တော့ ဒါကိုပြုပြင်ပေးရတာက လုံးဝမတတ်သူကို သင်ရတာထက် နှစ်ဆတိုး ပင်ပန်းလိမ့်မယ်။ ဒါကြောင့်နှစ်ဆတောင်းတယ်” လို့ဖြေလိုက်ပါသတဲ့။
တကယ်တော့ အတတ်ပညာကောင်းသင်မယ်ဆိုရင် တကယ်မှန်ကန်တဲ့ နည်းမှန်လမ်းမှန်သင်ကြားနိုင်တဲ့နေရာတွေကို ရွေးတတ်ဖို့လိုပါတယ်။ အဲလိုမဟုတ်ရင်တော့ ကိုယ့်အတွက် ရှုပ်ထွေးမှုတွေ ထွေပြားစရာတွေသာဖြစ်စေတဲ့အတွက် ဆိုးကျိုးသာများစေပါတယ်။ နောက်တစ်ခုရှိတာက ခုမှစသင်တဲ့သူတွေအနေနဲ့ကလည်း သူကတော့ ဒီပညာရပ်ကို ဘယ်နေရာမှာ ဘယ်မှာသင်ဖူးပြီးသားဆိုတော့ ငါယှဉ်လို့မရလောက်ပါဘူးလို့ အားငယ်စရာမရှိပါဘူး။ ကိုယ်သင်ရတဲ့အရာတစ်ခုကို နက်နက်နဲနဲရှင်းရှင်းလင်းလင်းသိတာက အားသာချက်တစ်ခုပါပဲနော်။

Jipsy Lay (www.jipsylay.blogspot.com/)
Credit; ;
ကိုးကား-ရိုးရာပုံပြင်စာပေစာတမ်းများ
ဂျူဂျူး(အခရာ)

Thursday, 2 March 2017

ရေခဲသေတ္တာထဲ မထည့်ထားသင့်သော့ အစားအစာ (၅)မျိုး

ဒီအစားအစာ (၅)မျိုးကို ရေခဲသေတ္တာထဲ မထည့်ထားပါနဲ့

(၁) အာလူး

အာလူးတွေက အလင်းသိပ်မကြိုက်ကြပါဘူး။ ခြောက်သွေ့ တဲ့နေရာနဲ့ သဘာဝအခန်း အပူချိန်ကိုသာ ကြိုက်ကြပါတယ်။ အကယ် ၍ အာလူးကို
ရေခဲသေတ္တာထဲ ထည့်လိုက်တဲ့အခါ၊ သူ့ ရဲ့ မူလအရသာများ ပျက်စီးသွားပါတော့တယ်။
ဒါ့ပြင် ချက်ပြုတ်တဲ့အခါ တော်တော်နဲ့ မနူးအိလာတော့ဘဲ၊ စားတဲ့အခါမှာ
မာဆတ်ဆတ်ဖြစ်သွားပါတယ်။ အာလူးအခွံပေါ်မှာ အစိမ်းရောင်သန်းနေရင်
(လုံးဝ)မ၀ယ်ပါနဲ့ ။ အဆိပ်ဖြစ်စေတတ်လို့ ပါ။ (ထို့ နည်းတူစွာပင် ပိန်းဥ၊
ကန်စွန်းဥတွေကိုလဲ ရေခဲသေတ္တာထဲ သိမ်းမထားသင့် ပါဘူး)

(၂) ကြက်သွန်နီ

ကြက်သွန်နီတွေကို ပုံမှန်အခန်းအပူချိန်ထဲမှာသာထားပေးရပါမယ်။
ကြက်သွန်နီတွေ ကြာကြာခံစေဖို့ အတွက် ဇာကွက်/ပိုက်ကွန် အိတ်တွေက
အကောင်းဆုံးပါဘဲ။ နောက်ထပ်အရေးကြီးဆုံးအချက်က ကြက်သွန်နီတွေ နဲ့ 
အာလူးတွေကို တူတူရောမထားသင့် ပါဘူး။ ကြက်သွန်ထဲမှာပါတဲ့
သဘာဝဟင်းခတ်အမွှေးအကြိုင်ရနံ့ တွေကို အာလူးက စုပ်ယူပစ်လို့ ပါ။ ဒါ့ပြင်
ကြက်သွန်နဲ့ အာလူး များအားလုံး တခဏတွင်းမှာပင် ပုပ်သွားစေပါတယ်။
(ကြက်သွန်နီတွေကို တနေ့ တာချက်ပြုတ်ဖို့ အတွက် လိုအပ်သလောက် သာ
အခွံနွှာပါ။ အကယ်၍ အခွံနွှာ ထက်ခြမ်းခြမ်းပြီးတော့မှ ပိုလျှံ၍ နောက်နေ့ မှ
သုံးတဲ့အခါ အစာအိမ်ကို အဆိပ်ပြုစေပြီး အော့အန် စေနိုင်ပါတယ်။ အဲဒီလို
ပြဿနာမဖြစ်ရလေအောင် အခွံနွှာပြီးသား ပိုလျှံနေတဲ့ကြက်သွန်နီတွေကို
အပူပေးဆီသတ်၍ အအေးခံပြီး နောက် ဗူးထဲမှာရေလုံအောင်ဖုံးပြီးမှသာ
ရေခဲသေတ္တာထဲ ထဲ့သိမ်းပေးပါ။ ဗူးလေလုံဖို့ အရေးကြီပါတယ်။ လေမလုံပါက ရေခဲ
သေတ္တာ တခုလုံးအနံ့ ဆိုးထွက်ပြီး၊ အထဲရှိ တခြားပစ္စည်းများအားလုံးကို အနံ
့ကူးကာ လတ်ဆတ်မှုမရှိစေတော့ပါဘူး)

(၃) ကြက်သွန်ဖြူ

ကြက်သွန်အဖြူတွေကိုလည်း ကြက်သွန်နီတွေလိုဘဲ၊ ဇာကွက်/ပိုက်ကွန်
အိတ်တွေထဲထဲ့ပြီး အခန်းအပူချိန်မှာသာ သိမ်းထား သင့်ပါတယ်။
(၄) ခရမ်းချဉ်သီး
အိမ်ရှင်မတိုင်းလိုလို က ခရမ်းချဉ်သီးတွေကို ရေခဲသေတ္တာထဲသိမ်းထားမှ
ကြာကြာခံတယ်လို့ ထင်မှတ်မှားနေကြပါတယ်။ အဲဒီလို သိမ်းထားခြင်းက
ခရမ်းချဉ်သီးရဲ့ အနံ့ အရသာတွေ (အားလုံး)ပျက်ယွင်းသွားစေလို
့အင်မတန်မှားယွင်းတဲ့ အပြုအမူဖြစ်ပါတယ်။ အကောင်းဆုံးကတော့
ခရမ်းချဉ်သီးတွေကို ပလပ်စတစ်အိတ်ထဲလေလုံအောင်ထဲ့၍
ပုံမှန်အခန်းအပူချိန်မှာသာ သိမ်းထားရပါ မယ်။ (အကယ်၍ ခရမ်းချဉ်သီးတွေကို
မြန်မြန်မှည့်စေချင်ရင်၊ စက္ကူအိတ်မှာ သိမ်းပေးပါ)

(၅) ဌက်ပျောသီး

ရခိုင်၊ ဖီကြမ်း၊ သီးမွှေး၊ ရွှေဌက်ပျော စတဲ့ ဌက်ပျောသီး
ဘယ်အမျိုးအစားတွေကိုမဆို ရေခဲသေတ္တာထဲ (လုံးဝ)သိမ်းမထားသင့်ပါ ဘူး။
အဲဒီလို သိမ်းထားလိုက်တဲ့အခါ၊ မကြာမီအတွင်းမှာပင်
ဌက်ပျောသီးကိုအအေးရိုက်၍ ဌက်ပျောခွံတွေမည်းတက်လာပြီး၊ အနံ့ အရသာ၊
ကျမ္မာရေးဂုဏ်သတ္တိတွေ အားလုံးဓာတ်ပြယ်သွားစေပါတယ်။ ဌက်ပျောသီးရဲ
့သဘောတရားက မကြာခဏထိကိုင် မိတဲ့အခါ အပူလောင်ပြီး ပျော့လာတတ်တာမို့ ၊
ဌက်ပျော်သီးအခိုင်တွဲကို အလယ်ကနေ ကြိုးခွချည်ပြီး တိုင်မှာချိတ်ထားပေးပါ။
ဌက်ပျောသီးရဲ့ အညှာကို ပလပ်စတစ်အစနဲ့  တုပ်ချည်ပေးခြင်းက နောက်ထပ်
၎-ရက်(သို့ မဟုတ်)၅-ရက်လောက် အထားခံပါ တယ်။ (ဌက်ပျောခွံပေါ်မှာ
အမည်းအစက်အပြောက်ပါတဲ့ အသီးတွေက အပင်ပေါ်မှာ ကြာကြာရင့်မှည့်လာတာမို့ 
အရသာပို ကောင်းပြီး ဆေးစွမ်းပိုထက်ပါတယ်)

Jipsy Lay
Credit:
(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)
(ကိုးကား….Daily Health Tips)

လူတိုင်း ရောဂါမဆိုးခင်အမြန်ကုသင့်တဲ့ ရောဂါ (၅) ခု

လူတိုင်း ရောဂါမဆိုးခင်အမြန်ကုသင့်တဲ့ ရောဂါ (၅) ခု
.
.
ရောဂါနာမည် (၁) ---- “ခဏ”
.
ခဏ မနက်ဖြန်မှလုပ်မယ်
ခဏ မနက်ဖြန်မှစကြိုးစားမယ်
ခဏ လေးထားလိုက်အုံးနောက်မှလုပ်မယ်
နောက်ဆုံးကျတော့ ဘယ်တော့မှ ပြောသလိုမျိုးမလုပ်တဲ့ရောဂါ
ကုနည်း ---- ခဏ ဆိုတဲ့ စကားကို အခု ဆိုပြီးပြောင်းလိုက်ပါ
ဘဝကောင်းချင်တယ်ဟုတ် ၊ ရတယ် ခုချက်ချင်းပြောင်းပါ
.
ရောဂါနာမည်(၂) ---- “အကြောင်းပြချက်”
.
ငါအဆက်အသွယ်မကောင်းလို့
ငါဒီလိုပဲမွေးလာတာပဲ၊ ငါ့ရဲ့ကံပဲပေါ့
သူပိုတော်လို့ပိုချမ်းသာတာပေါ့
ဒီနေ့ဈေးရောင်းမကောင်းတာ မိုးရွာလို့
စသဖြင့်
ကုနည်း ---- Bill Gates ပြောခဲ့တဲ့စကားကိုမှတ်ထားပါ
ခင်ဗျားမွေးလာကတည်းက ဆင်းရဲရင် အဲ့ဒါခင်ဗျားအပြစ်မဟုတ်ဘူး
ဒါပေမဲ့ ခင်ဗျား ဆင်းဆင်းရဲရဲ နဲ့သေရရင်တော့ အဲ့ဒါခင်ဗျာအပြစ်ပဲပြောရလိမ့်မယ်တဲ့
ကိုယ့်ရဲ့ဘဝကို ကိုယ်တိုင်တာဝန်ယူပါ
ကိုယ်မအောင်မြင်အောင် အကြောင်းပြချက်တွေပဲ လိုက်ရှာမနေနဲ့ဗျ
ကိုယ်အတတ်နိုင်ဆုံး ကြိုးစားပါ
.
.
ရောဂါနာမည် (၃) ---- “စောင့်မယ်”
.
အဆင်သင့်ဖြစ်တဲ့ထိစောင့်ပြီးမှ
ပိုက်ဆံရှိတဲ့အထိ စောင့်ပြီးမှ
ဟိုအရာရှိမှ ဒီဟာရှိတဲ့အထိစောင့်ပြီးမှ
သေချာကြိုးစားမယ်ဗျတဲ့
နောက်ဆုံးကျတော့ ဘယ်တော့မှအဆင်သင့်မဖြစ်ခဲ့ဘူး
အဲ့တော့ စောင့်ရင်းစောင့်ရင်းနဲ့ ဘဝကအရင်နေရာပဲ ကွက်ကွက်တောင်မရွေ့ဘူး
ကုနည်း ---- လွယ်လွယ်လေး ခုထလုပ်တော့
.
.
ရောဂါနာမည် (၄) ---- တွန့်ဆုတ် တွန့်ဆုတ်
.
လူအများကပြောတယ်
အောင်မြင်တဲ့လူအများစုက ဆုံးဖြတ်ချက်ချတာမြန်တယ် ၊ စိတ်ပြောင်းလဲဖို့ခက်တယ်
( သူတို့သေချာတဲ့ Information မရမချင်းပေါ့ )
အောင်မြင်တဲ့လူအနဲစုက ဆုံးဖြတ်ချက်ချဖို့ နှေးတယ် ၊ စိတ်ပြောင်းလဲလွယ်တယ်
ကျွန်တော်လဲ ဟုတ်တယ်လို့ ထင်တယ်
.
ဒီနေ့ဒီအရာကိုရွေးလိုက်တယ် ၊ မနက်ဖြန် နောက်အရာတစ်ခုကိုပြောင်းတယ်
ဒီနေ့ဒီအရာလုပ်ဖို့ဆုံးဖြတ်လိုက်တယ် ၊ မနက်ဖြန်ကျတော့ နောက်တစ်ခုလုပ်ဖို့ စိတ်ပြောင်းတယ်
ဒီနေ့အားကစားသမားဖြစ်ချင်တယ် မနက်ဖြန်ကျတော့ စီးပွားရေးသမားဖြစ်ချင်ပြန်ရော ၊နောက်ရက်ကျတော့
ဘာမှမလုပ်တော့ဘူး သာသနာ့ပေါင်ထဲဝင်မယ်ပေါ့
အဲ့လိုမျိုးပဲ ဘာမှမသေသေချာချာမရှိဘူး ဒါကြောင့် ဒီလိုမျိုးသူတွေက ဘယ်အရာအပေါ်ကိုမှ Focus လုပ်လို့မရဘူးပေါ့
.
ကျွန်တော်တို့ ရည်မှန်းချက် ပြောင်းလို့မရဘူးလို့ဆိုလိုတာမဟုတ်ဘူးနော်
ရည်မှန်းချက်ပန်းတိုင်ကပြောင်းလို့ရပါတယ် ။
အကယ်လို့များ ခင်ဗျားပန်းတိုင်ကို ကြိုးစားရင်းနဲ့ ခင်ဗျားလမ်းတစ်ဝက်မှာ ခင်ဗျားပန်းတိုင်ထင်ကောင်းတဲ့အရာကို တွေ့ခဲ့ရင်ပေါ့
ဒီနေ့တစ်မျိုးနောက်နေ့တစ်မျိုး တွန့်ဆုတ်တွန့်ဆုတ် တော့မလုပ်နဲ့ဗျ
ကုနည်း ---- ခင်ဗျားဘာလိုချင်လဲဆိုတာ ကောင်းကောင်းစဉ်းစားပါ ။ပြီးတော့ ပြတ်ပြတ်သားသားဆုံးဖြတ်ပါ။
.
.
ရောဂါနာမည် (၅) ---- လွယ်လွယ်နဲ့ အရှုံးပေးတတ်
နဲနဲအခက်အခဲတွေ့တာနဲ့ အရှုံးပေးမယ်
နဲနဲပြဿနာတွေ့တာနဲ့ နောက်ဆုတ်မယ်ဆိုတာပဲ
.
စာရေးသမား ဖြစ်ချင်တယ်
တစ်ပတ်လောက်ရေးပြီးစာတင်လိုက်တယ်
ဖတ်တဲ့လူမရှိတော့ စာမရေးတော့ဘူးဆိုပြီး အရှုံးပေးမယ်
.
ရင်းနှီးစီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်တယ်တဲ့
စာအုပ်တစ်အုပ်ဖတ်ပြီး စလုပ်တော့ ပြဿနာနဲနဲတွေ့တော့ မလုပ်တော့ဘူးတဲ့
.
ချမ်းသာချင်တယ်တဲ့ ကိုယ်ပိုင်စီးပွားရေးရှိချင်တယ်တဲ့
လက်တွေ့ချလုပ် တော့ ကိုယ်ထင်သလောက်မလွက်တဲ့ချိန်ကျတော့ အရှုံးပေးချင်လာရော
.
ပန်းတိုင်ကိုကြည့်လိုက်အကြီးကြီးပဲ ဒါပေမဲ့ သူတို့ရဲ့စိတ်ကသူ့ပန်းတိုင်လောက် မကြီးနိုင်ဘူး
ကုနည်း ---- ကိုယ့်ရဲ့ Persistence (မဆုတ်မနစ်ကြိုးစားမှု) ကိုလက်စွဲထားပါ
အကယ်လို့ ခင်ဗျားဆုံးဖြတ်ထားတဲ့အရာက မှန်တယ်လို့ ယုံကြည်တယ်ဆိုရင်
နောက်မဆုတ်ပါနဲ့၊ အကယ်လို့ အလုပ်မဖြစ်ပြန်ရင် နည်းလမ်းပြောင်းပါ
မအောင်မြင်မချင်းကြိုးစားပါ နောက်မဆုတ်ပါနဲ့
.
.
.
.ဒါက လူအများဖြစ်တတ်တဲ့ရောဂါ (၅) ခုပါ
ကုနည်းကောထည့်ပေးထားတယ်
.
ကိုယ်နဲ့တိုက်ဆိုင်တဲ့အချက်ကို ကြိုက်သလိုရွေးပြီးတော့ သုံးလို့ရပါတယ်
အကျိုးရှိရင် ကျေးဇူးပြုပြီး Share ပေးပါဗျ
ဒီရောဂါဖြစ်ပြီး ကိုယ်တိုင်မသိတဲ့ သူတွေအတွက်ပါ
ကောင်းသောနေ့လေးဖြစ်ပါစေဗျာ

ဲJipsy Lay
Credit:
 

လော့ကျင့်ခန်းမလုပ်ချင်၊ အစားမလျှော့ချင်သော သူများအတွက် အလွယ်ကူဆုံး ဗိုက်ချက်အဆီချနည်း

ဒီနည်းလမ်းလေးက ယုမွန် ကိုယ်တိုင်လုပ်ခဲ့တဲ့နည်းလမ်းလေးထဲကတစ်ခုပါ။ဟိုးအရင်က ပေါင်ချိန် ၁၄၅ပေါင်ရှိခဲ့ဖူး...တယ် အရပ်က ၅ပေ၇ဆိုပေမဲ့ အဲ့ပေါင်ချိန်နဲ့က ဝတဲ့ဘက်မှာ ရောက်နေတာပေါ့။ပိုဆိုးတာက ဗိုက်ပူတာပါ။ဝိတ်ချလိုက်တာ ပေါင်၁၀၀ဘဲရှိတော့တဲ့အထိပါ။ခုတော့ ၁၂၂ပေါင်ပါ ဒါပေမဲ့ဘယ်လောက်ဝလာဝလာ ဗိုက်မပူလာတော့ဘူး။တကယ်ထိရောက်တဲ့နည်းလေးပါ။အစားရှောင်စရာမလိုပါဘူး။သေချာပုံမှန်လေးလုပ်သွားရင် ဗိုက်ချပ်ပြီး ခါးသေးစေပါတယ်။Gymဆော့ဖို့လည်း အချိန်မပေးနိုင်တဲ့သူတွေ အစားလည်းမရှောင်နိုင်တဲ့သူတွေ အဆီကျဆေးတွေ မသောက်ချင်တဲ့သူတွေအတွက် လုပ်သင့်တဲ့နည်းလမ်းကောင်းတစ်ခုပါ။ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့နည်းပါ။

*****
မနက်အိပ်ရာထထချင်းမှာ ရေတစ်ဖန်ခွက် သောက်ပေးပါရေသန့်ဗူးကြီး 1Literရဲ့တစ်ဝက်-0.5liter)(ဒါမှမဟုတ်)သောက်နိုင်တဲ့သူက ၂ဖန်ခွက်သောက်ပေးပါ ပြီးမှ မျက်နှာသစ် အပေါ့ပါးသွားပါ။မနက်စာကို ရေသောက်ပြီး ၁နာရီကြာမှ စားပါ။မနက်စာစားပြီးပြီးချင်း ရေထပ်မသောက်ရ။နောက် ၁နာရီကြာမှ ရေပြန်သောက်ရမည်။

****
နေ့လည်စာ ထမင်းမစားခင် နာရီဝက်အလို ရေ၁ခွက်သောက်ရမယ်။ပြီးမှ ထမင်းစား ထမင်းစားရင်လည်း ဖြေးဖြေးနဲ့ကြေညက်အောင်ဝါးစားသင့်ပါတယ်။စားနေစဉ်အတွင်း ရေခဲရေ/ကော်ဖီ သောက်ခြင်းကိုလည်းရှောင်ပါ။ပိုပြီး အဆီတွေစုစေပါတယ်။ထမင်းစားပြီး ၁နာရီကြာမှ ရေပြန်သောက်ရမည်။

***
ညစာ မစားခင်နာရီဝက်အလို ရေသောက်ရမယ်။ပြီးမှ ထမင်းစား။ထမင်စားချိန်နဲ့ အိပ်ချိန်ကို အနည်းဆုံး၂နာရီခွာရမယ်။အိပ်ရင်လည်း ရေတစ်ခွက်သောက်ပြီးမှ အိပ်ရမယ်....

****
ထိုင်တဲ့အခါမှာ အမြဲခါးကို မတ်မတ်ထိုင်ပါ။ခွေခေါက်ထိုင်ချင်းက အဆီပိုတွေစုစေပါတယ်။ခါး မတ်မတ်ထိုင်ပါ။ခါးမတ်ထိုင်ချင်းဖြင့် ခန္ဓာကိုယ်ပုံစံပါ smart ကျစေပြီး သွားလာနေထိုင်မှု့ပုံစံမှာ ကျန်မာရေးနှင့်ညီညွတ်ပြီး ပို၍ကြည့်ကောင်းလာစေပါသည်။

(PS....ထမင်းစားပြီးပြီးချင်းရေမသောက်ဖို့ပါ။ထမင်းစားပြီးချင်း ပိန်ချင်ဇောနဲ့လမ်းလျှောက်တာဟာလည်း သိပ်ကိုမှားယွင်းတဲ့အပြုမူပါ။အစာချေဖျက်အားကို ကမောက်ကမဖြစ်စေပါတယ်။လဲလှောင်းချင်းလည်း မပြုရပါ။အနည်းဆုံး ထမင်းစားပြီး ၂နာရီကြာမှ အိပ်စက်အနားယူသင့်ပါတယ်)

နည်းလမ်းလေးတွေက သိပ်ကိုရိုးရှင်းပါတယ်။အဓိကက ရေသောက်နည်းနဲ့ ဗိုက်ချပ်စေတာပါ။အစားမစားခင် နာရီဝက်အလို ရေသောက်ပေးရင် အစာကြေလွယ်စေပါတယ်။တခြား အချိန်တွေမှာလည်း ရေကို ပုံမှန် သောက်လို့ရပါတယ်။အဓိကက မစားခင်နဲ့ စားပြီးအချိန်လေးပါ။ရေကိုလည်း ရိုးရိုးရေဘဲ သောက်သုံးသင့်ပါတယ်။အစပိုင်းမှာ လုပ်ရတာသတိထားနေရတော့ ခက်ခဲတယ်ထင်ရပေမဲ့ နောက်ပိုင်းပုံမှန်လေးလုပ်သွားပေးရင် အဆင်ပြေမှာပါ။

အမေရိကန်ကျန်းမာရေးသုတေသီတွေကအစ ထမင်းစားပြီး ရေသောက်တာဟာ ကျန်းမာရေးနဲ့ မညီညွတ်ကြောင်းပြောထားပါတယ်။ရေကိုလည်း နဲနဲ နဲ့ခဏခဏ သောက်ပေးဖို့လိုပါတယ်။ရေသောက်ပေးချင်းအားဖြင့် ခန္ဓာကိုယ်ထဲမှာ မလိုလားအပ်တဲ့ အရည်တွေနဲ့ အဆိပ်တောက်တွေကို ဆီး၊ဝမ်း၊ချွေး၊သလိပ် အဖြစ်စွန့်ထုတ်ပေးပါတယ်။ အဆီပိုတွေကျစေပါတယ်။ရေသောက်ခြင်းအကျိုးကျေးဇူးတွေကတော့ အများကြီးပါ။အသေးစိတ်တော့ရေးမပြတော့ဘူးနော်။ဒီနည်းလမ်းလေးက အဓိက ဗိုက်ချပ်စေတာပါ။လူတစ်ယောက်က အရမ်းဝနေရင်တောင် ဗိုက်ကလေးချပ်နေရင်ကိုအဝတ်စားဝတ်ရတာလည်း အဆင်ပြေ ကြည့်ရတာလည်း အရမ်းsmartဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်

**ယုမွန်ရေးထားတဲ့ထဲမှာ ရေကိုအမြဲသောက်ပါလို့ မပြောထားပါဘူး၊သေချာ သောက်ရမဲ့အချိန်လေးမှာ စနစ်တကျသောက်ပေးဖို့ဘဲ ရေးထားတာပါ။ ကျန်တဲ့အချိန် တွေမှာရေဆာရင်ဆာသလိုသောက်ပေးလို့ရပါတယ်ရှင်..

Jipsy Lay
Credit: YUMon